ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 

 

 

မော်လမြိုင် နှစ်ထပ်ဈေးမှ အမြတ်ငွေ သိန်းပေါင်း သိန်းချီရ
လင်းနိုင်ဦး / ၂၇ နိုဝင်ဘာ ၂၀၀၉

line

 

ဗိုလ်ချုပ်ကြီးသူရရွှေမန်း၏သား အဓိကရှယ်ယာပါဝင်သည့် ဧရာဟင်္သာကုမ္ပဏီသည် မော်လမြိုင် အမှတ် (၁) ဈေး ဆောက်လုပ်ရာ တွင် အမြတ်ငွေ ကျပ် သိန်းပေါင်း (၁) သိန်းကျော် ရရှိခဲ့ကြောင်း အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်း၌ ပါဝင်ခဲ့သူ  အင်ဂျင်နီယာတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ဈေးဆောက်တာ ဆိုင်ခန်းပေါင်း (၁,၃၃၆) ခန်း ထွက်တယ်။ မူလပိုင်ရှင်တွေရဲ့ အခန်း (၁,၁၂၄) ခန်းကို တခန်း ကျပ် သိန်း (၅ဝ) သွင်းခိုင်းတာက ကျပ်သိန်းပေါင်း (၅၆,၂ဝဝ) ရတယ်။ ကုမ္ပဏီခွဲတမ်းက ပိုတဲ့ အခန်းပေါင်း (၂၁၂) ခန်း ကို အနည်းဆုံး ကျပ်သိန်း (၄ဝဝ) လောက်နဲ့ ဈေးဖွင့်ရောင်းတာ၊ အကြမ်းဖျဉ်း ကျပ်ငွေ သိန်းပေါင်း (၈၄,၈ဝဝ) ရတယ်။ စုစုပေါင်းဝင်ငွေ သိန်းပေါင်း (၁) သိန်း (၄) သောင်း ကျော်တယ်။ ဈေးဆောက်တာက ကျပ်သိန်း (၄) သောင်း မကုန်ဘူး။ ဒီတော့ စုစုပေါင်းအမြတ်ငွေ ကျပ် သိန်းပေါင်း (၁) သိန်းကျော်ရတယ်” ဟု ပြောသည်။

အဆိုပါ ဧရာဟင်္သာကုမ္ပဏီသည် ဗိုလ်ချုပ်ကြီးရွှေမန်း၏သား အောင်သက်မန်း၊ မော်လမြိုင်မြို့ခံ တိုင်းမှူးနှင့် ရင်းနှီးသည့် စီးပွားရေးသမားများပါဝင်ပြီး အမှတ် (၁) ဈေး ဆောက်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဈေး မီးလောင်ပြီးနောက်ပိုင်း မော်လမြိုင်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီများ ဈေးသစ်ဆောက်လုပ်ခွင့်ရရန် အရှေ့တောင်တိုင်း စစ်တိုင်းမှူးထံ တင်ပြခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ ဗိုလ်ချုပ်ကြီးရွှေမန်း၏သားနှင့် ပူးပေါင်းလုပ်ကိုင်ရန် ညွှန်ကြားရာမှ ယခုကုမ္ပဏီ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ ဧရာဟင်္သာ ကုမ္ပဏီက ခွဲတမ်းရမည့်ဆိုင်ခန်းများ ဈေးကောင်းရအောင် ဆိုင်ခန်းနေရာများကို မသမာသည့်နည်းဖြင့် ရယူခဲ့ကြောင်း ဈေးသာယာရေး ကော်မတီဝင်တဦးက ပြောသည်။

၎င်းက “ကုမ္ပဏီဟာ ဈေးကောင်းရမယ့် နေရာကောင်းမှန်သမျှ ကြိုတင်ရယူထားပြီး ကျန်နေရာတွေကိုသာ မဲနှိုက်နေရာချထားပေးခဲ့တာ။ မူလ ဆိုင်ခန်းပိုင်ရှင်တွေ မကျေနပ်ကြပေမယ့် ဘာမှ မတတ်နိုင်ဘူး” ဟု ပြောသည်။

ယခုကဲ့သို့ ဖြစ်ရပ်မျိုး ယခင် မြိုင်ရတနာ နှစ်ထပ်ဈေး ဆောက်ပြီး၍ ဆိုင်ခန်းနေရာ ချထားစဉ်ကလည်း ကြုံခဲ့ရကြောင်း၊ ယင်းအချိန်က ဆိုင်ခန်းနေရာချထားမှုကို ပြည်နယ်ခန်းမတွင်ပြုလုပ်စဉ် ဈေးမိဈေးဖများက ကောင်းမွန်စွာ တင်ပြတောင်းဆိုခဲ့သော်လည်း ခရိုင်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ဥက္ကဋ္ဌက ရိုင်းစိုင်းစွာ ပြောဆိုခဲ့ကြောင်း အဆိုပါ ဈေးသာယာရေးကော်မတီဝင်က ပြောသည်။

၎င်းက “ဈေးသူဈေးသားတွေအပေါ် လက်ရှိ စည်ပင်နဲ့ ဒေသဆိုင်ရာအာဏာပိုင်တွေရဲ့ ဆက်ဆံပုံဟာ အရင်ကနဲ့မခြား ဘာမှမထူးခြားဘူး” ဟု ပြောသည်။

၁၉၈၉  ခုမတိုင်မီ မဆလခေတ်၌ မော်လမြိုင်မြို့သည် မှောင်ခိုမြို့တော်ဖြစ်ခဲ့ပြီး နောက်ပိုင်း ဈေးမြို့တမြို့ ဖြစ်လာကာ ဈေးဆိုင်တည်ခင်းရောင်းချမှု အဓိကဖြစ်လာသည့်အတွက် ဈေးများမှ ဆိုင်ခန်းများမှာ အလွန်တန်ဖိုးကြီးမြင့်ကြောင်း စုံစမ်းသိရသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo