ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ရှမ်းငြိမ်းအဖွဲ့ ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး အင်တာနက်ဆိုင် လိုင်စင်ကြေး ကွက်ကြားလျှော့ လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ ငါးထပ်ကြီးရပ်ကွက် မီးဘေးအန္တရာယ် စိုးရိမ်ရဟု ရန်ကုန်တိုင်းမီးသတ်မှ ပြောကြား သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည့်သတင်းထွက်ပေါ် ရန်ကုန်တွင် ကားဈေးများကျဆင်းကာ ဈေးကွက်ပျက်
 


quote
 

 

 

ကုလားတန်မြစ်စီမံကိန်း ဆိုးကျိုးများ စောင့်ကြည့်ဖော်ထုတ်မည်
မေကျော် / ၁၀ နိုဝင်ဘာ ၂၀၀၉

line

 

ယခုနှစ် ဒီဇင်ဘာလတွင် မြန်မာစစ်အစိုးရက စတင်တော့မည့် ရခိုင်ပြည်နယ် ကုလားတန်မြစ်စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို စောင့်ကြည့်ပြီး ကမ္ဘာက သိအောင် ထုတ်ဖော်သွားမည်ဟု ရခိုင်မြစ်ချောင်းများ ကွန်ရက်အဖွဲ့က ပြောကြားသည်။

ယင်းစီမံကိန်းကြောင့် ကျေးရွာများအား အတင်းအဓမ္မပြောင်းရွှေ့ခိုင်းခြင်း၊ အဓမ္မလုပ်အားပေး စေခိုင်းမှုကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပါအ၀င် ဒီရေတောများနှင့် ဂေဟဗေဒစနစ် ပျက်စီးမှုများကဲ့သို့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကို စနစ်တကျ သုတေသန ပြုလုပ်စောင့်ကြည့်ပြီး ပြည်သူလူထုနှင့် နိုင်ငံတကာကို အသိပေးဖော်ထုတ်သွားမည်ဟု အဆိုပါအဖွဲ့က ပြောသည်။

“ကုလားတန်မြစ် စီမံကိန်းက ပြည်သူလူထုအပါအ၀င် နိုင်ငံတကာကလည်း သိတာ တအားနည်းတယ်။ အဲဒါတွေကို ကျနော်တို့ သုတေသန လုပ်ထားတာတွေ ရှိပါတယ်။ ကျနော်တို့က ဒီစီမံကိန်းတွေ ဖြစ်ပေါ်မှု အနေအထားတွေကို စနစ်တကျ သုတေသန လုပ်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ နောက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေကို ပြည်သူလူထုရော နောက် နိုင်ငံတကာကိုပါ ချပြမယ်” ဟု ရခိုင်မြစ်ချောင်းများကွန်ရက်မှ ဒါရိုက်တာ ဦးအောင်မင်းဦးက ခေတ်ပြိုင်သို့ ပြောသည်။

ယခု စီမံကိန်း ပြီးစီးပါက အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးတက်လာပြီး ဒေသဖွံ့ဖြိုးရေး တိုးတက်လာနိုင်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ မလွဲမသွေ ဖြစ်ပေါ်လာမည်ဟု ရခိုင်မြစ်ချောင်းများ ကွန်ရက်က ထောက်ပြပြောဆိုသည်။

ထို့အပြင် ကုလားတန်မြစ်ကြောင်းတလျှောက် စစ်တပ်များ တိုးချဲ့လာမည်ဖြစ်သဖြင့် ဒေသခံကျေးရွာများ ပြောင်းရွှေ့ပေးရခြင်း၊ အဓမ္မလုပ်အား ခိုင်းစေခြင်းများ ဖြစ်လာနိုင်သည်ဟုလည်း ဆိုသည်။

“အခု စစ်တွေဆိပ်ကမ်း တိုးချဲ့မယ့်နေရာက လူနေထူထပ်တယ်၊ စစ်တွေဈေးကြီးရှိတယ်၊ ဆေးရုံရှိတယ်၊ လူနေအိမ်တွေ ရှိတယ်။ ဒီဟာတွေက မလွဲမသွေ ဖယ်ရမှာပဲ” ဟု ဦးအောင်မင်းဦးက ပြောသည်။

ယခုနှစ် ဒီဇင်ဘာတွင် စတင်မည့် စစ်အစိုးရ၏ ကုလားတန်မြစ် စီမံကိန်းတွင် စစ်တွေ ဆိပ်ကမ်းတိုးချဲ့တည်ဆောက်မှု၊ ကုလားတန်မြစ်ကြောင်းကို တိုးချဲ့မှု၊ ချင်းပြည်နယ် ပလက်ဝမြို့မှ (၆၂) ကီလိုမီတာ အရှည်လမ်းမကြီး ဖောက်လုပ်မှုတို့ ပါဝင်သည်။

မြန်မာစစ်အစိုးရက ယခုစီမံကိန်းကို အိန္ဒိယအစိုးရနှင့် ၂၀၀၈ ခုနှစ် ဧပြီလက သဘောတူစာချုပ် ချုပ်ဆိုထားခြင်းဖြစ်ပြီး ယခုနှစ် ဒီဇင်ဘာတွင် စတင်တော့မည်ဖြစ်သည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo