ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

သတင်းထောက်များ လွတ်မြောက်ရေး
စစ်အစိုးရကို ဖိအားပေးမည်

မေကျော် / ၁၈ နိုဝင်ဘာ ၂၀၀၉

line

 

စစ်အစိုးရ ဖမ်းဆီးထားသော သတင်းထောက်များကို နိုင်ငံတကာ မီဒီယာများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ သိရှိအောင်ပြုလုပ်ပြီး ၎င်းတို့အား ပြန်လွှတ်ပေးရန် ဖိအားပေးတောင်းဆိုသွားမည်ဟု နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့ (BNI) က ပြောကြားလိုက်သည်။

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ သတင်းများအပါအ၀င် သတင်းထောက်များကို မတရားဖမ်းဆီးမှုများ၊ နိုင်ငံတ၀ှမ်း ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပဋိပက္ခများကို ဖော်ထုတ်ပြီး နိုင်ငံတကာမှ သိရှိစေရန် BNI က ဖော်ထုတ်တင်ပြသွားမည်ဖြစ်သည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့အနေနဲ့ကတော့ ကမ္ဘာမှာ ရှိနေတဲ့ မီဒီယာအဖွဲ့အစည်းတွေ၊ နောက်ပြီးတော့မှ ဒီ အစိုးရဌာနတွေ၊ နောက်ပြီးတော့မှ နိုင်ငံတကာဆိုင်ရာ အဖွဲ့အစည်းတွေကို အားကိုးရမှာပဲ ဖြစ်ပါတယ်” ဟု BNI အဖွဲ့ဝင် ရှမ်းသံတော်ဆင့်သတင်းဌာနမှ အယ်ဒီတာ ဦးခွန်ဆိုင်းက ပြောသည်။

ဖမ်းဆီးထားသော သတင်းထောက်အားလုံးကို ပြန်လွှတ်ပေးရန်၊ ပြည်တွင်းပြည်ပ သတင်းထောက်များအား လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန်နှင့် ပုံနှိပ်ဖော်ပြခွင့်ပြုရန်၊ သတင်းစာနယ်ဇင်းများကို တင်းကျပ်စွာ စာပေစိစစ်ရေးက ဆင်ဆာလုပ်မှုများ ရပ်ဆိုင်းရန်တို့အတွက်လည်း စစ်အစိုးရအား ဘီအန်အိုင်၏ (၁၄) ကြိမ်မြောက် အစည်းအဝေးမှ တောင်းဆိုလိုက်သည်။

စစ်အစိုးရက မြန်မာပြည်တွင်း၌ လွတ်လပ်စွာ ရေးသားခွင့်နှင့် လွတ်လပ်စွာ သတင်းရယူခွင့်ကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး သတင်းထောက် အများအပြားကိုလည်း ဖမ်းဆီးထားကြောင်း၊ သို့သော် ဖမ်းဆီးခံထားရသူများ၏ အကျိုးစီးပွားကို ရှေးရှုပြီး စစ်အစိုးရ ဖမ်းဆီးထားသည့် သတင်းထောက်စာရင်း အတိအကျကိုမူ BNI အနေဖြင့် ထုတ်ဖော်ပြောဆိုခြင်း မပြုနိုင်ကြောင်း ဦးခွန်ဆိုင်းက ပြောကြားသည်။

“ကျနော်တို့က သတင်းအတိအကျ ဘယ်သူဟာ အဖမ်းခံနေရပါတယ်ဆိုပြီး ပြောလိုက်ရင် အဖမ်းခံရတဲ့သူဟာ သက်သာသွားရမယ့်အစား ပိုပြီးမှ ဆိုးလာနိုင်တယ်လို့ တွက်တဲ့အတွက်ကြောင့် အတိအကျ မပြောနိုင်တာဖြစ်ပါတယ်” ၎င်းက ပြောသည်။

မြန်မာ့သတင်းသမဂ္ဂ (BMA) က စုဆောင်းထားသော စာရင်းအရ စစ်အစိုးရ အကျဉ်းထောင်များတွင် အကျဉ်းကျခံနေရသော သတင်းထောက် (၂၀) ကျော်ရှိကြောင်း ဖော်ပြထားသော်လည်း အမှန်တကယ် ဖမ်းဆီးခံထားရပြီး မဖော်ထုတ်နိုင်သေးသော သတင်းထောက်များ ရှိနေသေးသည်ဟု သိရသည်။

ဖမ်းဆီးခံ သတင်းထောက်အားလုံးကို ပြန်လွှတ်ပေးပြီး လွတ်လပ်စွာ သတင်းရယူခွင့်ပြုမှသာ စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာမှ သတ်မှတ်နိုင်မည်ဖြစ်ကြောင်း BNI က ပြောကြားသည်။

BNI ကို ၂၀၀၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး မြန်မာတိုင်းရင်းသားသတင်းဌာန (၁၁) ဖွဲ့ပါဝင်ကာ ယခုလတွင် (၁၄) ကြိမ်မြောက် အစည်းအဝေးကို ကျင်းပနိုင်ခဲ့သည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo