ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

မန္တလေးမြို့တွင် လမ်းဘေးအိပ်စက်သူ ပိုများလာ
ခိုင်လင်း / ၁၈ နိုဝင်ဘာ ၂၀၀၉

line

 

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်း လမ်းဘေးပလက်ဖောင်းနှင့် တိုက်ဘေးများတွင် ညဘက်ပိုင်း၌ လာရောက်အိပ်သူ အိမ်ယာမဲ့များ ပိုမိုများပြားလာနေသည်။

အိမ်ယာမြေမဲ့များနှင့် မြို့တွင်း ကြုံရာကျပန်း အလုပ်လုပ်သူများသည် မန္တလေးဈေးချိုဝန်းကျင်အနီးတွင် အများဆုံး လာရောက်ညအိပ်ကြပြီး ရပ်ကွက်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ရယက) ရုံးတို့တွင် ဧည့်စာရင်း တိုင်ကြားရသည်ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

၎င်းက “အဲဒီနေရာကို ချမ်းအေးသာစံ အလယ်လို့ ခေါ်တာပေါ့။ အဲလိုအိပ်တာကို (၂၉) လမ်းလောက်ကနေ စတွေ့ရပြီ၊ ဈေးချိုနီးလာလေ သူတို့ကို များများတွေ့ရလေပဲ။ လမ်းဘေးပလက်ဖောင်းပေါ်တို့၊ ဗန်ဒံပင်အောက်၊ တိုက်ဘေးတို့မှာ တွေ့ရတယ်။ ည (၁ဝ) နာရီနောက်ပိုင်း အဲဒီဘက်သွားရင် လမ်းဘေးမှာ ခြင်ထောင်တွေထောင်ပြီး တန်းစီအိပ်နေကြတာ။ နေ့ခင်းဘက်ဆို ထွက်အလုပ်လုပ်တယ်၊ အချို့က ဘူးခွံကောက်၊ အချို့က ကျပန်းပေါ့၊ အချို့က တောင်းရမ်းစားသောက်တယ်၊ အချို့က ကားဖုံသုတ်တယ်၊ အခြေမဲ့အနေမဲ့တွေပေါ့။ အရေအတွက်ကတော့ ခန့်မှန်းရခက်တယ်။ အနည်ဆုံး ရာပိုင်းလောက်ရှိမှာပဲ။ အဲဒါတွေက အခု ဧည့်စာရင်းတိုင်နေရတယ်” ဟု ပြောသည်။

အဆိုပါ လာအိပ်သူများတွင် မိသားစုများအလိုက် အများဆုံးတွေ့ရကြောင်း၊ အချို့မှာ နယ်ဘက်ပိုင်းမှ မန္တလေးတွင် အလုပ်ရှာရန် တက်လာကြသူ လူလတ်ပိုင်းများပင်ရှိကြောင်း အဆိုပါ မန္တလေးမြို့ခံက ပြောသည်။

၎င်းက “အချို့က မုံရွာနယ် အနောက်ဘက်ကတို့ ပါလာတယ်၊ နယ်အစုံကပဲ။ ဟိုမှာက အလုပ်အကိုင်မရှိလို့ မန္တလေးကို အလုပ်လာရှာကြတာ။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အုတ်သယ်မယ်၊ တောက်တိုမည်ရလုပ်မယ်၊ ကျပန်းလာလုပ်ကြတဲ့ သူတွေ။ ဘုန်းကြီးကျောင်းတွေမှာ၊ ကွက်သစ်တွေမှာနေပြီး ဒီမြို့ထဲကို အလုပ်လာလုပ်ဖို့ ဆိုတာကလည်း သွားလိုက်၊ ပြန်လိုက်နဲ့ ကားခတွေကုန်မယ်၊ အလုပ်ဆင်းဖို့ အချိန်နောက်ကျတာတွေ ရှိမယ်၊ ဒါကြောင့် မြို့ထဲမှာ ဖြစ်သလို တွေ့တဲ့နေရာ ရှာအိပ်ရတယ်။ ဈေးချိုတဝိုက်၊ မန္တလေးဘူတာကြီးတဝိုက် အဲလိုနေရာတွေမှာ အိပ်ကြတယ်” ဟု ပြောသည်။

ယခုနှစ်အတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် မိုးခေါင်ကာ စိုက်ပျိုးရေမရရှိ၍ လယ်ယာလုပ်ငန်းတွင် အချိန်နောက်ကျမှ စိုက်ပျိုးခဲ့ရသကဲ့သို့ စီးပွားရေးကျပ်တည်းမှုများကြောင့် ဒေသခံတောင်သူအများစုမှာ မန္တလေးနှင့် အိမ်နီးချင်းနယ်စပ်များသို့ ထွက်ကာ အလုပ်အကိုင်သစ်များ ရှာဖွေလုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo