ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

ကျပ်ငွေဈေးတက်သဖြင့် မြန်မာကုန်သည်များ အရောင်းထိုင်း
ရဲရင့် / ၁၀ နိုဝင်ဘာ ၂၀၀၉

line

 

ရက်သတ္တတပတ်အတွင်း မြန်မာငွေဈေးမြင့်တက်လာမှုကြောင့် မဲဆောက်မြို့တွင် မြန်မာစားသောက်ကုန်နှင့် လူသုံးကုန်များ အဆမတန် ဈေးတက်သွားသည့်အတွက် ရောင်းအားသိသာစွာ ကျဆင်းသွားသည်ဟု ကုန်သည်များက ပြောသည်။

ယခုလဆန်းပိုင်းက မြန်မာငွေ ကျပ် (၁၀၀) လျှင် ထိုင်းဘတ်ငွေ (၃) ဘတ် စွန်းရုံသာရှိခဲ့ရာမှ ယနေ့တွင် ထိုင်းငွေဈေးမှာ (၃.၂၈) ဘတ်အထိ ဖြစ်လာသည့်အတွက် မြန်မာစားသောက်ကုန်များ အဆမတန် ဈေးတက်ခဲ့ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံအနှံ့အပြားသို့ မြန်မာစားကုန် လက်ကားဖြန့်ချိသည့် မဲဆောက်မှ ကုန်သည်ကြီးတဦးက ပြောသည်။

“တပတ်အတွင်း ငွေဈေးတွေတက်တော့ ပစ္စည်းဈေးလည်းလိုက်တက်တယ်။ အရင်က ပဲလှော်တပိဿာ (၆၃) ဘတ်ကနေ အခု (၇၃) ဘတ်ဖြစ်သွားပြီ။ ဒါတပတ်အတွင်းဖြစ်တာ၊ ပစ္စည်းအမယ်တိုင်းကိုတက်တာ၊ ကုန်ပစ္စည်း အမှာနည်းတော့ အရောင်းအ၀ယ်က ကျသွားတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ငွေဈေးတက်ချိန်တွင် ကုန်ပစ္စည်းများ ထိုင်းဘက်မှ ၀ယ်ယူမှုနည်းပါးသဖြင့် ရောင်းလိုတိုင်း ရောင်း၍မရသဖြင့် နစ်နာမှုအချို့ရှိသည်ဟုလည်း မြန်မာကုန်သည်တဦးက ပြောသည်။

၎င်းက “ငွေဈေးတက်ရင် ထိုင်းဘက်က သူတို့လှောင်ထားတဲ့ ကုန်တွေရှိတော့ တပတ် ဆယ်ရက်လောက်တော့ တင်းခံနိုင်တယ်။ ဒီကြားထဲမှာ ကိုယ့်ဘက်ကကုန်တွေကို မြ၀တီမှာ ရက်ရှည်ထားဖို့ဆိုတာ အခက်အခဲရှိတော့ နယ်စပ်ကုန်သွယ်ရးမှာ ထိုင်းနဲ့ယှဉ်ရင် ရေရှည်မှာ သူတို့ပဲ အသာစီးရတယ်” ဟု ပြောသည်။

ယခင်နှစ်ဆန်းပိုင်းက မြန်မာငွေ (၁၀၀) လျှင် ထိုင်းဘတ် (၂.၅၀) ဘတ်ဝန်းကျင်သာရှိခဲ့ပြီး ယခု လဆန်း (၃) ရက်နေ့ထိ (၃) ဘတ်ဝန်းကျင်တွင်သာ လည်ပတ်နေကာ ယခုကဲ့သို့ (၃.၂၈) ဘတ်သို့ တပတ်အတွင်း အဆမတန်မြင့်တက်ရခြင်းမှာ မြန်မာနိုင်ငံ၏ ဘိန်းစိုက်ပျိုးမှု ဆက်စပ်မှုရှိသည်ဟု မဲဆောက်တွင် ကျောက်မျက်ရောင်းဝယ်ရေး လုပ်ကိုင်နေသည့် ကိုးကန့်သား တဦးက ပြောသည်။

၎င်းက “ဒီလရောက်တိုင်း မြန်မာငွေဈေး တက်လေ့တက်ထရှိတယ်။ ဘိန်းစိုက်ချိန်ရောက်ပြီဆိုတော့ တောင်သူတွေကို ငွေပေးဖို့အတွက် ငွေရှင်က မြန်မာငွေကို သန်းရာချီပြီး လိုက်စုရတယ်။ အဲလိုလိုက်စုတဲ့လူ ရာနဲ့ချီရှိတယ်။ ကျနော်က ဒီလောကကို ဖြတ်ဖူးတော့ သိတယ်” ဟု ပြောသည်။

ရှမ်းပြည်နယ်အတွင်း ဘိန်းစိုက်ပျိုးထုတ်လုပ်မှုများကို လိုက်လံ၍ သုတေသနပြု မှတ်တမ်းတင်သည့် တိုင်းရင်းသားအဖွဲ့အစည်း တခုမှ တာဝန်ရှိသူတဦးက “ဒီကိစ္စဆက်စပ်မှုရှိပါတယ်။ ဒီလကစပြီး ဘိန်းစိုက်ပျိုးမှုရာသီစပြီလေ။ လာမယ့် ဖေဖော်ဝါရီလအထိ ဖြစ်တယ်။ ဘိန်းစိုက်ဖို့အတွက် ငွေကြိုထုတ်ပေးတဲ့ ငွေရှင်တွေက ထိုင်းတွေအများစုဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ပြောသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo