ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - နအဖထုတ်ပြန်သည့်ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ဝေဖန် သွေးလှူဘဏ်သစ်ဖွင့်ပွဲ အလှူရှင် ထိုင်းဘုရင့်သမီးတော် တက်ရောက်မည် အန်အယ်လ်ဒီ ပါတီရုံးခွဲများ ပြန်ဖွင့်ခွင့်ရ စစ်တပ်ကြောင့် နေရပ်စွန့်ခွာလာသူ (၂၀၀) ခန့်ရှိ ဖွဲ့စည်းပုံမပြင်လျှင် ပါတီမထောင်၊ ရွေးကောက်ပွဲမ၀င်ဟု တိုင်းရင်းသားပါတီများ ပြောကြား ရွေးကောက်ပွဲကော်မရှင် အမည်စာရင်းကြေညာ (၃) လအတွင်း ဂက်စ်ဈေး (၄ဝ) ရာခိုင်နှုန်းတက် နအဖထုတ်ပြန်ခဲ့သည့် ဥပဒေ (၂) ရပ်အပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းများ၏ သဘောထားများ (တွေ့ဆုံမေးမြန်းခန်း) စည်းကမ်းရှိတဲ့ လွှတ်တော်ကြီးကို မြင်ယောင်ခြင်း(ဆောင်းပါး)
 


quote
 

 

 

ကလေးပျော်နေရာ မူကြိုကျောင်းများ ကလေးကင်းမဲ့
အောင်ကျော်မိုး / ၁၅ စက်တင်ဘာ ၂၀၀၉

line

 

မြန်မာနိုင်ငံ ဧရာဝတီတိုင်း နာဂစ်မုန်တိုင်းဘေးဒဏ် ခံခဲ့ရသည့် ကျေးရွာများတွင် ယူနီဆက်အဖွဲ့ကြီး၏ ပံ့ပိုးကူညီမှုနှင့် တည်ဆောက်ပေးခဲ့သည့် ကလေးပျော်နေရာ အဆောက်အဦ အများစုသည် ယခုအခါ ကလေးများနှင့် ကင်းမဲ့နေပြီဖြစ်ကြောင်း ဘိုကလေးမြို့နယ်အတွင်း ကူညီကယ်ဆယ်ရေး သွားရောက်လုပ်ဆောင်နေသည့် အိုင်အန်ဂျီအို ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ကျနော် ရောက်ခဲ့တဲ့ ရွာတိုင်းလိုလိုလောက်မှာ ကလေးပျော်နေရာမှာ အဆောက်အဦတွေပဲ ရှိတော့တယ်။ ဘယ်ကလေးတွေမှ လာတာ မတွေ့တော့ဘူး။ အကြောင်းကတော့ ကလေးပျော်နေရာအတွက် တာဝန်ယူမယ့် ဝန်ထမ်းအတွက် လစာကို ကျေးရွာက လူတွေက မတတ်နိုင်လို့ဆိုပြီး ပြောပြကြတယ်” ဟု ဆိုသည်။

အလားတူ ရန်ကုန်မြို့သို့ အလုပ်ကိစ္စဖြင့် ရောက်ရှိလာသည့် ငပုတောမြို့နယ် တောင်ကလေးကျေးရွာအုပ်စု မယ်သီလရွာမှ လယ်သမားကြီးတဦးကလည်း ၎င်းတို့ရွာမှ ကလေးပျော် မူကြိုကျောင်းလည်း အလားတူ အဖြစ်မျိုးကြောင့် ကျောင်းပိတ်ထားရ ကြောင်း ပြောသည်။

၎င်းက “ကလေးတွေကို စောင့်ရှောက်ဖို့ ဆရာမသဘော လူငယ်တဦးကို တလ ကျပ် (၂) သောင်းခွဲ (၃) သောင်းလောက် ပေးရလို့ ကျေးရွာက မိသားစုတစုကို တလ ကျပ် (၅၀၀) လောက် ထည့်ရတယ်။ အခုတော့ ရွာကလူတွေ စီးပွားရေးမကောင်းကြတော့ ငွေမထည့်နိုင်လို့ ကလေးပျော်နေရာ မူကြိုကျောင်းကို ပိတ်ထားရတယ်” ဟု ရှင်းပြသည်။

ဧရာဝတီတိုင်းတွင် နာဂစ်ဘေးဒဏ် ခံရပြီးနောက်ပိုင်း နိုင်ငံတကာ အန်ဂျီအိုများ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် တသီးပုဂ္ဂလ အလှူရှင်များက လေဘေးဒဏ်သင့်သူများကို လိုအပ်ချက် အမျိုးမျိုးအတွက် အကူအညီပေးခဲ့ကြသည့်အပြင် မိဘများ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ရန် ကလေးများကို မူကြိုသဖွယ် ထိန်းသိမ်းစောင့်ရှောက်ပေးမည့် ကလေးပျော်နေရာများကို ယူနီဆက်နှင့် အခြားအဖွဲ့အစည်းတို့က ဆောက်လုပ်ပေးခဲ့သည်။

အဆောက်အဦ ဆောက်လုပ်ပေးခြင်းအပြင် ကလေးများအတွက် ကစားစရာများ၊ ဖတ်စရာ စာအုပ်များ၊ အစားအသောက် များကိုပါ လှူဒါန်းပေးခဲ့ကာ အဆောက်အဦများ ဆောက်လုပ်ပြီးစီးပြီးနောက် လုပ်ငန်းအဝဝကို သက်ဆိုင်ရာ ကျေးရွာတို့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

သက်ဆိုင်ရာ ကျေးရွာများကလည်း ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ အမျိုးသမီးရေးရာ၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ မိဘများ စသည်တို့ဖြင့် ကလေးသူငယ်များ၏ လိုအပ်ချက်ကို ပံ့ပိုးကူညီရေးအဖွဲ့ဆိုပြီး ဖွဲ့စည်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါကျောင်းအတွက် လိုအပ်သည့် ကလေးထိန်း ဝန်ထမ်းများကိုမူ သက်ဆိုင်ရာကျေးရွာက ကိုယ်ထူကိုယ်ထ ထောက်ပံ့ငွေဖြင့် ခန့်ထားပြီး လစာပေးကြရခြင်းဖြစ်သည်။

ယခု ကာလကြာလာသည့်အခါ ကျေးရွာနေပြည်သူများ စားဝတ်နေရေးပင် အဆင်မပြေခြင်းကြောင့် ကလေးထိန်းဆရာမလစာ ထောက်ပံ့ကြေးများကို ဆက်လက် ထောက်ပံ့နိုင်ခြင်း မရှိတော့၍ ကလေးပျော်နေရာများတွင် ကလေးများ လာရောက်နိုင်ခြင်း မရှိတော့ကြောင်း စုံစမ်းသိရသည်။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo