ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

မြွေဆိပ်ဖြေဆေးအတုများ ကြီးကြပ်ရန် အခက်တွေ့
မေကျော် / ၁၂ နိုဝင်ဘာ ၂၀၀၉

line

 

ပြည်တွင်း ဆေးဈေးကွက်အတွင်း မြွေဆိပ်ဖြေဆေးအတုများ တွေ့ရှိရသဖြင့် ပြည်နယ်နှင့်တိုင်း ဆေးဝါးကြီးကြပ်အဖွဲ့များကို ကြပ်မတ်ရန် ညွှန်ကြားထားသော်လည်း ကြီးကြပ်ရန် အခက်တွေ့နေကြောင်း သိရသည်။

မကွေးတိုင်းအတွင်း မြွေဆိပ်ဖြေဆေးအတုများ တွေ့ရှိရပြီးနောက် စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပြည်နယ်နှင့်တိုင်းအလိုက် ဖွဲ့စည်းထားသည့် ဆေးဝါးကြီးကြပ်ရေးအဖွဲ့များကို မြွေဆိပ်ဖြေဆေး အတုအစစ် ခွဲခြားရန် ညွှန်ကြားထားခြင်းဖြစ်သည်။

“ဆေးဝါး အတုအစစ် ခွဲတယ်ဆိုတာ ကျနော်တို့ကတော့ ဆေးပုလင်းပေါ်ရေးထားတဲ့စာပဲ ဖတ်ကြည့်လို့ရမယ်။ ဒါတောင် သွားစစ်တဲ့အချိန်မှာ ဆေးဆိုင်တွေက ဆေးပုလင်းတွေကို သိမ်းထားလို့ ရသေးတယ်လေ” ဟု မြို့နယ် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးအဖွဲ့ဝင် ဆရာဝန်တဦးက ပြောသည်။

စစ်အစိုးရက ဖွဲ့စည်းထားသည့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီများမှာ သက်ဆိုင်ရာ မြို့နယ်ဆရာဝန်များ၊ ရဲတပ်ဖွဲ့ အကြီးအကဲများ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဖွဲ့စည်းထားခြင်းဖြစ်ရာ ဆေးဝါးအတုအစစ် ခွဲခြားရန် အခက်အခဲရှိနေခြင်း ဖြစ်သည်။

“မြွေဆိပ်ဖြေဆေးအစစ် ဟုတ်မဟုတ်၊ ပါဝင်တဲ့ပစ္စည်းတွေကလည်း အစစ်အမှန် ဟုတ်မဟုတ်ဆိုတာ မြို့နယ်အဖွဲ့တွေကလည်း စစ်ဆေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ မြွေဆိပ်ဖြေဆေး အတုဖြစ်တယ်၊ အစစ်မဟုတ်ဘူး၊ လူအတွက် အန္တရာယ်ရှိတယ်၊ ဘာပစ္စည်းတွေ ပါတယ်ဆိုတာကိုတော့ ကျွမ်းကျင် ဓာတ်ခွဲခန်းကသာလျှင် အတည်ပြုပေးနိုင်မှာ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆေးပညာရှင်များအသင်း ဒု- ဥက္ကဋ္ဌ ဒေါက်တာ သီဟမောင်က ပြောသည်။

မြွေဆိပ်ဖြေဆေးကို အစိုးရဆေးရုံများတွင် အရေးပေါ်ဆေးအဖြစ် ထားရှိရသော်လည်း မလုံလောက်သဖြင့် လူနာများက ပြင်ပမှ ၀ယ်ယူအသုံးပြုနေရသည်။

မြွေဆိပ်ဖြေဆေး ပုလင်းတလုံးလျှင် ပြင်ပပေါက်ဈေး (၂၀,၀၀၀) ကျပ်ခန့် ရှိနေသော်လည်း ဆေးရုံများက မပေးနိုင်သည့်အတွက် ဆေးဝါးလိုအပ်ချက် များနေသော မြွေဆိပ်ဖြေဆေး ဈေးကွက်တွင် အတုများ ထုတ်လုပ်ရောင်းချ လာကြခြင်းဖြစ်သည်။

စစ်အစိုးရ အုပ်ချုပ်သော မြန်မာနိုင်ငံတွင် အဆင့်မီသော ပြည်သူ့ကျန်းမာရေး မူဝါဒတရပ် ချမှတ်အကောင်အထည်ဖော် မဆောင်ရွက်နိုင်ခြင်းကြောင့် ယခုကဲ့သို့ မလိုလားအပ်သော ပြဿနာများ ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဒေါက်တာသီဟမောင်က ပြောသည်။

စစ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူ့ဆေးရုံများတွင် အရေးပေါ် မြွေဆိပ်ဖြေဆေး အပြည့်အ၀ မပေးနိုင်ခြင်းကြောင့် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသူတဦး မြွေကိုက်ခံရပြီး အင်းစိန်ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့သော်လည်း မြွေဆိပ်ဖြေဆေးမရှိသဖြင့် သေဆုံးခဲ့ရသည်။

ယင်းနောက်ပိုင်း ၂၀၀၈ ခုနှစ်နှောင်းပိုင်းတွင် မြန်မာစစ်အစိုရ ကျန်းမာရေးဝန်ကြီးဌာနက ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့သော်လည်း ဈေးကွက်အတွင်း မြွေဆိပ်ဖြေဆေး မလုံလောက်မှုကြောင့် မြွေဆိပ်ဖြေဆေး အတုများ ထွက်ပေါ်လာခဲ့သည်။

“ကျနော်တို့ ဟိုးအရင် မြို့နယ်ဆရာဝန်အဖြစ် တာဝန်ယူတုန်းကတည်းက အခုလို မြွေဆိပ်ဖြေဆေးတို့ဆိုတာ လိုအပ်ချက်ကိုပြည့်အောင် အတော်ကြိုးပမ်းရတဲ့ အနေအထားမှာရှိပါတယ်” ဟု ဒေါက်တာ သီဟမောင်က ပြောကြားသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook