ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

ယာဉ်မတော်တဆမှုကြောင့် ဒုက္ခိတဖြစ်သူများကို
မျိုးချစ်သူ / ၁၁ နိုဝင်ဘာ ၂၀၀၉

line

 

ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသေဆုံးသူများအတွက် အမှတ်တရနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ချမှတ်ပေးထားမှုတွင် မြန်မာနိုင်ငံက ယခုနှစ်မှစ၍ ပထမဦးဆုံးအနေဖြင့် ပါဝင်တော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ယာဉ်စည်းကမ်းကြီးကြပ်မှုကော်မတီ အရာထမ်းတဦးက ပြောသည်။

ယင်းအမှတ်တရနေ့ကို ၂၀၀၅ ခုနှစ် အောက်တိုဘာတွင် ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှစ၍ ချမှတ်ခဲ့ခြင်းဖြစ်သည်။

“သူများနိုင်ငံတွေအနေနဲ့ကတော့ အဲဒီချမှတ်ခဲ့တဲ့ နှစ်စဉ် နိုဝင်ဘာလ (၁၅) ရက်နေ့ကို ရောက်တိုင်း အမှတ်တရပြုလုပ်ကြတယ် ဆိုပေမယ့် ကျနော်တို့ နိုင်ငံအနေနဲ့ကတော့ ဒီနှစ်မှပဲ လုပ်မှာပါ” ဟု အဆိုပါအရာထမ်းက ပြောသည်။

ယာဉ်မတော်တဆမှုကြောင့် ဒုက္ခိတဖြစ်သွားသူများကိုလည်း ငွေကြေးထောက်ပံ့မှုများ ပေးကမ်းသွားမည်ဟု ၎င်းက ပြောသည်။

“ငွေပမာဏကတော့ တိတိကျကျ မသိရသေးဘူး။ သေသွားတဲ့သူတွေအတွက်တော့ ဒီနှစ်မပေးနိုင်သေးဘူး” ဟု ၎င်းက ပြောသည်။

ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့စာရင်းများအရ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှ ယခုအချိန်ထိ ဒုက္ခိတဖြစ်သွားသော လူဦးရေမှာ ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း (၅၀) ကျော်ရှိသည်ဟု သိရသည်။

ရန်ကုန်တွင် နှစ်စဉ် ယာဉ်မတော်တဆတိုက်ခိုက်မှုမှာ ပျှမ်းမျှအမှုပေါင်း (၈၀၀) ကျော်မှ (၁,၂၀၀) ထိ ရှိတတ်ပြီး ဒဏ်ရာရသူမှာ (၁,၅၀၀) ဦးမှ (၂,၀၀၀) ဦးကြားရှိကြောင်း၊ ယင်းအနက် သေဆုံးသူပျှမ်းမျှဦးရေမှာ (၂၀၀) ခန့်ရှိကြောင်း သိရသည်။

ရန်ကုန်တွင် ယခုနှစ် ပထမဦးဆုံးပြုလုပ်မည့် ယာဉ်မတော်တဆမှုကြောင့် ဒဏ်ရာရသေဆုံးသူများ အမှတ်တရနေ့ကို လသာမြို့နယ် အမှတ် (၂) အထက်တန်းကျောင်းတွင် နိုဝင်ဘာ (၁၅) ရက်နေ့ နံနက် (၈) နာရီအချိန် ကျင်းပမည်ဟု သိရသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo