ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အပစ်ရပ်အသွင်ပြောင်း ပြည်သူ့စစ်တပ်ဖွဲ့များအား
သုံးမျိုးသုံးစား ဖွဲ့ပေးမည်

ခိုင်လင်း / ၂၀ နိုဝင်ဘာ ၂၀၀၉

line

 

နယ်စပ်တွင်ရှိနေသည့် အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ရင်းများ ဖွဲ့ပေးမည် ဖြစ်သကဲ့သို့ နယ်စပ်နှင့်အလှမ်းဝေးသည့် အပစ်ရပ်အဖွဲ့များကို ပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် လူအင်အားပေါ်မူတည်၍ (၃) မျိုး ဖွဲ့စည်းရန်ရှိနေသည်။

ပြည်သူ့စစ်တပ်ဖွဲ့များကို လူအင်အားအလိုက် သုံးမျိုးသုံးစား ခွဲခြားထား ကြောင်း၊ ပြည်သူ့စစ် တပ်ဖွဲ့ကြီးတွင် လူအင်အား(၉ဝ) ဖြင့်ဖွဲ့စည်းပြီး လူအင်အား(၆ဝ) ကို လက်နက်များတပ်ဆင်ပေးကာ ကျန်(၃ဝ) ကို အရံအင်အားအဖြစ်လည်းကောင်း၊ ပြည်သူ့စစ်တပ်ဖွဲ့ အလတ်အား လူအင်အား (၆ဝ) ဖြင့် ဖွဲ့ပေးမည်ဖြစ်ပြီး (၄ဝ) အား လက်နက်တပ်ဆင် ပေးကာ ကျန်(၂ဝ) အား အရံအင်အားအဖြစ် လည်းကောင်း၊ ပြည်သူ့စစ် အဖွဲ့ငယ်ကို အင်အား (၃ဝ) ဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး လူအင်အား(၂ဝ) ကို လက်နက်တပ်ဆင်ကာ ကျန်(၁ဝ) ကို အရံအင်အားအနေဖြင့် လည်းကောင်း ဖွဲ့စည်းသွားရန် ရှိသည်ဟု အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ကချင် ကာကွယ်ရေး တပ်မတော်တို့ကျတော့ ပြည်သူ့စစ် အဖွဲ့ကြီးတွေ ဖွဲ့ခိုင်းနေတာပေါ့။ ကောင်းခါမှာအခြေစိုက်လို့ ကောင်းခါ ပြည်သူ့စစ်ဆိုပြီး ဖွဲ့ဖို့ရှိတယ်၊ ကောင်းခါ (၁) ၊ ကောင်းခါ (၂) ဆိုပြီး ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ပေးသွားမယ်။  သူကတော့ ပြည်သူ့စစ် ဖွဲ့မယ်ဆိုပြိး သဘောတူထားပြီသား၊  ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ကတော့ အဲဒါကို ဆွေးနွေးနေတုန်းပဲ” ဟု ပြောသည်။

ယင်းသို့ ဖွဲ့စည်းရာတွင် အသက် (၅ဝ) ကျော်များပါ ပါဝင်နိုင်သကဲ့သို့ ခေါင်းဆောင်ပိုင်းများက တပ်ဖွဲ့ နာယက အနေဖြင့် တာဝန်ယူသွားရန်ရှိနေပြီး အဆိုပါ ပြည်သူ့စစ်အဖွဲ့များကို သက်ဆိုင်ရာ စစ်တိုင်းစစ်ဌာနချုပ်က တိုက်ရိုက်ကွပ်ကဲသွားရန် ရှိသည်ဟု သိရသည်။ 

ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ(၄)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA-SESS) ခေါ် မိုင်းလားတပ်ဖွဲ့ကလည်း အဆိုပါ ပြည်သူ့စစ်အဖွဲ့ကဲ့သို့ မိမိတပ်ဖွဲ့ဝင်များဖြင့်သာ ဖွဲ့စည်းသွားလိုကြောင်း ကမ်းလှမ်းထားပြီး နအဖဘက်ကမူ တပ်မတော်သားများနှင့် ရောနှောဖွဲ့စည်းမည့် နယ်ခြားစောင့်တပ်ရင်းကိုသာ လက်ခံရန် ဖိအားပေးနေသည်။             

အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရာတွင် တရုတ်-မြန်မာနယ်စပ် အခြေစိုက် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်အား နယ်ခြားစောင့်တပ်ရင်း (၃) ရင်းဖြင့် လည်းကောင်း၊ ထိုင်းနယ်စပ်အနီး ကယားပြည်နယ်၊ အထူးဒေသ(၂)၊ ကလလတအဖွဲ့အား နယ်ခြားစောင့် တပ်ရင်း(၂) ရင်းဖြင့် လည်းကောင်း၊ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့မှ ခွဲထွက်ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ဝိုင်းမော်မြို့နယ်၊ ဂွေထူကျေးရွာ အခြေစိုက်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့အား အင်အား(၃ဝ) စီ ပါဝင်သည့် ကဝါးယန်ပြည်သူ့တပ်ဖွဲ့နှင့် ဂွေထူပြည်သူ့စစ်အဖြစ် လည်းကောင်း မကြာသေးမီက မြန်မာစစ်အစိုးရက ဖွဲ့စည်း ပေးထားသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook