ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

နယ်ခြားစောင့်တပ် အင်အားမဖြည့်တင်းနိုင်မှု
ကရင်အဖွဲ့အတွင်း အခြေအနေတင်းမာ

ဝီရ / ၁၀ နိုဝင်ဘာ ၂၀၀၉

line

 

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် သဘောတူညီထားပြီးဖြစ်သည့် ဟောင်သရောအဖွဲ့ ခေါ် ကေပီအက်ဖ် (KPF) ငြိမ်းချမ်းရေးတပ်ဖွဲ့အတွင်း လိုအပ်အင်အားပြည့်မီရန် ဆောင်ရွက်နိုင်ခြင်း မရှိသည့် ၎င်းတို့၏ တပ်ရင်းမှူးတဦးအား အနားပေးရန် ညွှန်ကြား၍ ယမန်နေ့က အချင်းချင်းကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြကြောင်း သိရသည်။

ဘုရားသုံးဆူ နယ်စပ်မြို့ အခြေစိုက် ကေပီအက်ဖ် အမှတ် (၃) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး မန်းလေးဝါးက ၎င်းအား ရာထူးမှဖယ်ရှားရန် ညွှန်ကြားစာကို လက်မခံခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကေပီအက်ဖ် အရာရှိတဦးက ပြောသည်။

“မန်းလေးဝါးရဲ့ နေရာမှာ စောဝါးချယ့်ကို အစားထိုးဖို့ ဘုရားသုံးဆူကို မနေ့က ရောက်လာတော့ မန်းလေးဝါးက လက်မခံဘူး။ အဲဒီမှာ အချင်းချင်း သေနတ်နဲ့ချိန်ကြတဲ့အထိ ဖြစ်သွားတယ်။ အဲဒီနောက် ဘုရားသုံးဆူက ခမရ (၂၈၃) နအဖ တပ်ရင်းမှူး မြတ်ထွန်းအေးက မန်းလေးဝါးနဲ့ ဒု-တပ်ရင်းမှူး လေးဝင်းတို့ကို ခဏလောက် ခေါ်ပြောပြီး ပြန်လွှတ်လိုက်တယ်။ အခြေအနေ ကတော့ မပြီးပြတ်သေးဘူး။ အဲဒီညွှန်ကြားစာမှာ မန်းလေးဝါးအတွက် ဘာတာဝန်ဆက်ပေးမလဲဆိုတာလည်း မပါတော့ အနားပေးသလို ဖြစ်နေတယ်။ အခု အထက်ကို ပြန်တင်ပြထားတယ်” ဟု ကေပီအက်ဖ် အရာရှိက ခေတ်ပြိုင်သို့ ပြောသည်။

နအဖ တပ်ရင်းမှူးက မည်သည့်အကြောင်းကြောင့် ခေါ်ယူတွေ့ဆုံခဲ့သည်ကို မသိရသော်လည်း ယင်းကရင်အဖွဲ့အတွင်း စိုးရိမ်ရသည့် အခြေအနေအထိ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

တပ်ရင်းမှူး နေရာလွှဲပြောင်းရန် ဘုရားသုံးဆူမြို့သို့ ရောက်ရှိလာသည့် စောဝါးချယ့်သည် သံဖြူဇရပ်မြို့အနီး ကေပီအက်ဖ် အမှတ် (၂) တပ်ရင်း (ရဲတံခွန်) ၏ တပ်ရင်းမှူးဖြစ်ပြီး ကေပီအက်ဖ်တပ်ဖွဲ့၏ ဗဟိုကော်မတီဝင်တဦးလည်း ဖြစ်သည်။

မြန်မာစစ်အစိုးရက သတ်မှတ်ထားသည့် နယ်ခြားစောင့်တပ်ရင်းတရင်းအတွက် လိုအပ်အင်အား (၃၀၀) ခန့်ကို စုဆောင်းနိုင်ခြင်း မရှိသောကြောင့် ယခင်က သဘောတူညီချက်အရ သတ်မှတ်ထားသည့် တပ်ရင်း (၃) ရင်းအစား အမှတ် (၂) နှင့် (၃) တည်ရှိရာ ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူဒေသတို့တွင် တပ်ရင်းတရင်းစာသာ ထားရှိရန် ဒုတိယ ဗိုလ်မှူးကြီး မန်းလေးဝါးအား အသိပေးခြင်းမရှိဘဲ အထက်က ဆုံးဖြတ်လိုက်သည့်အတွက် ၎င်းက ကျေနပ်ခြင်းမရှိကြောင်း သိရသည်။

“လွန်ခဲ့တဲ့ ဇူလိုင်လတုန်းက လေးဝါးကို ကေအန်ယူ ဖမ်းသွားဖူးတာလည်း ရှိနေတယ်။ အဲဒီနောက်ပိုင်းမှာ နအဖဘက်က သူတို့ဌာနချုပ်ကို ဖိအားပေးတာလည်း ရှိတာလေ။ ဒါကြောင့် သူ့ကို ဘာမှအသိမပေးဘဲနဲ့ ဒီလိုလုပ်တာ။ ဒါပေမယ့် သူက ရာထူးဖယ်ပေးရတာတို့ကိုတော့ လက်ခံမှာ မဟုတ်ဘူး။ သူလည်း ဗဟိုကော်မတီဝင်ပဲလေ” ဟု မန်းလေးဝါးနှင့် နီးစပ်သည့် စီးပွားရေးသမားတဦးက ပြောသည်။

စောသမူဟဲ ဦးဆောင်သည့် ကေပီအက်ဖ်တပ်ဖွဲ့သည် ၁၉၉၇ ခုနှစ်တွင် ကေအန်ယူ တပ်မဟာ (၆) မှ ခွဲထွက်ကာ ထိုနှစ်တွင်ပင် မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့သည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo