ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ပိုးဖျက်၍ မွန်ပြည်နယ် စပါးထွက်နှုန်း တဝက်ခန့်လျော့နိုင်
ဝီရ / ၁၇ နိုဝင်ဘာ ၂၀၀၉

line

 

မွန်ပြည်နယ်အတွင်းရှိ အထွက်နှုန်းကောင်းသည့် လယ်ယာများ ပိုးဖျက်ခံရသည့်အတွက် မွန်ပြည်နယ်မှ ယခုနှစ်စပါးအထွက်နှုန်း ထက်ဝက်ခန့်လျော့ကျသွားနိုင်ကြောင်း တောင်သူများက ခန့်မှန်းကြသည်။

မွန်ပြည်နယ်အတွင်း စပါးအထွက်အများဆုံးဒေသဖြစ်သည့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် မကြုံစဖူးသော စပါးဖျက်ပိုးများကြောင့် (၁) ဧက တင်း (၆၀) ကျော် ထွက်ရှိသည့် လယ်ယာများ၌ပင် ယခုနှစ်တွင် တင်း (၃၀) ထွက်ရှိရန် မလွယ်ကူတော့ကြောင်း သံဖြူဇရပ်မြို့နယ်မှ ဧက (၄၀) ကျော်ပိုင်သည့် လယ်သမားတဦးက ပြောသည်။

၎င်းက “သံဖြူဇရပ်ကနေ ကျိုက္ခမီ၊ ကွမ်လှာ၊ ကမာဝက်အထိ လယ်ယာတွေ အားလုံးနီးပါး ပိုးထိတယ်။ ဒီနှစ် မှန်းထားတာရဲ့ တဝက်လောက်ပဲ စပါးထွက်မယ်။ စပါးနှံတွေ ထွက်လာပြီးမှ ပိုးတွေက စပါးနှံရဲ့ အတံကိုပဲ ကိုက်ဖြတ်တာဆိုတော့ အခုအချိန်မှာ ဘာမှလုပ်လို့မရတော့ဘူး။ အပင်နဲ့အရွက်တွေပဲ ကျန်နေတယ်။ တချို့အကွက်တွေဆို ဘာမှကိုမကျန်တာ။ ဒီနှစ် မြေသြဇာဈေးနှုန်းကလည်း ကြီးတော့ လယ်စဝင်ချိန် ထွန်ယက်ခကနေ စပါးသိမ်းလို့ အိမ်ရောက်တဲ့အထိ အရင်းအနှီးတွေကို ဖယ်လိုက်ရင် တဧကမှာ (၁၀) တင်းလောက်ပဲ ကိုယ့်အတွက်ကျန်မယ်” ဟု ပြောသည်။

ယခု ရင်ဆိုင်လိုက်ရသည့် စပါးဖျက်ပိုးသည် ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်း စပါးနှံထွက်စအချိန်တွင် စတင်ကျရောက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာတွင် ပိုးဖျက်ဆေးများ ဝေငှပေးခဲ့သော်လည်း အရာမရောက်ခဲ့ကြောင်း အဆိုပါလယ်သမားက ဆက်လက်ပြောကြားသည်။

ယင်းကဲ့သို့ စပါးပိုးကျရခြင်းမှာ ပြည်တွင်းထုတ် အဆင့်မမီသည့် မြေသြဇာအချို့ကြောင့်ဟုလည်း လယ်သမားအချို့က ယူဆနေကြသည်။

ကောက်သစ်စပေါ်ချိန်ဖြစ်သည့် လက်ရှိ စပါးကြမ်း တင်း (၁၀၀) လျှင် ကျပ် (၃) သိန်းအထက် မြင့်တက်နေသော်လည်း မွန်ပြည်နယ်တွင် စပါးအများစု ထွက်ရှိချိန် ဒီဇင်ဘာလရောက်လျှင် လက်ရှိဈေးနှုန်းထက် နိမ့်ကျနိုင်၍ အရင်းအနှီးစရိတ်ကို ကာမိရန် မလွယ်ကူကြောင်း လယ်သမားများက ပြောသည်။

ပိုးဖျက်ခံရသည့် ကောက်ကြီးစပါးသည် လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင်မှ ရိတ်သိမ်းရမည့်စပါးမျိုးဖြစ်ပြီး အချို့ဒေသ၌ ဖျက်ပိုးများသာမက ကြွက်ကိုက်ဖျက်ခြင်းများလည်းရှိကြောင်း ရေးမြို့နယ်မှ စိုက်ပျိုးရေးဌာန ဝန်ထမ်းတဦးက ပြောသည်။

“မွန်ပြည်နယ်မှာက ဖျက်ပိုးတွေအတွက် ကျနော်တို့ဌာနကတဆင့် ကြိုတင်ထားရှိထားတာ မရှိဘူး။ လယ်သမားတွေကိုယ်တိုင် ကြိုတင်ဝယ်ယူထားတာပဲ များတယ်။ ကျနော်တို့သွားကြည့်ဖြစ်တဲ့ လမိုင်းမြို့ဘက်ခြမ်းက ပိုးထိတာ များတယ်။ စပါးနှံကိုပဲ ကိုက်စားတဲ့ပိုးမျိုးပေါ့” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

ထိုဝန်ထမ်း၏ အဆိုအရ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က မွန်ပြည်နယ်၏ စပါးအထွက်နှုန်းသည် တဧကလျှင် (၄၄) တင်းသာ ရှိကြောင်း၊ ယခုနှစ်တွင် ယင်းထွက်နှုန်း၏ ထက်ဝက်မီရန် မလွယ်ကူတော့ကြောင်း သိရသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook