ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 

 

 

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် မြေနေရာ
ရောင်းချကြောင်းသတင်း မမှန်ကန်

အောင်ထက် / ၂၇ နိုဝင်ဘာ ၂၀၀၉

line

 

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) မြေနေရာအား ရောင်းချပြီးဖြစ်၍ တိရစ္ဆာန်များအား မြန်မာပြည်အလယ်ပိုင်း ဘေးမဲ့တောများသို့ ရွှေ့မည်ဟူသော သတင်းများ ရန်ကုန်မြို့အတွင်း ထွက်ပေါ်လျက်ရှိရာ ၎င်းတို့မှာ အခြေအမြစ်မရှိသော သတင်းများသာ ဖြစ်ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၏ အုပ်ချုပ်ရေးမှူး ဦးညိုအေးက ငြင်းဆိုလိုက်သည်။

အသက်အရွယ် အိုမင်းနေသည့် ဟိမ၀န္တာ ၀က်ဝံ (၁၅) ကောင်အား အလောင်းတော်ကဿပ ဘေးမဲ့တောသို့လွှတ်ရန် စီစဉ်နေခြင်းကို ထင်ယောင်ထင်မှား ပြောဆိုနေခြင်းဖြစ်နိုင်သည်ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့ခံများက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်းအတွင်းမှ တိရစ္ဆာန်များ နည်းသွားသည့်အတွက် ယခင်ကဲ့သို့ ကြည့်ရှုချင်စဖွယ် မရှိဟု ပြောကြသည်။

“နှစ်ချီပြီးနေလာတဲ့ တိရစ္ဆာန်အတော်များများကို မနှစ်က ဇူလိုင်လောက်က နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို ပို့လိုက်တယ်။ ခုဆို ကြံ့တကောင်၊ သစ်ကုလားအုတ်တကောင်၊ ခြင်္သေ့ဆို လုံးဝမရှိတော့ဘူး၊ အကောင်ငယ်တချို့လောက်ပဲ ကျန်ခဲ့တော့ အနားယူ အပန်းဖြေတဲ့သူ အရမ်းနည်းသွားတယ်” ဟု ကျောင်းဆရာမတဦးက ပြောသည်။

တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူးကမူ “ရန်ကုန် တိရစ္ဆာန်ဥယျာဉ်က ခွဲပို့တာ နည်းပါတယ်။ မင်္ဂလာဒုံ၊ လှော်ကားဥယျာဉ်က ဘေးမဲ့ တိရစ္ဆာန်တွေရယ်၊ ကျားဖြူ  (၂) ကောင်လို ပြည်ပက လာရောက်လှူဒါန်းတဲ့ တိရစ္ဆာန်တွေကိုသာ နေပြည်တော် တိရစ္ဆာန်ဥယျာဉ် ပို့တာဖြစ်တယ်” ဟု ပြောသည်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ကို ၁၉၀၁ ခုနှစ်တွင် ပြည်သူတို့၏ အလှူငွေ (၂) သိန်း (၄) သောင်းကျပ်ဖြင့် မြေရိုင်း (၆၁) ဧကကို ရှင်းလင်းပြီး စတင်တည်ဆောက်ခဲ့သည်။ ၁၉၀၆ ခု ဇန်န၀ါရီတွင် အသစ်ဆောက်လုပ်ကာ “၀ိတိုရိယဘုရင်မပန်းခြံနှင့် တိရစ္ဆာန်ဥယျာဉ်” ဟု အမည်ပေးခဲ့သည်။

ဥယျာဉ်ဝင်းအတွင်း ၁၉၉၇ ခု အောက်တိုဘာ (၇) ရက်တွင် နိုင်ငံတကာအဆင့်မီ ဘက်စုံကစားကွင်းကို ဖွင့်လှစ်နိုင်ခဲ့သည်။

နေ့စားဝန်ထမ်းများအပါအ၀င် ၀န်ထမ်း (၃၀၀) ခန့် ပုံမှန် လုပ်ငန်းခွင်ဝင်လျက်ရှိပြီး ဥယျာဉ်အတွင်း တိရစ္ဆာန်အစားအစာဆိုင် (၁၂) ဆိုင်၊ ဆိုင်ငယ် (၂၀) ခန့်နှင့် ပြင်ပမှ လစဉ် အခွန်ပေးသွင်းရောင်းချသည့် ဆိုင်များ ဖွင့်လှစ်ထားရှိသည်။

“တနှစ်ထက်တနှစ် လေလံကြေးတွေ မြင့်လာတယ်။ လက်ဖက်ရည်၊ အအေးဆိုင်တွေက တလ (၂၂၅,၀၀၀) ကျပ် ပေးသွင်းရတယ်။ ဆင်အစားအစာအရောင်းဆိုင်ဆို တလ (၁၅) သိန်းလောက်သွင်းရတယ်။ လူအ၀င်နည်းတဲ့ ခုလိုရာသီဆို လစဉ်ကြေးအလျဉ်မီအောင် မနည်းလုပ်နေရတယ်” ဟု ဆိုင်ရှင်တဦးက ပြောသည်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သည် မြေဧရိယာအကျယ် (၆၉.၂၅) ဧကရှိပြီး နှစ်စဉ် အပန်းဖြေရန် လာရောက်သူ (၁) သန်းခွဲခန့် ရှိကြောင်း သိရသည်။

“တိရစ္ဆာန်ဥယျာဉ်သည် ရန်ကုန်မြို့၏ အထင်ကရ နေရာများဖြစ်သည့် ကန်တော်ကြီး၊ ရွှေတိဂုံဘုရား၊ အလံပြဘုရားလမ်း (စစ်ရုံး) များနှင့် နီးနေသည့်အတွက် လုပ်ငန်းရှင်များက မျက်စိကျနေကြကြောင်း ဗဟန်းမြို့နယ်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo