ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

အမျိုးသားပြန်လည်သင့်မြတ်ရေးမူ ကိုင်စွဲထားကြောင်း
အန်အယ်လ်ဒီ ကြေညာချက်ထုတ်

မင်းနိုင်သူ / ၁၁ နိုဝင်ဘာ ၂၀၀၉

line

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒကို ကိုင်စွဲထားဆဲဖြစ်ကြောင်း ကြေညာချက်တစောင် ထုတ်ပြန်သည်။

ပါတီရုံးချုပ်၌ ယနေ့ကျင်းပသည့် (၈၉) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ကြေညာချက်ထုတ်ပြန်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့်နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ ပါတီရုံးခွဲများပြန်လည် ဖွင့်လှစ်ခွင့်ရရေး၊ ဖျက်သိမ်းခံထားရသော တိုင်းရင်းသားပါတီများအား ပြန်လည်မှတ်ပုံတင်ခွင့်ပေးရေးနှင့် လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်ရရှိရေး တို့ကို ကြေညာချက်တွင် ထည့်သွင်းတောင်းဆိုထားသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏ အခမ်းအနားအပြီး နေ့လယ် (၁၁) နာရီခန့် တွင် စတင်သော အန်အယ်လ်ဒီပါတီ၏ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမှာစကားပါးလိုက်ကြောင်း သိရသည်။

“ဒီနေ့ ဦးဉာဏ်ဝင်း နေအိမ်ပြင်ဖို့ ကိစ္စနဲ့ ဒေါ်စုအိမ်ကိုသွားပါတယ်။ ဒေါ်စုက အဖွဲ့ချုပ်ကကျင်းပတဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ၀ါရင့်နိုင်ငံရေးသမားကြီးတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေကို ကျေးဇူးတင်ကြောင်း အမှာစကားပါးလိုက်တာပါ။ အဲဒါကို ဦးခင်မောင်ဆွေက အခမ်းအနားမှာ ပြန်ပြောသွားပါတယ်”ဟု အန်အယ်လ်ဒီပါတီပြန်ကြားရေးမှ ဦးအုံးကြိုင်က ပြောသည်။

အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်သဘောထားတခုခု ပေါ်ထွက်လာလိမ့်မည်ဟူသော သတင်းများ ပေါ်ထွက်ခဲ့သောကြောင့် ပြည်တွင်းမီဒီယာများကလည်း ယနေ့ပွဲကို အထူးအာရုံစိုက်ခဲ့ကြကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

“အန်တီစု တခုခုပြောမယ်လို့ သတင်းတွေကြားထားတာ။ ဟိုနေ့က တွေ့ခွင့်ရထားတဲ့ ဦးဉာဏ်ဝင်းကလည်း သူ့ကို အထူးကိစ္စတခု ခိုင်းထားတယ်ဆိုပြီး သတင်းဌာနတွေကို ပြောထား၊ ပဟေဠိလုပ်ထားတော့ ဒီနေ့များ အဲဒါဖြစ်လာမလားဆိုပြီး စောင့်ကြရတာပေါ့။ အခုတော့သိပ်မထူးပါဘူး။ ကျေးဇူးတင်ကြောင်း ပြောသွားတာပါပဲ” ဟု ၎င်းက ပြောသည်။

ယနေ့ရန်ကုန်တွင် လုံခြုံရေးကားများလှည့်လည်မှုရှိပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများ၏ အခမ်းအနားနှင့် အဖွဲ့ချုပ်၏ အခမ်းအနားများကိုလည်း သတင်းတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

(၈၉) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအခမ်းအနားကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ၀ါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေအိမ်၌လည်း ယနေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပြီး ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ တိုင်းရင်းသားပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ၀ါရင့်နိုင်ငံရေးသမားကြီးသခင်သိန်းဖေက ၎င်းတို့အဖွဲ့သည် နိုင်ငံရေးပါတီတရပ်မဟုတ်ကြောင်း၊ ၁၉၃၉ ခုနှစ် ခန့်မှစတင်ကာ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသူများဖြစ်ကြောင်း၊ ကြွေးကြော်သံမှာ လွတ်လပ်ရေး၊ ဒီမိုကရေစီအရေးနှင့် ငြိမ်းချမ်းရေးဖြစ်ကြောင်း၊ ထိုကြွေးကြော်သံနှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်များက လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ကြောင်း၊ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်းတို့တည်ဆောက်ခဲ့သည့် ညီညွတ်ရေးသည် ပြိုကွဲခဲ့ပြီဖြစ်ကြောင်း၊ ထို့ကြောင့်လည်း ယခင်က မြန်မာ့နောက်တွင် ကျန်ရစ်ခဲ့သည် စင်ကာပူ၊ ထိုင်း၊ မလေးရှားတို့ကို ယခု မိမိတို့က ပြန်မော့ကြည့်နေရပြီဖြစ်ကြောင်းများကို ထောက်ပြပြောဆိုသွားသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ဒီမိုကရေစီကို ပြပြလေးသာမြင်လိုက်ကြရသည်ဖြစ်ရာ ယခု အသက် (၅၀) ရှိနေသူများ ပင် ဒီမိုကရေစီဆိုသည်ကို စမ်းတ၀ါးဝါးဖြစ်နေရကြောင်း၊ ထိုကြားထဲ ပရော်ဖက်ဆာကြီးများက ရင့်ကျက်သည့် ဒီမိုကရေစီ တည်ဆောက်လိုပါက သည်းခံပြီးစောင့်ရမည်ဟု ပြောနေကြသေးကြောင်း၊ မိမိအနေဖြင့် အသက် (၉၄) နှစ်ရှိနေပြီး ဒီမိုကရေစီကို ပြန်မြင်ရနိုး စောင့်စားလာသည်မှာ (၆၂) နှစ်ရှိနေပြီဖြစ်ကြောင်း၊ မိမိတို့ ကြိုးပမ်းခဲ့မှုများကို မသေမီ တွေ့ရပါမည်လားဟု စဉ်းစားမိကြောင်းများကိုလည်း သခင်သိန်းဖေက ထည့်သွင်းပြောဆိုသွားသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများ၏ ယနေ့ထုတ်ပြန်ချက်တွင်လည်း ညီညွတ်ရေးပြိုကွဲမှုကို အဓိက ထောက်ပြထားပြီး အနာဂတ်မြန်မာနိုင်ငံ တည်ဆောက်ရန်အတွက် နအဖအစိုးရအနေဖြင့် တိုင်းရင်းသားများအပါအ၀င် နိုင်ငံရေးအင်အားစုများ၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီများနှင့် သူမနာကိုယ်မနာနည်းဖြင့် တွေ့ဆုံညှိနှိုင်း အဖြေရှာရန်ကိုလည်း ထပ်မံတိုက်တွန်းထားသည်။

အမျိုးသားအောင်ပွဲနေ့တွင် သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးကလည်း စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်စေမည့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး လူထုအနေဖြင့် မဲဆန္ဒလုံးဝမပေးကြရန် တိုက်တွန်းထားသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo