English Page
archive
newspaper
journalarchive
photoalbum
tinmoe
drsinthira
bloglogo

quote

Exchange Rate
US 1 $ = 1180 Ks
Thai Bht 1= 34.80 Ks
currency
18 July 2008


 
 

ဒေါ်အောင်ဆန်းစုကြည်ပုံပါ ကန့်ကွက်မဲစာရွက် ပျံ့နှံ့
NEJ/ ၂၆ ဧပြီ ၂၀၀၈
line

 

dasskပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မဲပုံးထဲသို့ ဒေါ်အောင် ဆန်းစုကြည်က ကန့်ကွက်မဲ ထည့်နေသည့်ပုံ စာရွက်များ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ စစ်ကိုင်း၊ မော်လမြိုင်နှင့် မြို့အချို့တွင် ပျံ့နှံ့နေကြောင်း
မြို့ခံများက ပြောသည်။

မန္တလေးမြို့ခံတဦးက “ကျနော် ဈေးချိုကနေ အိမ်ကို ဆိုက်ကားစီးပြီး အပြန် လမ်းမှာ ဆိုက်ကားဆရာက ပေးတာ။ သူတို့ ဆိုက်ကားဆရာတွေက စီးတဲ့လူ
တွေနဲ့ စကားစမည် ပြောကြည့်တယ်။ အစိုးရ အလိုတော်ရိလူတွေ မဟုတ်ဘူးဆိုရင် ဒီစာရွက် လေးတွေကို ဝေတယ်လို့ ပြောတယ်” ဟု ပြောသည်။

၎င်းရသည့် စာရွက်သည်  (A4) ဆိုဒ်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မဲပုံးထဲသို့ ကန့်ကွက်မဲ ထည့်နေပုံဖြစ်ကြောင်း၊ အဖြူအမဲ မိတ္တူကူးထားခြင်းဖြစ်ပြီး နောက်ခံမှာ စက်တင်ဘာ ဆန္ဒပြပွဲမှ သံဃာများ၏ ပုံကို ခပ်ဝါးဝါး ဖော်ပြထားကြောင်း၊ အခြား မည်သည့်စာ၊ မည်သည့်ကြွေးကြော်သံမှ ရေးမထားသော်လည်း အင်မတန် ထိရောက်သည့် ၀ါဒဖြန့် စာရွက် ဖြစ်ကြောင်း အဆိုပါ မြို့ခံဖြစ်သူက ပြောသည်။

ထိုကဲ့သို့ စာရွက်မျိုး ရန်ကုန်မြို့သို့လည်း ရောက်ရှိပျံ့နှံ့နေကြောင်း ရန်ကုန်မြို့ခံများက
ပြောသည်။

ရန်ကုန် တာမွေဈေးမှ အဆိုပါစာရွက် ရရှိခဲ့သူ အိမ်ရှင်မတဦးက “ကျမ မနက်ပိုင်း ဈေးဝယ်ပြီး
အထွက် ဟင်းသီးဟင်းရွက်တန်းထိပ်မှာ လူတယောက်က ဝေနေတာတွေ့လို့ တောင်းယူခဲ့တာ။ ဆန္ဒခံယူပွဲမှာ အစိုးရက အမှန်ခြစ် ထောက်ခံမဲပေးဖို့ ပြည်တွင်းမှာ လှုံ့ဆော်နေသလို ပြည်ပ
အသံလွှင့်ဌာနတွေကလည်း NO ပေးဖို့ လှုံ့ဆော်နေတာ ရေဒီယိုက ကြားရတယ်။ ဒါကြောင့် ကျမအနေနဲ့ NO ပေးဖို့ စဉ်းစားထားတယ်။ ဒါပေမယ့် အခု ဒေါ်စုပုံပါ ၀ါဒဖြန့်စာရွက်တွေ့မှ ကန့်ကွက်မဲကို ကြက်ခြေခတ်ပုံစံ ခြစ်ပေးရမယ်ဆိုတာ ပိုပြီး ကွက်ကွက်ကွင်းကွင်း သိလာတယ်” ဟုပြောသည်။

ရန်ကုန်မြို့မှ  စာရေးဆရာတဦးက ယခု ကန့်ကွက်မဲ ၀ါဒဖြန့် စာရွက်ကို ကြည့်လိုက်သည်နှင့် ပြည်သူများ ရှင်းရှင်းလင်းလင်း နားလည်နိုင်ကြောင်း၊ အန်အယ်လ်ဒီကဲ့သို့ နိုင်ငံရေးပါတီဝင်
များက လုပ်ခြင်းမဟုတ်ဘဲ ပြည်သူလူထုကိုယ်တိုင်က ကိုယ့်အသိစိတ်နှင့်ကိုယ် ဝေငှဖြန့်ဝေနေ
ခြင်းဖြစ်သောကြောင့် ပြည်သူများ နိုင်ငံရေး အသိစိတ် နိုးကြားလာသည်ကို ပြသသည့် လက္ခဏာဖြစ်ကြောင်း ပြောကြားသည်။

လောလောဆယ်တွင် နအဖစစ်အစိုးရ အာဏာပိုင်များက အခြေခံဥပဒေမူကြမ်း (၂၀၀၈) လူထု ဆန္ဒခံယူပွဲကို ထောက်ခံမဲ ပေးကြရန် မီဒီယာအသီးသီးမှ ဆောင်းပါး၊ သီချင်း၊ ရုပ်သံဇာတ်လမ်း၊
ဝါဒဖြန့်ဆောင်ပုဒ် စသည်တို့ဖြင့် စည်းရုံးလျက်ရှိသည့်အပြင် မြို့အသီးသီး၌လည်း  ၀ါဒဖြန့် မြေစိုက်ပိုစတာများ စိုက်ထူနေသည်။

အန်အယ်လ်ဒီပါတီကမူ ယခု အခြေခံဥပဒေမူကြမ်းသည် ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲခြင်း မဟုတ်ကြောင်း၊ အခြေခံဥပဒေပါ အချက်အလက်များအရလည်း ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်နိုင် လိမ့်မည်ဟု ယုံကြည်ရဖွယ် မရှိခြင်းတို့ကြောင့် ကန့်ကွက်မဲပေးကြရန် ပါတီဝင်များက ပြည်သူများ အကြား လှုံ့ဆော်နေသည်။  

ယခု အန်အယ်လ်ဒီပါတီ ခေါင်းဆောင်တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ပုံပါ လက်ကမ်း ပိုစတာတိုက်ပွဲမှာမူ ပြည်သူများကိုယ်တိုင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဆင်နွှဲနေကြသည့် ကန့်ကွက် မဲထည့်ရေး တိုက်ပွဲတခုဖြစ်ကြောင်း စုံစမ်းသိရှိရသည်။        ။

 

douglas
video
plastic
result
layphyu
music
ကြော်ငြာကဏ္ဍ

KPP_ads

uthaung

asean

fbppn

burma

88

oway

ေေ့ေမေ

alinpyakyelsin

 

Opentracker.net: Website Statistics