ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ပို့ကုန်ငွေရှိသူများကို ကုန်ပစ္စည်းတင်သွင်းခွင့်ပြုတော့မည်
မျိုးချစ်သူ / ၂၆ နိုဝင်ဘာ ၂၀၀၉

line

 

ပြည်ပပို့ကုန်ငွေ (Export Earning) ရရှိထားသူတိုင်းကို စီးပွားရေးမူဝါဒရေးရာကောင်စီက မည့်သည့်ကုန်ပစ္စည်းမဆို ပြည်ပမှ လွတ်လပ်စွာ တင်သွင်းခွင့်ပြုရန် စီစဉ်နေကြောင်း ပို့ကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ဒီဇယ်ဆီတွေကို ကော်မတီဖွဲ့ပြီး တင်သွင်းနေကြရာက ပို့ကုန်ဝင်ငွေ ရှိသူတိုင်း တင်သွင်းခွင့်ရတာကို အတိအကျ သတင်းထုတ်ပြန်ခဲ့ပြီးနောက် အခုတခါ ကျန်တဲ့ပစ္စည်းတွေကိုလည်း အဲလိုပဲ တင်သွင်းခွင့်ပေးဖို့ နေပြည်တော်က စီစဉ်နေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်းရှင်များအား လောင်စာဒီဇယ်ဆီ လွတ်လပ်စွာ တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း အဆိုပါလုပ်ငန်းရှင်က ပြောသည်။

သတ္တုတွင်းဝန်ကြီးဌာနအနေဖြင့်လည်း ရတနာများကို ပြည်ပက တင်သွင်းခွင့်ပြုတော့မည်ဖြစ်ကြောင်း နေပြည်တော်ရှိ သတ္တုတွင်းဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

၎င်းက “နိုင်ငံခြားငွေရှိတဲ့သူတွေကို ဒီဇယ်တင်သွင်းခွင့်ပြုပြီးနောက် ပုဂ္ဂလိကလုပ်ငန်းရှင်တွေအနေနဲ့  လုပ်ငန်းဆောင်ရွက်ရတာ လွတ်လပ်ခွင့်ရလာတယ်။ ဒါ့ကြောင့် ကျနော်တို့ သတ္တုတွင်းဝန်ကြီးဌာနအနေနဲ့လည်း အဲဒီလိုပဲ တင်သွင်းခွင့်ကို ဖွင့်ပေးလိုက်တယ်၊ လောလောဆယ်တော့ သွင်းမယ့်သူတွေ မပေါ်လာသေးဘူး” ဟု ပြောသည်။

မြန်မာပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဒီဇယ်တင်သွင်းခွင့်ကို စိတ်ဝင်စားကြသော်လည်း သတ္တုတွင်းဝန်ကြီးဌာနနှင့် ပတ်သက်သော ရွှေနှင့် အခြားရတနာများကို စိတ်မ၀င်စားကြကြောင်း မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းဝင်တဦးက ပြောသည်။

ရတနာကုန်သည်တဦးကမူ “ရွှေကို ကျနော်တို့  မြန်မာနိုင်ငံမှာ ပြည်ပက တင်သွင်းရလောက်အောင်ထိ ဈေးကွက်လိုအပ်ချက်မရှိဘူး။ တခုတော့ ပြောလို့ရတယ်။ ပြည်ပက ဒီဇိုင်းဆန်းတွေကို တင်သွင်း ရောင်းချတာမျိုးပေါ့၊ ဒါလောက်တော့ ရမယ်။ အရေးကြီးတာက မြန်မာက ကျောက်စိမ်းတို့လို တွင်းထွက်တွေကိုပဲ ပြည်ပပို့ကုန်အနေနဲ့ တွင်တွင်ကျယ်ကျယ် လုပ်ပေးနိုင်ဖို့၊ ခွင့်ပြုနိုင်ဖို့ကိုတော့ အားလုံးက လိုလားကြတယ်။ အကောက်ခွန် သက်သက်သာသာနဲ့ပေါ့ဗျာ” ဟု ပြောသည်။

မြန်မာလူမျိုး စီးပွားရေးလုပ်ငန်းရှင်များက ပြည်ပမှ ကားတင်သွင်းခွင့်ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိရန် မျှော်လင့်စောင့်ဆိုင်းလျက်ရှိကြကြောင်း ရန်ကုန်မှ နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတဦးက ပြောသည်။

၎င်းက “မြန်မာပြည်ကလူတွေ ဇိမ်ခံကားတွေကို ဈေးအဆမတန်ပေး စီးနေရတယ်။ ဒါမျိုးတွေကို ကျမတို့ စီးပွားရေးလုပ်ငန်းရှင်တွေက တင်သွင်းချင်ကြတယ်။ ဒါပေမယ့် အစိုးရက တင်သွင်းခွင့်မပေးဘူး။ ဒါက စီးပွားရေးပိတ်ဆို့မှုတွေနဲ့လည်း ဆိုင်နေတာပေါ့လေ။ Export Earning ရှိတဲ့သူတွေကို ဒီဇယ်တင်သွင်းခွင့် ပြုတယ်ဆိုတာသိရလို့  ကြိုဆိုပါတယ်။ ဖြစ်နိုင်ရင် အရာအားလုံးကို ဖွင့်ပေးစေလိုပါတယ်” ဟု ပြောသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook