ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

လက်ခုပ်ကုန်း Cyclone Shelter
ဒေသခံတို့အတွက် လက်တွေ့အကျိုးမရှိနိုင်

အောင်ထက် / ၂၇ နိုဝင်ဘာ ၂၀၀၉

line

 

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် လက်ခုပ်ကုန်းကျေးရွာတွင် တည်ဆောက်လျက်ရှိသည့် Cyclone Shelter မှာ ၂၀၁၀ မတ်လ တွင် ပြီးစီးမည်ဟု နိုင်ငံပိုင်ရုပ်သံတွင် ဖော်ပြနေသော်လည်း မျက်မြင်အခြေအနေအရ ရှေ့နှစ် ဒီဇင်ဘာပြီးစီးရန်ပင် မဖြစ်နိုင်ကြောင်း Asia World ဆောက်လုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

မူလက ဆယ်အိမ်တန်းကျေးရွာတွင် Cyclone Shelter တည်ဆောက်ရန် လျာထားသော်လည်း အဆောက်အအုံ ခံနိုင်ဝန်အားအရ လက်ခုပ်ကုန်းကျေးရွာတွင် ၂၀၀၉ ခု ဖေဖော်ဝါရီလ၌ စတင်တည်ဆောက်ခဲ့သည်။

ယင်း Shelter သည် လေပြင်းဒဏ်ခံနိုင်ရန် အခုံးပုံသဏ္ဌာန် ခြေတံရှည် (၂) ထပ်ဖြစ်ပြီး (၆) ဧကအကျယ်မြေနေရာ၌ အဆောက်အအုံအကျယ်အ၀န်း (၁၃၅) ပေ ပတ်လည် တည်ဆောက်နေခြင်းဖြစ်သည်။

ဘေးအကာနံရံ (၃) ပေထုနှင့် အဆောက်အအုံအပေါ်ထပ်၌ သောက်ရေကန် (၂) ကန်ထားရှိမည်ဖြစ်ကြောင်း၊ ရေကန် (၂) ခုကြား ရဟတ်ယာဉ်ဆင်းသက်ရန် ကွင်းတခုပါရှိမည်ဖြစ်ပြီး (၂၄) နာရီ မီးပေးစနစ် ကျင့်သုံးမည်ဖြစ်ကြောင်း၊ အသက်ကယ်ကုန်း တည်ဆောက်မှုမှာ (၅၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း Asia World ဆောက်လုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။

တည်ဆောက်ရန် ထိုသို့ အစီအစဉ်ရှိသော်လည်း ယနေ့အထိ (၁၀) ပေခန့် အောက်ခံဖောင်ဒေးရှင်းနှင့် ကွန်ကရစ်တိုင် ထူသည့်အဆင့်သာ ပြီးစီးသေးသည်။

“လက်ခုပ်ကုန်း Shelter က လူ (၅၀၀) ဆံ့တယ်ကြားတယ်။ ဆယ်အိမ်တန်း၊ အလယ်ရွာ၊ ကညင်ကုန်း၊ ကန်လျားရှည်တို့လို ရွာနီးချုပ်စပ်တွေမပြောနဲ့၊ လူ (၃,၀၀၀) ကျော်ရှိတဲ့ လက်ခုပ်ကုန်းတရွာတည်း ရေဘေးခိုလှုံဖို့ နေရာမလုံလောက်ဘူး” ဟု ကရင်ချောင် ကျေးရွာလူကြီးတဦးက သုံးသပ်သည်။

ထို့ပြင် လက်ခုပ်ကုန်း Cyclone Shelter တည်ဆောက်မှုသည် ဒေသခံအချို့အား အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ပေးနိုင်ရုံကလွဲ၍ ဒေသအကျိုး၊ ပြည်သူအကျိုး လက်တွေ့မဖြစ်နိုင်ဟု ကျေးရွာ ရယကအဖွဲ့ဝင်တဦးက ဆိုသည်။

သိန်းပေါင်း သောင်းချီကုန်ကျနိုင်မည့် ယခုကဲ့သို့ Shelter ဆောက်လုပ်ခြင်းထက် စီးပွားရေး လုံးဝဆုတ်ယုတ် ကျဆင်းသွားသည်မှာ (၇) နှစ်ခန့်ရှိပြီဖြစ်သော လက်ခုပ်ကုန်း ကမ်းခြေဟိုတယ်လုပ်ငန်းများ၊ တွံတေးလိုင်းခွဲမှ ယူထားသော လျှပ်စစ်မီးစနစ်နှင့် ဆက်သွယ်ရေး ဖုန်းလိုင်းများ ပြည့်စုံကောင်းမွန်ရန်သာ ဒေသခံတို့က ပိုမိုလိုလားနေကြသည်။

ဒလ-လက်ခုပ်ကုန်း ကားလမ်းသည် (၂၈) မိုင်ရှည်လျားပြီး ဓနုတ်ကျေးရွာအထိသာ ကတ္တရာလမ်းသား အတန်အသင့်ရှိသည်။ ဓနုတ်ကျေးရွာအလွန် ၀ါးဘလောက်သောက်၊ နှစ်ခွရွာ၊ ရေတိမ်ရွာတို့မှသည် လက်ခုပ်ကုန်းကျေးရွာအထိမှာ မြေသားရော ကတ္တရာလမ်းဖြစ်သည်။ ခရီးသည်တင် ဂျစ်ကား (၂) စီးသာထွက်ရှိပြီး နေ့တ၀က်မောင်းရသည်ဟု သိရသည်။

ယခင်က လက်ခုပ်ကုန်းကမ်းခြေသည် လှိုင်းလေထန်၍ လှေလှော်ရွက်တိုက်အသင်းများ လာရောက်လေ့ကျင့်ခဲ့ကြသည်။

ပင်လယ်လေလှိုင်းအားနှင့် ပန်ကာဒလက်များ လည်ပတ်စေကာ လျှပ်စစ်ထုတ်ယူရန် နှစ်ရှည်သုတေသနပြုခဲ့ဖူးပြီး ခရီးသွားလုပ်ငန်း အထူးဇုန်အဖြစ် နအဖမှ သတ်မှတ်ကာ ဒေသဖွံ့ဖြိုးရေးကို ဆောင်ရွက်ခဲ့သည်။

သို့သော် ပင်လယ်သဘာဝ ပြောင်းလဲမှုအရ လက်ခုပ်ကုန်းကမ်းခြေနှင့် (၁) မိုင်ခန့်အကွာ၌ သောင်ရှည်ကြီး ပေါ်ထွန်းလာပြီး ကမ်းခြေသို့ လှိုင်းမရိုက်တော့ဘဲ ခရီးသွားကျဲပါးလာကာ လက်ခုပ်ကုန်း ဟိုတယ်လုပ်ငန်းများ၊ ဒေသခံတို့၏ ရောင်းဝယ်ဖောက်ကားမှုများ ပျက်စီးခဲ့ရသည်။

နာဂစ်လေဘေးသင့်စဉ်က လက်ခုပ်ကုန်းကျေးရွာအုပ်စုတွင် (၄) ပေခန့် ပင်လယ်ရေ မြင့်တက်ခဲ့ပြီး လက်ခုပ်ကုန်းရွာသား (၃) ဦး သေဆုံးခဲ့သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook