ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 

 

 

ဗလမင်းထင်တံတားတွင် ပစ်ခတ်မှုဖြစ်ပွား
လင်းနိုင်ဦး / ၂၇ အောက်တိုဘာ ၂၀၀၉

line

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားပေါ်တွင် ပစ်ခတ်မှုတရပ် ဖြစ်ပွားခဲ့သည့်အတွက် တာဝန်ကျရဲဝန်ထမ်း (၂) ဦး ပြင်းထန်စွာ ဒဏ်ရာရသွားကြပြီး မြစ်ကြီးနားဆေးရုံကြီး၌ ဆေးကုသခံနေရကြောင်း ရဲမိသားစုဝင်တဦးက ပြောသည်။

ဖြစ်ပွားပုံမှာ အောက်တိုဘာ (၁၈) ရက်နေ့ည (၁ဝ) နာရီကျော်ကျော်တွင် ဝိုင်းမော်ဘက်မှ မြစ်ကြီးနားသို့သွားရန် ဗလမင်းထင်တံတား ရဲဂိတ်သို့ အရပ်ဝတ်တဦး မောင်းလာသည့်ကားတစီး ရောက်လာပြီး ဂိတ်ဖွင့်ခိုင်းရာတွင်  တာဝန်ကျ ရဲဝန်ထမ်းများက ဂိတ်ဖွင့်ချိန် ကျော်နေသဖြင့် သက်ဆိုင်ရာထံ အမိန့်တောင်းခံနေစဉ်တွင် အဆိုပါအရပ်ဝတ်နှင့်လူက သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း  ရဲမိသားစုဝင်ဖြစ်သူက ပြောသည်။

၎င်းက “ကျနော့် အစ်ကိုအပါအဝင် တာဝန်ကျ ရဲဝန်ထမ်းတွေက ည (၈) နာရီကျော်ပြီမို့ တံတားကို ပိတ်လိုက်ပြီ။ သူက ကားပေါ်က မဆင်းဘဲ သူ့ကိုယ်သူ ဗိုလ်ကြီးလို့ ပြောတယ်။ ဒီတော့ တာဝန်မှူးက ကျနော်တို့ အထက်ကို သတင်းပို့ရဦးမယ်။ သူတို့အမိန့်ရမှ ဖွင့်ပေးနိုင်မယ်လို့ ပြောတယ်။ အဲဒါသူက မောက်မောက်မာမာနဲ့ မင်းတို့ရဲဆိုတာ ငါတို့တပ်က ခိုင်းရင် ခိုင်းသလို လုပ်ရမယ်၊  နားမလည်ဘူးလားဆိုပြီး ပြောတယ်။ ဒါပေမယ့် တာဝန်မှူးက ဖွင့်မပေးသေးဘဲ အထက်အရာရှိကို စက်နဲ့ ဆက်သွယ်နေတယ်။ အဲဒီအချိန်မှာပဲ အဲဒီ စစ်အရာရှိဆိုသူက သူပါလာတဲ့ ပစ္စတိုနဲ့ ရဲတွေကိုပစ်တာ။ တဦးက ရင်ဘတ်ကိုထိတယ်။ နောက်တဦးက လက်ကိုမှန်သွားတယ်။ နောက် အဲဒီစစ်အရာရှိက ပြန်ထွက်သွားတယ်။ ရဲတွေကတော့  ဘာမှ ပြန်မလုပ်ကြဘူး” ဟု ပြောသည်။

ရင်ဘတ်ကို သေနတ်ထိမှန်သူ ရဲဝန်ထမ်းသည် မြစ်ကြီးနားဆေးရုံတွင် ဆေးကုသမှု ခံယူနေရကာ အခြေအနေဆိုးရွားနေပြီး ကျန်တယောက်မှာ သက်သာလာပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

အဆိုပါစစ်အရာရှိသည် မြစ်ကြီးနားအခြေစိုက် ခလရ (၃၇) မှ  ဗိုလ်ကြီးအဆင့်ရှိသူဖြစ်ကြောင်း၊ ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ဝင်များသည် အပစ်အခတ်ခံရရုံမက တာဝန်ကျ ဝန်ထမ်းအချို့လည်း နောက်ပိုင်း အရေးယူအပြစ်ပေးခြင်း ခံရကြောင်း ဗလမင်းထင်တံတားမှ ရဲဝန်ထမ်းများနှင့် နီးစပ်သူတဦးက ပြောသည်။

ယခုကဲ့သို့ အနိုင်ကျင့် ဗိုလ်ကျခံရသည့်အတွက် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအကြား မကျေမနပ် ဖြစ်နေကြသော်လည်း သက်ဆိုင်ရာ စစ်အာဏာပိုင်များက သတင်းလုံးဝ မပေါက်ကြားရန် သတိပေးထားသည့်အတွက် ဘာမှမတတ်နိုင်ဖြစ်နေကြသည်။

ယခုကဲ့သို့ဖြစ်ရပ်မျိုး မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဖြစ်ပွားလေ့ရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် မည်သည့်နေရာတွင်မဆို စစ်ယူနီဖောင်းဝတ် စစ်သားများ၏ အနိုင်ကျင့်ခံရကြောင်း အငြိမ်းစား တပ်မတော်အရာရှိဟောင်းတဦးက ပြောသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook