ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

မယ်လဒုက္ခသည်စခန်းသို့
အလှူရှင်များ သွားရောက်လေ့လာ

ရဲရင့် / ၂၄ နိုဝင်ဘာ ၂၀၀၉

line

 

ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွင် ၎င်းတို့လှူဒါန်းထားမှုအနေအထားများ သိနိုင်ရန် ဥရောပသမဂ္ဂအဖွဲ့ဝင် (၁၄) နိုင်ငံမှ သံတမန်များ မယ်လဒုက္ခသည်စခန်းသို့ ယမန်နေ့၌ သွားရောက်လေ့လာခဲ့ကြသည်။

မယ်လဒုက္ခသည်စခန်းဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “သူတို့လာတာက သူတို့လှူထားတာတွေကို ဘယ်လိုမျိုး စီမံခန့်ခွဲသလဲ ဆိုတာကို လာလေ့လာတာဖြစ်တယ်။ ဒီကအနေအထားကို ကြည့်ပြီး လာမယ့် ၂၀၁၀ အတွက် ဘတ်ဂျက်ဆွဲဖို့ဖြစ်တယ်လို့ သိရတယ်” ဟု ပြောသည်။

ဥရောပသမဂ္ဂ၏ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားဆိုင်ရာသံအမတ် မစ္စတာဒေးဗစ်လစ်မင်း ဦးဆောင်သည့် အဖွဲ့ဝင် (၂၇) ဦးပါ သံတမန်များအဖွဲ့သည် မယ်လစခန်း၏ စီမံခန့်ခွဲမှုဌာနကြီး (၅) ခုဖြစ်သည့် ကျန်းမာရေးဌာန၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေးဌာန၊ ပညာရေးဌာန၊ ဥပဒေအကြံပေးဌာန၊ ရိက္ခာထုတ်ပေးရေးဌာနတို့ကို စစ်ဆေးခဲ့ကြသည်။

အလှူရှင်နိုင်ငံတို့မှ ယခုကဲ့သို့ ကွင်းဆင်းလာရောက်ခြင်းသည် ဒုက္ခသည်စခန်းများတွင် အဂတိလိုက်စားမှုများ တိုးပွားလာခြင်းနှင့် ဆက်စပ်မှုရှိကြောင်း ဒုက္ခသည်အရေး ဆောင်ရွက်နေသည့် အစိုးရမဟုတ်သောအဖွဲ့တခုမှ ဌာနေ၀န်ထမ်းတဦးက ပြောသည်။

၂၀၀၆ ခုနှစ်မှစ၍ ဒုက္ခသည်စခန်းတို့မှ ဒုက္ခသည်များကို တတိယနိုင်ငံများသို့ ပြောင်းရွှေ့အခြေချခွင့်ပြုရာ ဒုက္ခသည် အစစ်အမှန်မဟုတ်ဘဲ မသမာသည့်နည်းဖြင့် ရောက်ရှိသွားသူများအနက် (၉၅) ရာခိုင်နှုန်းမှာ မယ်လစခန်းမှ အများစုပါဝင်သည်ဟု ယူအန်အိပ်ခ်ျစီအာက ပြောကြောင်း အဆိုပါဝန်ထမ်းက ပြောသည်။

ယင်းဖြစ်ရပ်များကြောင့် မယ်လစခန်းမှ ဒုက္ခသည်များ အမေရိကန်နိုင်ငံသို့ သွားရောက်အခြေချခွင့်ကို ယခင်လမှစကာ ရပ်နားထားပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) က စခန်းအတွင်း စစ်ဆေးလျက်ရှိသည်။

မယ်လစခန်းတွင် တရားဝင်ဒုက္ခသည် (၃၁,၀၀၀) ခန့်နှင့် တရားမ၀င် (၂၅,၀၀၀) ခန့်နေထိုင်လျက်ရှိပြီး အဆိုပါလူသစ်များအတွက် အခြေခံစားကုန်များကို ထိုင်း-မြန်မာနယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအသင်း (တီဘီဘီစီ) အဖွဲ့က ထောက်ပံ့ပေးထားသည်။

တီဘီဘီစီအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ မြန်မာဒုက္ခသည်စခန်း (၉) ခုမှ ဒုက္ခသည် (၁၃၀,၀၀၀) အတွက် စားနပ်ရိက္ခာများကိုလည်း ထောက်ပံ့ပေးလျက်ရှိပြီး ယင်းအဖွဲ့အတွက် အဓိကရန်ပုံငွေ ထည့်ဝင်သည့်အလှူရှင်များမှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများဖြစ်သည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo