ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

အရောင်းဝန်ထမ်းများ၏ တင်ပြချက်
စည်ပင်ထုတ်ပြန်ချက်နှင့် တလွဲစီဖြစ်

ဝီရ / ၂၆ နိုဝင်ဘာ ၂၀၀၉

line

 

ရန်ကုန်မြို့ စည်ပင်နယ်နိမိတ်အတွင်းရှိ စင်တာနှင့်ကုန်တိုက်များမှ အရောင်းဝန်ထမ်းတို့အား အလုပ်ရှင်များက ရက်သတ္တ
(၁) ပတ်လျှင် (၄၈) နာရီထက် ပိုမိုစေခိုင်းခြင်း မရှိရဟူသည့် မြို့တော်ဝန်၏အမိန့်သည် အရောင်းဝန်ထမ်းတို့၏ လိုလားချက်များနှင့် တခြားစီ ကွဲပြားနေကြောင်း ဝန်ထမ်းများက ပြောသည်။

ဗဟန်းမြို့နယ် ယုဇနစင်တာမှ အရောင်းဝန်ထမ်းတဦးက “ကျမတို့တင်ပြထားတာက စင်တာကြီးတွေနဲ့ ကုန်တိုက်တွေက အရောင်းဝန်ထမ်းတွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေက တူညီတဲ့ အားလပ်ရက် တရားဝင် သတ်မှတ်ပေးဖို့ပါ။ ဥပမာ ရန်ကုန်မြို့က အရောင်းဝန်ထမ်းတွေအားလုံးရဲ့ အလုပ်နားရက်အဖြစ် တနင်္ဂနွေနေ့ဆိုပြီး သတ်မှတ်ပေးလိုက်။ စင်တာကို မပိတ်ချင်ရင် နေ့တိုင်းဖွင့်လည်း ရတယ်။ ဒါပေမယ့် အဲဒီအားလပ်ရက်မှာ အလုပ်ဆင်းရရင် အချိန်ပိုကြေး အထူးလုပ်အားခ အနေနဲ့ ပေးရမယ်။ ကျမတို့က အဲဒီလို ဖြစ်စေချင်တာ။ အမိန့်ထွက်လာတော့ အလုပ်ရှင်နဲ့ ဝန်ထမ်းတွေ ပြဿနာဖြစ်အောင် တွန်းသလိုဖြစ်နေတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

အရောင်းစင်တာနှင့် ကုန်တိုက်တွင် ပိတ်ရက်မရှိ အလုပ်လုပ်နေကြရသည့် ဝန်ထမ်းများက အလုပ်နားရက် တပြေးညီ သတ်မှတ်ပေးရန် အလုပ်ရှင်နှင့် အာဏာပိုင်တို့ထံ ယခုလဆန်းပိုင်းက တင်ပြခဲ့ပြီးသည့်နောက် ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက တပတ်လျှင် (၄၈) နာရီထက် ခိုင်းစေလျှင် အလုပ်သမားဝန်ကြီးဌာနသို့ တိုင်ကြားနိုင်ကြောင်း ပြောကြားခဲ့သည်။

သတ်မှတ်ချိန်ထက် ခိုင်းစေလျှင် ဥပဒေနှင့် ငြိစွန်းနေ၍ တိုင်ကြားနိုင်ကြောင်း စည်ပင်သာယာရေးကော်မတီက အရောင်းဆိုင်များတွင် လွန်ခဲ့သည့်အပတ်က စာကပ်ထားသော်လည်း မည်ကဲ့သို့ အရေးယူပေးမည်၊ မည်မျှ အာမခံချက်ရှိမည် စသည့် အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိချေ။

“နေ့စား အလုပ်သမားပဲဖြစ်ဖြစ်၊ လခစားအလုပ်သမားပဲဖြစ်ဖြစ် (၁) ပတ်မှာ တရက်တော့ အနားပေးရမယ်ဆိုတာ အလုပ်ရှင်တွေသိအောင် ဥပဒေအတိုင်း လိုက်နာအောင် ဒီလိုစာထုတ်တာ။ တိုင်ကြားလို့ ဥပဒေအရ အရေးယူတဲ့ကိစ္စကို စည်ပင်သာယာအနေနဲ့ ဘာမှမလုပ်ပေးပါဘူး။ အလုပ်သမားဝန်ကြီးဌာနကိုပဲ လျှောက်ရမှာ။ စည်ပင်အနေနဲ့က သိဖို့အတွက် စာကပ်ပေးတာ” ဟု ဗိုလ်မှူးချုပ် အောင်သိန်းလင်း ပြောကြားချက်ကို ကိုးကား၍ ယနေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ ပြောဆိုချက်သည် လက်တွေ့အခြေအနေတွင် မလွယ်ကူကြောင်းနှင့် လွဲမှားစွာ ချမှတ်လိုက်သည့် အမိန့်သာ ဖြစ်ကြောင်း ဝန်ထမ်းများက ဆိုသည်။

“အခု ကြေညာချက်အတိုင်း သွားတိုင်ရရင် အရောင်းစင်တာတိုင်းက ဝန်ထမ်းတွေ သွားတိုင်ရမယ်လေ။ အရောင်းစင်တာတိုင်းက တနေ့ကို (၁၀) နာရီအထိ ခိုင်းနေတဲ့ဥစ္စာပဲ။ သွားတိုင်ရင် အချိန်ပိုလုပ်ခတို့၊ လျော်ကြေးတို့ ရဖို့ မသေချာပေမယ့် အလုပ်ဖြုတ်မှာတော့ သေချာတယ်။ ဒါကြောင့် ဒီကြေညာချက်က လက်တွေ့မှာ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြဿနာ ဖန်တီးတာပဲ” ဟု မင်္ဂလာဈေး အထည်ဆိုင်တဆိုင်မှ အရောင်းဝန်ထမ်း မသက်အေးက ပြောသည်။

ရန်ကုန်မြို့ရှိ ယုဇနစင်တာ မန်နေဂျာတဦးက ထိုကြေညာချက်နှင့်ပတ်သက်၍ ယုဇနဝန်ထမ်းများသည် အလုပ်လုပ်ချိန် တရက်လျှင် (၈) နာရီသာ ထားရှိကြောင်း ဖြေကြားခဲ့သော်လည်း အရောင်းဝန်ထမ်းများကမူ မနက်ပိုင်း (၉) နာရီမှ (၁၂) နာရီ အထိ၊ ညနေပိုင်း (၁) နာရီမှ ည (၈) နာရီအထိ တရက်လျှင် (၁၀) နာရီတိတိ အလုပ်လုပ်ကြရကြောင်း ပြောသည်။

ရန်ကုန်မြို့ အရောင်းစင်တာနှင့် ကုန်တိုက်ဝန်ထမ်းတို့သည် တရက်လျှင် အနည်းဆုံး (၉) နာရီ အလုပ်လုပ်ကြရပြီး လစာမှာမူ ကျပ် (၃၅,၀၀၀) မှ (၁) သိန်းဝန်းကျင်ခန့်သာ ခံစားခွင့်ရှိကြသည်။ အရောင်းစင်တာများက ဝန်ထမ်းတို့အား (၁) ပတ်လျှင် အလှည့်ကျ တရက်နားစနစ်ဖြင့် နားစေပြီး ပိတ်ရက်မရှိ လုပ်ငန်းလည်ပတ်စေကြောင်း သိရသည်။

မသက်အေးက “ကြေညာချက်အတိုင်းဆိုရင် တရက်ကို (၈) နာရီ၊ (၁) ပတ်မှာ (၆) ရက် အလုပ်လုပ်ပေါ့။ သက်ဆိုင်ရာက ဒီ့ထက် ပိုသတ်မှတ်သင့်တာက အဲဒီထက် ပိုတဲ့အချိန်တွေဆိုရင် အချိန်ပိုကြေး ပေးဖို့ပါ။ ဒါပေမယ့် ကြေညာချက်မှာ အဲဒါမပါဘဲ သွားတိုင်လို့ရတယ်ဆိုပြီး အပြုသဘောမဆောင်တဲ့ အပေါ်ယံလောက်ပဲ ချမှတ်လိုက်တာ။ ပိုတဲ့အလုပ်ချိန်အတွက် အကျိုးခံစားခွင့်နဲ့ အလုပ်အားရက် တပြေးညီ သတ်မှတ်ဖို့ကြတော့ မချမှတ်ပေးဘူး။ ဒါကြောင့် ဘယ်သူက သွားတိုင်ရဲမလဲ" ဟု ပြောသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook