ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

လယ်မြေ သိမ်းပိုက်ခံရမှုအတွက် မင်းလှလယ်သမားများ
လမ်းပြကြယ်အဖွဲ့ကို အကူအညီတောင်း

မင်းနိုင်သူ / ၁၈ နိုဝင်ဘာ ၂၀၀၉

line

 

ပဲခူးတိုင်း မင်းလှမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၁၅) စုမှ လယ်ယာမြေများ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် ပဲခူးလမ်းပြကြယ်အဖွဲ့ကို အကူအညီတောင်းခံထားကြောင်း ဒေသခံလယ်သမားများက ပြောသည်။

“ကျနော်တို့ လယ်မြေတွေကို ရယူပြီး လုပ်နေတဲ့ ပုဂ္ဂလိက ငါးကန်လုပ်ငန်းကို ဖယ်ရှားပြီး ကျနော်တို့ရဲ့ အမည်ပေါက် လယ်မြေတွေကို ပြန်လည်လုပ်ကိုင်ခွင့်ရရေးအတွက် အကူအညီပေးဖို့ တင်ပြထားပါတယ်” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။

မင်းလှမြို့နယ်ရှိ ကျေးရွာ (၅၀) ကျော် ပါဝင်သည့် ကျေးရွာအုပ်စု (၁၅) စုမှ လယ်မြေဧက (၈၀၀) ကျော်ကို လက်ပံတန်းမြို့နယ် ဆည်မြောင်းဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးစံမင်းက ၂၀၀၄ ခုနှစ်အတွင်း မြင်က၀- ကျောက်အိုင် မြစ်ရေကာတာကျိုးပေါက်ပျက်စီးမှုကို ပြုပြင်ပေးရစဉ် နိုင်ငံပိုင် စက်ယန္တရားကြီး (၂) စီးဖြင့် ညအချိန်တွင် ဒေသခံလယ်သမားများ၏ လယ်ယာမြေများပေါ်၌ ငါးမွေးကန်တူးဖော်သွားခဲ့သည်ဟု ဒေသခံလယ်သမားများက ပြောသည်။

ထိုကဲ့သို့ ငါးကန်တူးဖော်ခဲ့သည့်အပြင် ဒေသခံလယ်သမားများ၏ လယ်မြေပြေစာခွန်များကို ၂၀၀၆-၂၀၀၇ တွင် မြို့နယ်မြေစာရင်းရုံးမှ ဖျောက်ဖျက်ခဲ့ပြီး ၂၀၀၇-၂၀၀၈ တွင် ဦးစံမင်း၏ ငါးကန်ဧရိယာအားလုံးကို တဦးတည်း အမည်ပေါက်အဖြစ် မြို့နယ်မြေစာရင်းဦးစီးဌာနမှ ထုတ်ပေးခဲ့သည်ဟုလည်း ဒေသခံလယ်သမားများက ပြောသည်။

အဆိုပါလယ်မြေများ မတရားဖျက်ဆီးသိမ်းပိုက်ခြင်းခံရသည့် ကိစ္စကို လက်ပံတန်းမြို့နယ်၊ ဂုံမင်းကွင်းကျေးရွာနေ ဦးကြွယ်ထွဋ်က နစ်နာရသည့် လယ်သမားများကို ဦးဆောင်ကာ (၂၃-၃-၂၀၀၄) ရက်တွင် နိုင်ငံအကြီးအကဲများထံ တိုင်ကြားခဲ့ရာ ဒေသခံလယ်သမားများနှင့် အစိုးရ၀န်ထမ်းအချို့ကို ခေါ်ယူစစ်မေးခဲ့ပြီး ဦးစံမင်းကို လက်ပံတန်းမြို့နယ် ဆည်မြောင်းမှ နတ္တလင်းမြို့သို့ ပြောင်းရွှေ့ပေးခဲ့ရုံမျှသာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေသခံလယ်သမားများအနေဖြင့် မိမိလယ်မြေ ပြန်လည်လုပ်ကိုင်ခွင့်ရရှိရေးကိုသာ လိုလားကြသည်ဖြစ်ရာ အသိမ်းခံရစဉ်မှစ၍ နှစ်စဉ် နိုင်ငံ့အကြီးအကဲများထံ တိုင်ကြားနေခဲ့ရာ ၂၀၀၇ ခုနှစ်အတွင်း ဦးဆောင်တိုင်ကြားသူ လယ်သမား ဦးကြွယ်ထွဋ်ကို ဆည်မြောင်းဝန်ကြီး ဗိုလ်ချုပ်ဌေးဦးက ခေါ်ယူတွေ့ဆုံခဲ့သော်လည်း အကြောင်းမထူးခဲ့ကြောင်း၊ (၂၇-၄-၂၀၀၉) ရက်တွင်လည်း အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဒေသခံလယ်သမားများကို ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ပြန်သော်လည်း အကြောင်းမထူးသဖြင့် (၂၈-၁၀-၂၀၀၉) ရက်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ထပ်မံစာပို့တောင်းဆိုထားသည့်အပြင် လမ်းပြကြယ်အဖွဲ့ကိုလည်း အကူအညီတောင်းခံလိုက်ခြင်းဖြစ်ကြောင်း ဒေသခံလယ်သမားများက ပြောသည်။

အဆိုပါ လယ်မြေသိမ်းပိုက်ခံထားရမှုနှင့် စပ်လျဉ်း၍ ပဲခူးလမ်းပြကြယ်အဖွဲ့မှ ရှေ့နေကြီး ဦးအေးမြင့်က “ပန်းဇံတူးမြောင်းကို ပိတ်ပြီး ငါးကန်ဖော်သွားတာ။ အဲဒီအနီးတ၀ိုက်က လယ်တွေ အကုန်ပါတာပေါ့။ ကျေးရွာ (၅၀) ကျော်က အိမ်ထောင်စုပေါင်း (၂၀၀) ကျော်လောက် နစ်နာနေကြရတာ။ အချက်အလက်တွေ အားလုံးစုဆောင်းထားပြီးပါပြီ။ လိုအပ်သလို ဆက်လက်ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောသည်။

ပဲခူးလမ်းပြကြယ်အဖွဲ့အနေဖြင့် ကလေးစစ်သားသွပ်သွင်းခံရမှု၊ တောင်သူလယ်သမားများ မတရားပြုကျင့်ခံရမှုများကို
၂၀၀၆ ခုနှစ်မှ စတင်ကာ ကူညီဆောင်ရွက်ပေးနေသည့်အဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံတွင် လယ်ယာမြေသိမ်းပိုက်မှုများ ရှိနေဆဲဖြစ်ပြီး ၂၀၀၇ ခုနှစ်အတွင်း အောင်လံမြို့နယ်အတွင်းရှိ လယ်မြေများကို သကြားစက်ရုံမြေနေရာအတွက် အစိုးရက သိမ်းပိုက်ခဲ့သည့်အမှုသည် နာမည်ကြီးခဲ့သည်။

အဆိုပါအမှုကို အိုင်အယ်လ်အိုက ကူညီဖြေရှင်းပေးခဲ့သဖြင့် လယ်မြေများကို ပြန်လည်လုပ်ကိုင်ခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် တိုင်ကြားသူလယ်သမား (၁၂) ဦးမှာ အစိုးရ၏ ဖမ်းဆီးထောင်ချခြင်းခံကြရသည်။

“အိုင်အယ်လ်အိုနဲ့ အစိုးရနဲ့အကြားက နားလည်မှုစာချွန်လွှာကို ကောင်းကောင်း သဘောပေါက်ဖို့လိုတယ်။ အိုင်အယ်လ်အို အနေနဲ့က အဓိက ဖြေရှင်းပေးနိုင်တာက ကလေးစစ်သားစုဆောင်းမှုနဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ ကိစ္စတွေက ဥပဒေအကြောင်းကို သေချာနားလည်ထားပြီး ဥပဒေဘောင်ထဲ ၀င်လာအောင် တင်ပြပေးနိုင်ရတယ်။ ဒါမှသာ အောင်မြင်နိုင်မယ်” ဟု ရှေ့နေကြီး ဦးအေးမြင့်က ပြောသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo