ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

မြန်မာအပါအ၀င် အာဆီယံခေါင်းဆောင်များနှင့် သမ္မတအိုဘားမား တွေ့မည်
မင်းနိုင်သူ / ၉ နိုဝင်ဘာ ၂၀၀၉

line

 

အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ၏ နှစ်ပတ်လည်ညီလာခံသို့ တက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမားအနေဖြင့် မြန်မာအစိုးရအပါအ၀င် အာဆီယံနိုင်ငံတို့မှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း အာဆီယံရေးရာ အမေရိကန်သံအမတ်ကြီး မစ္စတာစကော့မာရှယ်က သတင်းမီဒီယာများသို့ ပြောသည်။

အာဆီယံရေးရာ အမေရိကန်သံအမတ်ကြီး မစ္စတာစကော့မာရှယ်သည် သမ္မတအိုဘားမားနှင့် အာဆီယံခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲအတွက် ဖိလစ်ပိုင်နိုင်ငံတွင် အာဆီယံသံတမန်များနှင့် အကြိုညှိနှိုင်းမှုများ ပြုလုပ်နေပြီဖြစ်သည်။

စင်ကာပူနိုင်ငံ၌ နိုဝင်ဘာ (၁၅) ရက်တွင် ကျင်းပမည့် APEC ညီလာခံသို့ မြန်မာအစိုးရဘက်မှ ဗိုလ်ချုပ်ကြီးသိန်းစိန် တက်ရောက်မည်ဟု မြန်မာထိပ်တန်းသံတမန်တဦးဖြစ်သူ ဦးမင်းလွင်က ထုတ်ဖော်ပြောဆိုကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် အဆိုပါတွေ့ဆုံမှုမှာ ၁၉၆၆ ခုနှစ်တွင် အမေရိကန်သမ္မတ မစ္စတာဂျွမ်ဆင်နှင့် ဗိုလ်ချုပ်ကြီးနေ၀င်းတို့ ၀ါရှင်တန်၌ တွေ့ဆုံမှုအပြီး အမေရိကန်သမ္မတ တဦးနှင့် မြန်မာစစ်အစိုးရခေါင်းဆောင်တဦးတို့ ပထမဆုံးတွေ့ဆုံမှုဖြစ်လာမည်ဖြစ်သည်။

မြန်မာစစ်အစိုးရအပါအ၀င် အာဆီယံခေါင်းဆောင်များနှင့် မစ္စတာအိုဘားမားတွေ့ဆုံမည်ဆိုသော်လည်း မြန်မာစစ်အစိုးရခေါင်းဆောင်တဦးနှင့် သီးခြားတွေ့ဆုံမှု ရှိမရှိကိုမူ အမေရိကန်ဘက်မှ ထုတ်ဖော်ပြောဆိုမှု မရှိသေးပေ။

“သံတမန်ရှုထောင့်ကကြည့်မယ်ဆိုရင် သမ္မတအိုဘားမားအနေနဲ့ အခြားအာဆီယံခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံမှုတွေ ရှိခဲ့ရင် ဗိုလ်ချုပ်ကြီးသိန်းစိန်ကိုလည်း သီးခြားတွေ့ဖြစ်မယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ဘက်က တိုက်ရိုက်ထိတွေ့ဆက်ဆံမှု လမ်းစဉ်ချထားတာကိုး။ တခြားသူတွေနဲ့သီးခြား မတွေ့ဘူးဆိုရင်တော့ မြန်မာအစိုးရကိုလည်း သီးခြားတွေ့စရာလမ်းမမြင်ဘူး” ဟု ၀ါရင့်အငြိမ်းစားသံအမတ်ကြီး သခင်ချန်ထွန်းက သုံးသပ်သည်။

အမေရိကန်သမ္မတအနေဖြင့် မြန်မာစစ်ခေါင်းဆောင်ကို သီးခြားတွေ့ဖြစ်ပါက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ဒီမိုကရေစီနည်းလမ်းကျသော ရွေးကောက်ပွဲပြုလုပ်ရေး စသည့် အမေရိကန်၏ ယခင်တိုက်တွန်းချက်များအတိုင်း တိုက်တွန်းလိမ့်မည်ဟုယူဆကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အေပက်အစည်းအဝေးသို့ တက်ရောက်မည့် မြန်မာစစ်ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ချုပ်ကြီးသိန်းစိန်သည် ယခုအခါ ဂျပန်နိုင်ငံတွင်ကျင်းပနေသည့် မဲခေါင်နိုင်ငံများ အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည်။

မဲခေါင်နိုင်ငံများအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ယူကီအို ဟာတိုယာမက ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် သီးသန့်ဆွေးနွေးမှုများပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တိုက်တွန်းခဲ့ပြီး အပြုသဘောဆောင်သော ခြေလှမ်းများကို တွေ့မြင်ရပါက ဂျပန်နိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ပံ့မှုများ ပိုမိုတိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

“မြန်မာဝန်ကြီးချုပ်က မဲခေါင်အစည်းအဝေးအပြီး အေပက်အစည်းအဝေးတက်မှာပဲ။ အရင်က သံတမန်အသိုင်းအ၀ိုင်းမှာ ကျနော်ကြားဖူးတာက အမေရိကန် တုတ်ဆို ဂျပန်မုန့်။ ဂျပန်တုတ်ဆို အမေရိကန်က မုန့်။ အခုတော့ နှစ်ဘက်စလုံးက မုန့်ကမ်းနေရတယ်” ဟု ရန်ကုန်ရှိ ဂျပန်သံရုံးဝန်ထမ်းတဦးက ပြောသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo