ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

တရုတ်နိုင်ငံဘက် ကူးမည့်သူများ
ကျန်းမာရေးဌာနကို အခငွေကြေးပေးရ

ပေါက်ပေါက် / ၁၈ နိုဝင်ဘာ ၂၀၀၉

line

 

မကြာသေးမီရက်ပိုင်းမှစ၍ တရုတ်-မြန်မာနယ်စပ် ဝင်ထွက်ပေါက်တခုဖြစ်သည့် ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းတွင် တာဝန်ကျသည့် ကျန်းမာရေးဌာနက တရုတ်နိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်မည့်သူများအား အခကြေးငွေယူကာ ကျန်းမာရေးထောက်ခံချက်များ ထုတ်ပေးနေသည်။

ကန်ပိုက်တီးနယ်စပ်ဂိတ်တွင်ရှိနေသည့် ကျန်းမာရေးဝန်ထမ်းများက တစုံတရာ ကျန်းမာရေးဆေးစစ်မှု လုပ်မပေးဘဲ ကျန်းမာရေးကောင်းကြောင်း ထောက်ခံချက်ဖြတ်ပိုင်းကို လူတဦးလျှင် တရုတ်ငွေ (၂) ယွမ် (မြန်မာငွေ ကျပ်သုံးရာနီးပါး) ဖြင့် ထုတ်ပေးနေသည်ဟု လက်မှတ်လုပ်ခဲ့ရသူ မြစ်ကြီးနားမြို့သားက ပြောသည်။

၎င်းက “နပ်စ့်မလေးတွေက လုပ်ပေးတာ။ ဘာမှ စစ်တာဆေးတာမရှိဘူး။ နယ်စပ်ဖြတ်မယ်ဆိုရင် လဝကမှာ စာအုပ်လုပ်၊ ကျန်းမာရေးဌာမှာ အဲဒီလက်မှတ် သွားယူရတယ်။ ပြီးတော့ အဲဒီလက်မှတ်က တရုတ်ကလည်း ဘာမှ အရေးတယူ ကြည့်တာမျိုး၊ အသိအမှတ်ပြုတာမျိုးမရှိဘူး။ သူတို့က နယ်စပ်ဖြတ်ကျော် စာအုပ်ကိုသာ ကြည့်တာ။ ပြီးတော့ တရုတ်ကို အဝင်တံဆိပ် ထုပေးလိုက်တာပဲ။ တခါတလေ မသင်္ကာတဲ့သူကို အဖျားတိုင်းတာတော့ ဟိုတလောတုန်းက ရှိခဲ့ဖူးတယ်၊ လူတိုင်းကို မဟုတ်ဘူး” ဟု ပြောသည်။

တရုတ်ပြည်ဘက်တွင် အသုံးမဝင်သည့် အဆိုပါ ကျန်းမာရေးလက်မှတ်များ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းက အခကြေးငွေယူပြီး ထုတ်ပေးနေခြင်းသည် ခေါင်းစဉ်တမျိုးတပ်ကာ ငွေကောက်ခြင်းသက်သက် ဖြစ်သည်ဟု ဒေသခံများက ဝေဖန်နေကြသည်။

ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းသည် ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ကန်ပိုက်တီးကျေးရွာတွင်ရှိပြီး ယခုနှစ်၊ အောက်တိုဘာ (၁) ရက်တွင် ဖွင့်လှစ်ခဲ့သည်။

နယ်စပ်ဖြတ်ကျော်သည့် စာအုပ်များလုပ်ရာတွင် စာအုပ်တအုပ် တရုတ်ငွေ (၅ဝ) ယွမ်ပေးဆောင်ကြရပြီး ယခု ကျန်းမာရေးလက်မှတ်ခ ပေးဆောင်ရခြင်းနည်းတူ မြန်မာကျပ်ငွေ လက်မခံဘဲ တရုတ်ငွေဖြင့်သာ ကောက်ခံနေသည်။

တရုတ်နိုင်ငံဘက်ကမူ မြန်မာနိုင်ငံသားများ နယ်စပ်ဖြတ်ကျော်သွားလာမှုအတွက် မည်သည့်ငွေကြေးမျှ ကောက်ခံခြင်းမပြုပေ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo