ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 

ကိုကိုးကျွန်းလက်မှတ် သာမန်ပြည်သူများကို မရောင်း
အောင်ကျော်မိုး / ၁၈ နိုဝင်ဘာ ၂၀၀၉

line

 

နိုဝင်ဘာ (၂ဝ) ရက်နေ့ ရန်ကုန်မှ ကိုကိုးကျွန်းသို့ ထွက်ခွာမည့် သံလွင်သင်္ဘော ခရီးစဉ်လက်မှတ်များကို သာမန်ပြည်သူတို့အား ရောင်းချခြင်းမရှိဘဲ ဌာနဆိုင်ရာများကိုသာ ရောင်းချပေးနေသည်။

လက်မှတ်များကို ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်ရုံးများ၊ ရန်ကုန်တိုင်း ခယက ရုံးများမှတဆင့် ရောင်းချနေခြင်း ဖြစ်သည်။

“လက်မှတ်တွေကို တိုင်းမှူး၊ ခယက၊ မယက အပါအဝင် ဌာနဆိုင်ရာ ထောက်ခံစာတွေနဲ့ ဝယ်ယူကြသူတွေချည်းပါ။ ဒါကြောင့် သာမန်ပြည်သူတွေ ဝယ်လို့မရပါဘူး။ ဝယ်ချင်ရင် ဌာနဆိုင်ရာ တခုခုကို အကူအညီတောင်း၊ ထောက်ခံစာယူပြီးမှ ဝယ်လို့ရနိုင်ပါတယ်။ နောက် အထူးခန်းတွေကိုလည်း ဗွီအိုင်ပီတွေအတွက် ဖယ်ထားတာမို့ လုံးဝ မရောင်းပါဘူး” ဟု ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

ပြည်တွင်းထုတ်ဂျာနယ်များတွင် ကိုကိုးကျွန်း အပျော်သင်္ဘောခရီးစဉ်ဟု ဖော်ပြထားသော်လည်း မည်သည့်နေရာတွင် လက်မှတ်ရောင်းမည်ဟု မပါရှိပေ။

အဆိုပါလက်မှတ်များကို ဌာနဆိုင်ရာထောက်ခံစာဖြင့်သာ ရောင်းမည်ဆိုပါက ကြိုတင်ကြေညာထားသင့်ကြောင်း ကိုယ်တိုင်လက်မှတ်ဝယ်ခဲ့သူ ရန်ကုန်မြို့ခံတဦးက ပြောသည်။

၎င်းက “တနင်္ဂနွေထုတ် ဂျာနယ်တွေမှာ သာကေတ ဆိပ်ခံတံတား ဖုန်းနံပါတ်ဖော်ပြထားလို့ ဖုန်းဆက်ကြည့်တော့ တယက ရုံးမှာသွားဝယ်ဖို့ပြောတယ်။ ဒါနဲ့ အဲဒီရုံးကို သွားလက်မှတ်ဝယ်တော့ တိုင်းမှူးရဲ့ထောက်ခံစာနဲ့အတူ ဌာနဆိုင်ရာ ထောက်ခံစာတွေနဲ့ ၀ယ်ထားပြီးဖြစ်လို့ လက်မှတ် မကျန်တော့ဘူးလို့ ပြောလိုက်တယ်” ဟု ပြောသည်။

အဆိုပါ ရန်ကုန်-ကိုကိုးကျွန်း ခရီးစဉ်သည် (၃) ရက် (၂) ညအိပ် ခရီးစဉ်ဖြစ်ပြီး ရိုးရိုးတန်း လက်မှတ်တစောင် ကျပ် (၂၅,ဝဝဝ) သတ်မှတ်ထားသည်။ ယခု ပြေးဆွဲမည့် သံလွင်သင်္ဘောကြီးမှာ လူ (၄ဝဝ) ကျော်ဆန့်သည့် ပင်လယ်ကူးသင်္ဘောအမျိုးအစား ဖြစ်ပြီး လွန်ခဲ့သည့် (၁ဝ) နှစ်ကျော်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်က မှာယူထားသည့် သင်္ဘောကြီးဖြစ်သည်။

သင်္ဘောကြီး ရောက်လာကာစတွင် မော်လမြိုင်-ကော့သောင်း ခရီးစဉ်ပြေးဆွဲခဲ့ဖူးပြီး ကာလများစွာ ကျောက်ချရပ်နားထားခဲ့သည်။

လွန်ခဲ့သည့် (၃-၄) နှစ်မှစ၍ ပွင့်လင်းရာသီများတွင် ပုဂ္ဂလိကသို့ အငှားချထားပေးပြီး ရန်ကုန်-ကော့သောင်း-သူဌေးကျွန်း ခရီးစဉ်များ စီစဉ်ခဲ့သော်လည်း ခရီးစရိတ် မြင့်မားခြင်းကြောင့် ခရီးသွားသူနည်းပြီး ကန်ထရိုက်ဖြင့်ဆွဲသည့် ကုမ္ပဏီများလည်း တွက်ခြေမကိုက်ကြကြောင်း သိရသည်။

ယခုနှစ်တွင်မူ နိုင်ငံရေးသမားများကို ယခင်က တသက်တကျွန်း ပြစ်ဒဏ်ပေးရာ နေရာဖြစ်သည့် ရန်ကုန်မြို့မှ မိုင် (၂၆ဝ) ခန့် ဝေးသည့် ကိုကိုးကျွန်းသို့ အပျော်သင်္ဘောခရီးစဉ်အဖြစ် ပြေးဆွဲမည်ဆိုပြီး ကြေညာခဲ့ခြင်းဖြစ်သည်။

သို့သော် လက်မှတ်ရောင်းချရာ နေရာများသည် သာမန်ပြည်သူတို့ သွားလာရခက်ခဲသည့် အာဏာပိုင်ရုံးများ ဖြစ်နေသည့်အပြင် ဌာနဆိုင်ရာများကိုသာ ဦးစားပေးရောင်းချနေခြင်းကြောင့် သာမန်ပြည်သူများ လက်မှတ်ဝယ်ယူ၍ မရသလောက် ခက်ခဲကြောင်း စုံစမ်းသိရသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo