ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ရှမ်းငြိမ်းအဖွဲ့ ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး အင်တာနက်ဆိုင် လိုင်စင်ကြေး ကွက်ကြားလျှော့ လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ ငါးထပ်ကြီးရပ်ကွက် မီးဘေးအန္တရာယ် စိုးရိမ်ရဟု ရန်ကုန်တိုင်းမီးသတ်မှ ပြောကြား သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည့်သတင်းထွက်ပေါ် ရန်ကုန်တွင် ကားဈေးများကျဆင်းကာ ဈေးကွက်ပျက်
 


quote
 

 

 

ကလလတ နယ်ခြားစောင့်တပ်ဖွဲ့စည်းမှု
ကရင်နီလူမှုအဖွဲ့များ ကန့်ကွက်

မေကျော် / ၁၁ နိုဝင်ဘာ ၂၀၀၉

line

 

စစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သော အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့ဖြစ်သည့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) အား နိုင်ငံတကာရောက် ကရင်နီလူငယ်များနှင့် လူမှုအဖွဲ့ (၁၇) ဖွဲ့တို့က ပန်ကြားစာတစောင် ထုတ်ပြန်ကန့်ကွက်လိုက်သည်။

ကရင်နီပြည်သူများနှင့် ကလလတ တပ်ဖွဲ့ဝင်များထံ သဘောထားစစ်တမ်းကောက်ယူခြင်း၊ အသိပေးခြင်းမရှိဘဲ ကလလတ အနေဖြင့် နယ်ခြားစောင့်တပ်ဖွဲ့သည့်ကိစ္စကို လုပ်ဆောင်ခြင်းသည် ကရင်နီပြည်သူများကို အလေးမထားရာရောက်ကြောင်း ထိုပန်ကြားစာတွင် ဖော်ပြသည်။

“ပထမဦးဆုံး နယ်ခြားစောင့်တပ်ကိစ္စကို ဆုံးဖြတ်ချက် မချခင်မှာကတည်းက ပြည်သူတွေကို အသိပေးဖို့လိုပါတယ်။ တပ်ဖွဲ့ဝင်တွေရဲ့ သဘောထားကိုလည်း စစ်တမ်းကောက်ဖို့ လိုပါတယ်။ သူတို့အနေနဲ့ကတော့ တပ်ဖွဲ့ရဲ့ ဗဟိုကော်မတီ တရပ်တည်းကပဲ ဆုံးဖြတ်ချက်ချလို့ မသင့်ပါဘူး” ဟု ကနေဒါနိုင်ငံအခြေစိုက် ကရင်နီလူမှုအဖွဲ့အစည်းမှ ခွန်းမျိုးမင်းလတ်က ပန်ကြားစာနှင့်ပတ်သက်၍ ပြောကြားသည်။

ကလလတ အဖွဲ့က ယခုလ (၈) ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် တရားဝင်ပြောင်းလဲခဲ့ပြီး နအဖစစ်အစိုးရ၏ စစ်ဘက်ဆိုင်ရာရာထူးများကို လက်ခံလိုက်ပြီဖြစ်သည်။

ယခုကဲ့သို့ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းမှု ကန့်ကွက်စာနှင့် ပတ်သက်ပြီး ကရင်နီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၁) ခူဦးရယ်က သဘောထားမှတ်ချက် တစုံတရာပေးရန် ငြင်းဆန်သည်။

“သူတို့ပြောနေ ဆိုနေကြတာတွေတော့ ကြားပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့တော့ ကျနော့်အနေနဲ့ ဘာမှ သဘောထားပေးဖို့ မရှိပါဘူး” ဟု ၎င်းက ပြောသည်။

ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးသည် ၁၉၉၄ ခု၊ မေ (၉) ရက်တွင် နအဖစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ယခုလ (၈) ရက်တွင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်ခြင်းဖြစ်သည်။

ကလလတ အနေဖြင့် ကရင်နီပြည်သူများ ဖွံ့ဖြိုးရေးအတွက် အတိုင်းအတာတခုအထိ လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ သို့သော် ကရင်နီပြည်သူများ၏တပ်အဖြစ် ရပ်တည်နေသောကြောင့် ပြည်သူကို အသိပေးအလေးထားရန် တိုက်တွန်းပန်ကြားရခြင်းသာ ဖြစ်ကြောင်း ကရင်နီလူငယ်များနှင့် လူမှုအဖွဲ့အစည်းများက ပြောသည်။

“ကယားပြည်နယ်ရဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်မှုတွေအတွက် ကယားပြည်နယ်မှာ အခြေပြုတဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အသီးသီးက ကြိုးစားရမှာပါ။ ဒါကြောင့် ကယားပြည်နယ်က ပြည်သူတွေရဲ့ရင်ထဲက ခံစားချက်ကို နားလည်းပေးကြပါလို့ တိုက်တွန်းချင်တာပါ” ဟု ပန်ကြားစာ ထုတ်ပြန်ရာတွင်ပါဝင်သည့် ခွန်းမျိုးမင်းလတ်က ပြောသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo