ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

ရန်ကုန်တွင် ရေမလောက်၍ အဝီစိတွင်းများတူး
အောင်ကျော်မိုး / ၁၃ နိုဝင်ဘာ ၂၀၀၉

line

 

ရန်ကုန်မြို့အတွက် နေ့စဉ်ပေးဝေနေသည့် သောက်သုံးရေ လုံလောက်မှု မရှိခြင်းကြောင့် မြို့လယ်ဧရိယာတဝိုက် အဝီစိတွင်းများ တူးဖော်ပေးနေရကြောင်း ရန်ကုန်တိုင်း စည်ပင်သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းရေးဌာနမှ ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ဒီဘက်နှစ်ပိုင်း တိုးတက်လာတဲ့ ရန်ကုန်လူဦးရေနဲ့ နှိုင်းယှဉ်ရင် စည်ပင်က ဖြန့်ဖြူးပေးနိုင်တယ်ဆိုတာ (၅ဝ) ရာခိုင်နှုန်း ကျော်ကျော်ပဲ ရှိတယ်။ အဲဒီအတွက် ရေအရင်းအမြစ်တွေ ထပ်ပြီးရအောင် ကြိုးစားရတယ်။ ဒီအတွက် အဝီစိတွင်းတွေ၊ ရေစုကန်တွေ တူးကြရတာပါ” ဟု ပြောသည်။

ရန်ကုန်မြို့ လူဦးရေအားလုံးအတွက် နေ့စဉ် ရေလိုအပ်ချက်မှာ ဂါလန် သန်း (၁၇ဝ) ကျော်လိုကြောင်း၊ လက်ရှိ ရန်ကုန်မြို့ကို ဖြန့်ဖြူးပေးနေသည့် ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား စသည့် ရေလှောင်ကန် (၃) ခုမှ ရေဂါလန် စုစုပေါင်း (၉၅) သန်းသာရှိကြောင်း၊ ငမိုးရိပ်ရေလှောင်ကန်မှ ရေများဖြန့်ဖြူးပေးနေသော် လည်း သောက်သုံးရန် မသင့်ကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

၎င်းက “တခြား အဝီစိတွင်းပေါင်း (၃ဝဝ) ကျော်ကလည်း တနေ့ ရေဂါလန် (၁၅) သန်းလောက် ဖြန့်ဖြူးပေးနေပေမယ့် သောက်သုံးရေ မလုံလောက်လို့ မြို့တွင်းမှာ အဝီစိတွင်း (၂၇) တွင်း တူးဖော်နေရတယ်။ ဆက်ပြီးလည်း တူးဖော်သွားဖို့ရှိတယ်” ဟု ပြောသည်။

ရန်ကုန်မြို့တွင် နေထိုင်သူများမှာ စည်ပင်သာယာမှ ဖြန့်ဖြူးသည့်ရေ နည်းရသည့်အပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ လျှပ်စစ်ဓာတ်အား ကျဆင်းမှုတို့ကြောင့်လည်း ရေစုပ်၍ မရသည့်ပြဿနာ ကြီးကြီးမားမား ရှိနေကြောင်း မြို့ခံများက ပြောသည်။

ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက “ယခင်နှစ်တွေတုန်းကဆို ရေကို နေ့ရောညပါ လွယ်လွယ်ကူကူ စုပ်ယူသုံးစွဲလို့ ရတယ်။ ဒီနှစ်မှာတော့ နေ့ဘက်ဆို လုံးဝ စုပ်ယူလို့ မရတော့ဘူး။ ဒီအတွက် ရေသုံးစွဲမှုကို ချွေတာရတယ်။ ဘိုထိုင်အိမ်သာအတွက် အပေါ့ (၃) ကြိမ်လောက်သွားမှ ရေတခါဆွဲတဲ့ စနစ်မျိုးလုပ်ရပြီး ရေအတွက် စိုးရိမ်ပူပန်မှု ကြီးရတယ်” ဟု ပြောသည်။

ယခုကဲ့သို့ အဝီစိတွင်းများ တူးရခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းက မီးပျက်သည့်အခါ၊ မီးအားမပြည့်သည့်အခါ ရေတွန်းသည့် စက်ရုံများက ရေမတွန်းနိုင်သည့်အတွက် ရန်ကုန်ရှိ လူများ ရေအခက်အခဲ ဖြစ်ရကြောင်း၊ ယခုကဲ့သို့ အဝီစိတွင်းများ တူးထားပြီး မီးစက်ငယ်များ ထားပေးပါက ရေတွန်းစက်က အလုပ်မလုပ်နိုင်သော်လည်း အဝီစိတွင်းထဲမှ ရေများကို ရပ်ကွက်ရေပိုက်များထဲ မောင်းထည့်ပေး၍ ရသည့်အတွက် ရေအတွက် ပိုအဆင်ပြေနိုင်ကြောင်း ပြောသည်။

ယခုလက်ရှိ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်တွင် မူလ အဝီစိတွင်း (၃၆ဝ) နှင့် ထပ်တူးသည့် (၂၇) တွင်းအပါအ၀င် စုစုပေါင်း (၃၈၇) တွင်းရှိပြီ ဖြစ်သော်လည်း ယနေ့အချိန်အထိ ပြည်သူများ ရေလုံလုံလောက်လောက် သုံးစွဲနိုင်ခြင်းမရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo