ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

ခရီးသည်တင်ရေယာဉ်နှင့် စီဘီတွဲသင်္ဘော ရင်ဆိုင်တိုက်
ခရီးသည် (၃၀) ကျော် ပျောက်ဆုံးနေ

မင်းနိုင်သူ / ၁၇ နိုဝင်ဘာ ၂၀၀၉

line

 

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ရှမ်းငူကျေးရွာအနီး ရေပြင်၌ ပုသိမ်-သက္ကယ်သောင်ပြေးဆွဲနေသည့် ခရီးသည်တင်ရေယာဉ် နေမျိုးထွန်းကြီးနှင့် ရေနံတင် စီဘီ-တွဲသင်္ဘောတို့ နိုဝင်ဘာ (၁၅) ရက် ညနေ (၈) နာရီခန့်တွင် ရင်ဆိုင်တိုက်မိကြောင်း ဒေသခံများက ပြောသည်။

ပုသိမ်မြို့ကျန်းမာရေးဦးစီးဌာနမှ အရာရှိတဦးက “မနေ့က ကျနော်တို့ သင်္ဂြိုဟ်လိုက်တာတော့ (၂၈) လောင်းပေါ့။ ပြန်ဆယ်ရလို့ ရတာတော့ (၁၂၀) ကျော်ရှိတယ်။ လူ (၃၀) ကျော်ကတော့ ပျောက်ဆုံးနေဆဲပဲ” ဟု ပြောသည်။

နေမျိုးထွန်းကြီး ခရီးသည်တင်ရေယာဉ်ပေါ်တွင် ခရီးသည် (၁၇၀) ကျော်ပါရှိခဲ့ပြီး အဆိုပါရေယာဉ်က ရပ်နားထားသော ရေနံတင်တွဲသင်္ဘောကို ၀င်ရောက်တိုက်မိခြင်းဖြစ်ကာ ပြင်းထန်လှသော အရှိန်ကြောင့် ခရီးသည်တင်ရေယာဉ်မှာ လုံးဝနစ်မြုပ်သွားပြီး စီးနင်းခရီးသည် (၁၂၀) ကျော်ကိုသာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့သည်။

ရေယာဉ်နစ်မြုပ် ဒုက္ခသည်များအား ရှမ်းငူကျေးရွာ မူလတန်းကျောင်းနှင့် ပုသိမ်မြို့တော်ခန်းမတို့တွင် ထားရှိကာ တရက်တာ ကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့ပြီးနောက် ယနေ့ နေရပ်များသို့ ပြန်လွှတ်လိုက်ပြီဖြစ်ကြောင်း အထက်ပါ ကျန်းမာရေးအရာရှိက ပြောသည်။

ရေယာဉ်တိုက်မှုနှင့်စပ်လျဉ်း၍ ပုသိမ်အသည်ကြီး ရဲစခန်း၊ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနများသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေဆိုကြခြင်းမရှိပေ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo