ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

နယ်ခြားစောင့်တပ်များအား ကြိုဆိုပွဲပြုလုပ်
ခိုင်လင်း / ၁၇ နိုဝင်ဘာ ၂၀၀၉

line

 

ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (အန်ဒီအေ-ကေ) မှ အသွင်ပြောင်း ဖွဲ့စည်းလိုက်သည့် နယ်ခြားစောင့်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အင်အား (၁ဝဝ) ကျော်အား ကချင်ပြည်နယ်၊ မြစ်ကြီးနားရှိ မြို့တော်ခန်းမတွင် အခမ်းအနားဖြင့် ကြိုဆိုခဲ့သည်။

နိုဝင်ဘာ (၁၄) ရက်တွင် ရောက်ရှိလာသည့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား နံနက် (၉) နာရီတွင် စတင်ကြိုဆိုခဲ့ပြီး ယင်းကြိုဆိုပွဲသို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် စံထွန်းနှင့် အစိုးရဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၁၁) နာရီတွင် ပြီးဆုံးသွားကြောင်း အဆိုပါပွဲ တက်ရောက်ခဲ့သည့်မြစ်ကြီးနားမှ ပညာရေးဝန်ထမ်းတဦးက ပြောသည်။

၎င်းက “အန်ဒီအေကေ တပ်ဖွဲ့တွေက အားလုံး (၁၀၀) ကျော် (၂၀၀) လောက်ရှိမယ်။ လက်နက်တော့ မပါဘူး။ ယူနီဖောင်းရယ်၊ ဒိုင်းလိုဟာမျိုးမှာ အစိမ်း၊ အဝါ၊ အနီ၊ အလယ်က ကြယ်နဲ့၊ ရဲတံဆိပ်လိုဟာမျိုး လက်မောင်းမှာ တပ်ထားတယ်။ ဘယ်ရီဟက် ဆောင်းထားတယ်။ တရုတ် (FAW) ဖောကားတွေနဲ့ လာကြတာ။ အားလုံးကား (၈) စီးရှိတယ်” ဟု ပြောသည်။

အခမ်းအနားအပြီးတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များအား FAW အမှတ်တံဆိပ် တရုတ်လုပ် ခြောက်ဘီးကားများဖြင့် မြစ်ကြီးနား၊ မြို့သစ်ကြီးသို့ သယ်ဆောင်သွားသည်ဟု အဆိုပါဝန်ထမ်းက ပြောသည်။

ကချင်တိုင်းရင်းသားများအကြား အန်ဒီအေကေအဖွဲ့အပေါ် မျှော်လင့်ချက်ကုန်ဆုံးကာ စိတ်ပျက်နေကြချိန်တွင် ယခုကဲ့သို့ နယ်ခြားစောင့်တပ် ပြောင်းလဲသည့်အပေါ် ပိုပြီး စိတ်ဆိုးဒေါသဖြစ်နေကြသည်ဟု မြစ်ကြီးနားမြို့ခံ ကချင်အမျိုးသားတဦးက ပြောသည်။

၎င်းက “ပထမ ငြိမ်းချမ်းရေးစယူလိုက်ကတည်းက ပြည်နယ်ရဲ့ သယံဇာတတွေကို ကိုယ်ကျိုးစီးပွားလုပ်ပြီး ကချင်တော်လှန်ရေးအပေါ် သစ္စာဖောက်လိုက်တယ်။ ဒုတိယအချက်က ခရစ်ယာန်ဖြစ်လျက်နဲ့ ပန်ဝါမှာ ဘုရားတည်တဲ့ကိစ္စနဲ့ ဘာသာရေးအပေါ် သစ္စာဖောက်လိုက်တယ်။ အခုနောက်ဆုံး သွေး၊ ချွေးတွေနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်းတခုလုံးကို ကချင်လူထုတွေအတွက် ဘာမှ မလုပ်ပေးနိုင်သေးဘဲနဲ့ လူရော၊ လက်နက်ရော စစ်အစိုးရကို ထိုးအပ်ပေးလိုက်တယ်။ ဆခုံတိန့်ယိန်းကို အတော်ကို စိတ်နာနေကြပြီ” ဟု ပြောသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်း အန်ဒီအေကေတပ်ဖွဲ့ဝင်များကို မြစ်ကြီးနားမြို့ပေါ်သို့ ခေါ်ယူပြီး ကြိုဆိုပွဲလုပ်ခြင်းမှာလည်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကို ၎င်းကဲ့သို့ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် မြူဆွယ်ပြခြင်းမျိုးဖြစ်သည်ဟု အဆိုပါ ကချင်အမျိုးသားက ပြောသည်။

၎င်းက “မပခတိုင်းမှူးက ကေအိုင်အိုကို ဒီက ဘာသာရေးခေါင်းဆောင်တွေကဆင့် တဖက်လှည့်နဲ့ စည်းရုံးတာမျိုးတွေလည်း ရှိတယ်။ ဆခုံတိန့်ယိန်းတို့အဖွဲ့ ဒီ မြစ်ကြီးနားကို ခေါ်လာတာလည်း လူထုတွေ လက်ခံကြိုဆိုနေတယ်ဆိုတာမျိုး လုပ်ပြချင်တာ” ဟု ပြောသည်။

အန်ဒီအေကေအဖွဲ့သည် ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ကာ အပစ်ခတ်ရပ်စဲရေးပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် နိုဝင်ဘာ (၈) ရက်နေ့တွင် နယ်ခြားစောင့်တပ်အဖြစ် တရားဝင် အသွင်ပြောင်းလိုက်သည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo