ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

တရုတ်-မြန်မာနယ်စပ် ငွေလဲဈေးကွက် ကျပ်ငွေတန်ဖိုး ထိုးတက်
ပို့ကုန်သမားများ ထိခိုက်

ခိုင်လင်း / ၉ နိုဝင်ဘာ ၂၀၀၉

line

 

တရုတ်-မြန်မာနယ်စပ် ငွေလဲဈေးကွက်တွင် မြန်မာကျပ်ငွေတန်ဖိုး ယခုရက်ပိုင်းအတွင်း တက်နေသဖြင့် ယခင်သီတင်းပတ်၌ မြန်မာငွေ ကျပ် (၁) ထောင်လျှင် တရုတ်ငွေ (၆.၃၅) ယွမ် ဈေးပေါက်နေရာမှ ယနေ့ (၆.၆၅ ) ယွမ်အထိ မြန်မာကျပ်ငွေတန်ဖိုး တက်လာသည်။

ယခုကဲ့သို့ ပွင့်လင်းရာသီ၌ မြန်မာပြည်အတွင်း သစ်လုပ်ငန်း၊ ရွှေလုပ်ငန်း၊ ကျောက်လုပ်ငန်း စသည့်လုပ်ငန်းတို့တွင် လုပ်ကိုင်ရန်အတွက် တရုတ်လုပ်ငန်းရှင်များက ကျပ်ငွေ ဝယ်လိုအားရှိ၍ မြန်မာကျပ်ငွေ ဈေးတက်လေ့ရှိသော်လည်း ယခုကဲ့သို့ တပတ်အတွင်း ထိုးတက်မှုမျိုးမှာမူ ရှားပါးကြောင်း နယ်စပ်ကုန်သည်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တရုတ်နှစ်သစ်ကူးမတိုင်မီ၊ တလပိုင်းတုန်းက မြန်မာငွေတန်ဖိုး ရုတ်တရက် တက်တာရှိတယ်။ အခုလို အချိန်မျိုးမှာ မြန်မာငွေတန်ဖိုး နည်းနည်းလေးပြန်တက်တယ်၊ နှစ်တိုင်းလိုပဲ။ မြန်မာပြည်ထဲ စီးပွားရေး သွားလုပ်မယ့် တရုတ်တွေက မြန်မာငွေ အတွင်းထဲ လွှဲရာကနေဖြစ်တာ။ အခုလို မြန်မာငွေ တရက်၊ နှစ်ရက်ထဲမှာ သိသိသာသာ တက်တာမျိုးကျတော့ ရှားတယ်” ဟု ပြောသည်။

မြန်မာငွေတန်ဖိုး တက်သဖြင့် မြန်မာပြည်ဘက်မှ ကျောက်စိမ်းအပါအဝင် ပို့ကုန်ပစ္စည်းများအတွက် ဈေးမြှင့်တင်ရောင်းချရ မည်ဖြစ်၍ အရောင်းအဝယ်လုပ်ငန်းများ ထိခိုက်ကြောင်း ကျောက်ပွဲရုံလုပ်ငန်းရှင်က ပြောသည်။

၎င်းက “နဂိုကတည်းက ကျောက်ဈေးကွက်က ခပ်အေးအေး၊ ဈေးကမရ၊ ရွာလည်နေချိန်မှာ အခုလို မြန်မာငွေ ထပ်တက်တော့ ပိုဆိုးသွားတာပေါ့။ ဥပမာ မန္တလေးမှာဝယ်လာတဲ့ ကျောက်တလုံးက ဒီရောက်ရင် အားလုံး အရင်း မြန်မာငွေ (၁) သိန်း ကျတယ်ထား။ တရုတ်ငွေနဲ့ဆို (၆၃ဝ) ပေါ့။ အခုက ဘာမှမလုပ်လိုက်ရဘဲ အရင်းက (၆၆၅) ယွမ် ဖြစ်သွားပြီ။ ဒီတော့ ဈေးတင်ရောင်းရမယ်ဆိုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒီကတရုတ်တွေက မြန်မာငွေတန်ဖိုးကျတဲ့ခါသာ ကျောက်ကို အောက်ဈေးနဲ့ ဝယ်ချင်တာ။ အခုဆို သူတို့ တရုတ်ငွေတန်ဖိုးကျတယ်လို့ ပြောရမှာပေါ့၊ အဲလိုဆိုရင် ဈေးမြင့်ပြီး မပေးချင်ဘူး။ အရင်က ထွက်ထားတဲ့ဈေးတွေပဲ လိုက်ပေးချင်တာ” ဟု ပြောသည်။

ယခုအခါ မြန်မာငွေတန်ဖိုး တက်နေသဖြင့် တရုတ်ကုန်ပစ္စည်းများ တင်သွင်းသည့်လုပ်ငန်းတွင် အမြတ်အစွန်း ရနိုင် သော်လည်း လမ်းခရီးတွင် အဖမ်းအဆီးများနေပြီး ငွေပေးကမ်းနေရသည့်အတွက် တွက်ခြေသိပ်မကိုက်ကြောင်း မူဆယ်မြို့တဘက်ကမ်း တရုတ်ပြည်၊ ကျယ်ဂေါင်မြို့တွင် ဆိုင်ကယ်များဝယ်ပြီး မြန်မာပြည်တွင်းသို့ ရောင်းချနေသည့် ဆိုင်ကယ်ကယ်ရီသမားများက ပြောသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook