ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အစစ်ဆေးခံကုန်ကားများ ထပ်မံစစ်ဆေး ဖမ်းဆီးခံနေရ
ခိုင်လင်း / ၁၀ နိုဝင်ဘာ ၂၀၀၉

line

 

တရုတ်-မြန်မာနယ်စပ် မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် စစ်ဆေးမှုခံယူပြီး ထွက်လာသည့် ကုန်ကားများကို ရှမ်းပြည်မြောက်ပိုင်း၊ သိန်းန္နီမြို့အနီး ရေပူ စုပေါင်းဂိတ်က ထပ်မံစစ်ဆေးကာ ခွင့်ပြုပြီးကုန်များကိုပါ ဖမ်းဆီးမှုများ ရှိနေသည်။

(၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်တွင် လုပ်ဆောင်ခဲ့သည့် လိုင်စင်ပါ ကုန်ပစ္စည်းအမျိုးအစားနှင့် ကားပေါ်ပါ ကုန်ပစ္စည်း တိုက်ဆိုင်စစ်ဆေးမှုများကို ရေပူဂိတ်တွင် ထပ်မံစစ်ဆေးနေသဖြင့် ယခင် ကုန်ကားတစီးကို (၁) နာရီဝန်းကျင်သာ စစ်ဆေးနေရာမှ ယခု နာရီအတော်ကြာ စစ်ဆေးနေသဖြင့် အချိန်ကြန့်ကြာမှုများရှိလာပြီး အချို့ကုန်ကားများ ရေပူတွင် ညအိပ်ရပ်နားထားရကာ နောက်ရက်မှ အစစ်ဆေးခံယူနေရသည်ဟု နယ်စပ်ကုန်သည်တဦးက ပြောသည်။

၎င်းက “ဂိတ်တာဝန်ခံက ဗိုလ်ကြီး မျိုးမြင့်အောင်၊ ဒီမူဆယ်ကနေ ပြောင်းသွားတာ (၂) လလောက်ရှိပြီ။ အခုတော့ သူက အတော်လေး ရစ်နေတာ။ အမှန်က မှောင်ခိုပစ္စည်းတွေ ပါ မပါ၊ (၁ဝ၅) မိုင်ကနေ ထွက်လာပြီး လမ်းကနေ ဖြတ်တင်တဲ့ ကုန်တွေ ပါ မပါ စစ်ရမှာ။ အခုက (၁ဝ၅) မိုင်မှာ လုပ်သလိုမျိုး ဂျူတီပါ ကုန်တွေနဲ့ သယ်လာတဲ့ ကုန်ပစ္စည်း ကိုက်မကိုက် ထပ်စစ်နေတာ။ ဟိုက ကိုက်ညီမှုရှိလို့ လွှတ်ထားတဲ့ဟာကို သူက မယုံလို့ ပြန်စစ်သလို ဖြစ်နေတာ။ ပြီးတော့ ကားမှာ အေးဂျင့်တွေ မပါသွားဘူး။ ကားသမားပဲ ပါသွားတာ။ ကားသမားကတော့ ဘာမှ သိတာ မဟုတ်ဘူး။ ချဆိုတော့ ချပေးထားလိုက်ရုံပဲ” ဟု ပြောသည်။

ပြီးခဲ့သည့် လအတွင်းကလည်း (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်က စစ်ဆေးမှုခံယူပြီး သယ်ယူလာခဲ့သည့် ဆောက်လုပ်ရေးပစ္စည်း ဖြစ်သည့် ကြွေပြားများအား ရေပူဂိတ်တွင် ထပ်မံစစ်ဆေးပြီး ကိုက်ညီမှုမရှိ၍ဆိုပြီး ဖမ်းဆီးမှုများလုပ်ခဲ့သေးသည်ဟု အဆိုပါ ကုန်သည်က ပြောသည်။

၎င်းက “ရေပူက မျိုးမြင့်အောင်တို့က အဲလိုစစ်နေတာ။ မှောင်ခိုပစ္စည်းတွေချည်းပဲ သယ်သွားတဲ့ကားဆို ငွေယူပြီး လွှတ်ပေးနေတာ။ အခု မန္တလေးကို ကုန်တွေရောက်ဖို့က သုံးလေးရက်နဲ့ မရောက်ချင်တော့ဘူး။ အရင်က ကုန်သွယ်ရေး လမ်းကြောင်းအတိုင်း ဖြောင့်ဖြောင့်တန်းတန်းသွားရရင် (၂) ရက်ခွဲပဲ။ ကွေ့ကွေ့ ကောက်ကောက် တောလမ်းက ဒိထက် ပိုမြန်နေပြီ။ မှောင်ခိုသယ်မယ်ဆိုရင် မန္တလေးကို (၃) ရက်နဲ့ ရောက်တယ်” ဟု ပြောသည်။

မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းတွင် မှောင်ခိုကုန်သွယ်မှုလုပ်ငန်း မရှိသင့်တော့ကြောင်း နအဖ စစ်ဗိုလ်ချုပ်များက မကြာခဏပြောဆိုနေသော်လည်း ပါမစ်လျှောက်ရာတွင် အချိန်ကြန့်ကြာမှု၊ စည်းကမ်းတင်းကျပ်မှုနှင့် ယခုကဲ့သို့ ကုန်ပစ္စည်းများကို မလိုအပ်ဘဲ ထပ်မံစစ်ဆေးနေ၍ ကြန့်ကြာမှုတို့ကြောင့် မှောင်ခိုကုန်သွယ်ရေးမှာ ဆက်လက်ရှိနေဆဲဖြစ်သည်။

မြန်မာပြည်ဘက်မှ ရေထွက်ပစ္စည်း၊ လယ်ယာထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းများ တင်ပို့နေပြီး တရုတ်ပြည်ဘက်မှ ဆောက်လုပ်ရေးပစ္စည်း၊ လယ်ယာသုံးစက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ အထည်အလိပ်၊ ပလတ်စတစ်ပစ္စည်း၊ ကားအပိုပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများကို မြန်မာပြည်ဘက်သို့ အဓိကတင်သွင်းနေသည်။

မှောင်ခိုကုန်သွယ်မှုတွင် ကျောက်စိမ်း၊ သစ်အပါအဝင် တွင်းထွက်ပစ္စည်းများ၊ စားသောက်ကုန်များ မြန်မာဘက်မှ မှောင်ခိုတင်ပို့ပြီး တရုတ်ဘက်မှ မော်တော်ဆိုင်ကယ်၊ ဟင်းချိုမှုန့်အပါအဝင် စားသောက်ကုန်များ၊ အဝတ်အထည်များ၊ လျှပ်စစ်ပစ္စည်းများ အဓိကတင်သွင်းသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook