ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - တိုက်ပြိုပြီး အချိန်မီမကယ်နိုင်၍ ဆယ်တန်းဖြေကျောင်းသူ သေဆုံး ကြားဖြတ်အစိုးရဖွဲ့ရန် အမ်ပီယူ တောင်းဆို ရွေးကောက်ပွဲဥပဒေထုတ်ပြီး ရန်ကုန်လုံခြုံရေးတိုးမြှင့် ကင်တားနား၏ မတ်လအစီရင်ခံစာ ဟတ်ကြီးရေကာတာ တည်ဆောက်မှု ရပ်တန့်ရေး ထိုင်း-မြန်မာဒေသခံများ ဆန္ဒပြ ပါတီနိုင်ငံရေးကိစ္စ အဆုံးဖြတ်ပေးရန် လာမည့် (၂၉) ရက်တွင် အန်အယ်လ်ဒီ ဆွေးနွေးမည် အင်္ကျီနီဝတ်များ၏ တောင်းဆိုမှုကို ထိုင်းအစိုးရ ငြင်းပယ် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၁) (ဆောင်းပါး)
 


quote
 

 

 

အမှိုက်ပစ်လျှင် ဒဏ်ငွေ ကျပ် (၁) သိန်းကောက်မည်ဟု
တယက ကြေညာပြန်

မျိုးချစ်သူ / ၂၆ နိုဝင်ဘာ ၂၀၀၉

line

 

ရန်ကုန်မြို့တွင်းရှိ မြို့နယ်တို့တွင် နောက်ဖေးလမ်းကြားသို့ အမှိုက်ပစ်ပါက ဒဏ်ငွေ ကျပ် (၁) သိန်းထိ တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (တယက) က ကြေညာလိုက်သည်။

တယက က ပြီးခဲ့သည့် သြဂုတ်လ ပထမပတ်တွင် ပုဒ်မ (၁၈၈) ထုတ်ပြန်ကာ လမ်းကြားသို့ အမှိုက်မပစ်ရဟု အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဒဏ်ကြေး (၁) သောင်းကျပ် သတ်မှတ်ကောက်ခံခဲ့ပြီး အောက်တိုဘာလတွင် ဒဏ်ကြေး
(၂) သောင်းကျပ်၊ ထို့နောက် (၅) သောင်းကျပ် အသီးသီးသတ်မှတ် ကောက်ခံပြီးနောက် ယခုအခါ ကျပ် (၁) သိန်းအထိ တိုးမြှင့်ကောက်ခံမည်ဟု ကြေညာလိုက်ခြင်းဖြစ်သည်။

တယက ထုတ်ပြန်သည့် တားမြစ်ဥပဒေတွင် မည်သည့်အမှိုက်ဖြစ်စေ တစုံတယောက်က စွန့်ပစ်ထားကြောင်း တွေ့ရှိပါက သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ရယက အဖွဲ့ဝင်များထံသို့ အကြောင်းကြားရမည်ဖြစ်ပြီး အကြောင်းမကြားပါက အဆိုပါအမှိုက်နှင့် အနီးစပ်ဆုံးအခန်းတွင် နေထိုင်သူများက ၀ိုင်းကြီးချုပ်စနစ်ဖြင့် အဆိုပါ အမှိုက်ပစ်ခြင်းအတွက် ဒဏ်ကြေးပေးဆောင်ရမည်ဟု ပါရှိသည်။

ဒဏ်ငွေသတ်မှတ်သော်လည်း လိုက်နာသူ နည်းပါးနေသေးသည့်အတွက် ယခုကဲ့သို့ ဒဏ်ငွေတိုးမြှင့်ကောက်ခံရခြင်း ဖြစ်ကြောင်း၊ ရန်ကုန်မြို့သည် ကမ္ဘာလှည့် ခရီးသွားများ လာရောက်လည်ပတ်နေသည့် မြို့ဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့် လျော်ညီစေရန် အမှိုက်ပစ်ခြင်းကို တင်းကျပ်စွာ တားမြစ်ခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ် ကြံ့ဖွံ့အဖွဲ့ဝင်တဦးက ပြောသည်။

ရန်ကုန်မြို့တွင်း နေထိုင်သူအများစုကမူ အမှိုက်ပစ်ရန်နေရာသည် လမ်းမပေါ်တွင်သာ ဖြစ်နေသဖြင့် စည်ပင်ကသာ အချိန်မှန် အမှိုက်သိမ်းရန် အဓိကလိုအပ်သည်ဟု ပြောဆိုကြသည်။

“စည်ပင်က ပြောပါတယ်။ တိုက်ခန်းတွေရဲ့ ရှေ့မျက်နှာစာမှာ အမှိုက်ကို ထားပေးပါ၊ လာ သိမ်းပါ့မယ်တဲ့။ ဒါပေမယ့် မလာတာက များတယ်လေ။ အဲဒီတော့ တယက က ဒဏ်ငွေ ပြစ်ဒဏ် ကောက်ခံတယ်။ ကျနော်တို့က အမှိုက်ကို အချိန်မီလာသိမ်းဖို့ကိုပဲ လိုလားတယ်။ ဒါဆိုရင် ကျနော်တို့လည်း တိုက်ပေါ်ကနေ လွှင့်ပစ်တာမျိုး ဖြစ်စရာ အကြောင်းမရှိတော့ဘူး” ဟု ပန်းပဲတန်း မြို့နယ်အတွင်း နေထိုင်သူတဦးက ပြောသည်။

ရန်ကုန်မြို့တွင်း (၆) မြို့နယ်တွင် နေထိုင်ကြသော ပြည်သူများက လမ်းကြားများတွင် အမှိုက်သိမ်းရန်အတွက် တိုက်ခန်းတခန်းလျှင် ကျပ် (၄,၀၀၀-၅,၀၀၀) အထိ ပေးဆောင်ကြရကြောင်းလည်း မြို့ခံများက ပြောသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo