ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 
 

မစ္စတာ ဂမ်ဘာရီ ရန်ကုန်ရောက်
နိုင်ငံရေးပြုပြင်နိုင်ဖို့ မျှော်လင့်ချက်နည်းဟု အတိုက်အခံဘက်က မြင်

ပီတာအောင်/ ၁၈ သြဂုတ် ၂၀၀၈
line

 

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြားဝင်ဆောင်ရွက်ပေးနေသည့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ  အီဘရာဟင် ဂမ်ဘာရီသည် ယနေ့ နံနက်က  မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီ) ရုံးက အတည်ပြု ပြောကြားသည်။

ယူအန်ဒီပီရုံး သတင်းအချက်အလက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ  ဦးအေးဝင်းက “ရောက်နေ
ပါပြီ။ မြရိပ်ညိုဟိုတယ်မှာ တည်းပါတယ်။ မနက် (၉) နာရီလောက်က ရောက်တာပါ။ တွေ့မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဘာမှ ကြိုတင်ပြောလို့ မရသေးပါဘူး။ သိတဲ့အခါ ကျနော်ပြောမှာပါ”
ဟု ပြောကြားသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၌ (၅) ရက်ကြာ နေထိုင်မည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေ
ညီလာခံက အပ်နှင်းထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ လုပ်ပိုင်ခွင့်အရ မြန်မာအစိုးရ နှင့် အခြားသက်ဆိုင်သူများ အားလုံးအကြား စေ့စပ်ညှိနှိုင်းပေးရေး ဆက်လက်ဆောင်ရွက် သွားမည်ဟု မစ္စတာဂမ်ဘာရီက ပြောကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

မစ္စတာဂမ်ဘာရီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နှင့်တွေ့ဆုံရန် ယခု အထိ အကြောင်းကြားလာခြင်း မရှိသေးသော်လည်း တွေ့ခွင့်ရမည်ဟု မျှော်လင့်ထားကြောင်း 
အန်အယ်လ်ဒီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

၎င်းက “နိုင်ငံတော် အာဏာပိုင်တွေက သူတို့မှာ ဆန္ဒမရှိဘူး။ တွေ့ဆုံဆွေးနွေးဖို့ အတိုက်အခံနဲ့ စကားပြောဖို့ ဆန္ဒမရှိဘူး၊ ကိုယ့်သဘောနဲ့ကိုယ် ဆက်လုပ်မယ်ဆိုရင်တော့ ယူအန်က အသုံးချ
ခံရတဲ့ သဘောလောက်ပဲရှိမယ်။ နိုင်ငံတကာ အတိုင်းအတာအရ သူတို့တတ်နိုင်သလောက်
ကြိုးစားမှာပဲ။ ခု မအောင်မြင်လည်း နောက်ထပ်ကြိုးစားဦးမှာပဲ။ အောင်မြင်ခြင်း မအောင်မြင်ခြင်း ဆိုတာ သက်ဆိုင်တဲ့လူတွေရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာအပေါ်မှာ အများကြီးမူတည် တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ခရီးစဉ်များအတွင်း သိသာထင်ရှားသည်ရလဒ် ထွက်မလာသဖြင့် ယခုခရီးစဉ်အတွက် လည်း ဘာကိုမှ မျှော်လင့်မထားကြောင်း အမျိုးသားပြန်လည် သွေးစည်းညီညွတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး မရှိမဖြစ် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဟု ဒေါက်တာ ၀င်းနိုင်က ဆက်လက်ပြောသည်။ မြန်မာစစ်အစိုးရဘက်မှ Road Map အစီအစဉ်တိုင်း အဓမ္မဆက်သွားမည့်ပုံပေါ်နေသဖြင့် မြန်မာ့နိုင်ငံရေးအတွက် အကောင်းဘက်က မျှော်လင့်စရာ နည်းပါးသည်ဟု ရန်ကုန် နိုင်ငံရေးအသိုင်းအ၀ိုင်းက ပြောသည်။  

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံလာရောက်ခါနီး ယမန်နေ့နံနက်ပိုင်း၌ စစ်အစိုးရက ဒေါ်အောင်ဆန်း စုကြည်ကို နေအိမ်အကျယ်ချုပ်အယူခံဝင်ရေးကိစ္စ ဆွေးနွေးရန် သူမ၏ ရှေ့နေဦးကြည်ဝင်းနှင့် ဒုတိယအကြိမ် တွေ့ခွင့်ပေးခဲ့ပြီး၊ သူမ၏ မိသားစုဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့်လည်း
တွေ့ခွင့်ပေးလိုက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောသည်။

မစ္စတာ ဂမ်ဘာရီ၏ ယခု ခရီးစဉ်သည် ယမန်နှစ် စက်တင်ဘာအရေးအခင်းအပြီး မြန်မာနိုင်ငံသို့ (၄) ကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ (၆) ရက် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ဆန္ဒခံယူပွဲမတိုင်ခင်က နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။

ထိုခရီးစဉ်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်မရဘဲ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော် ဆန်း ခေါင်းဆောင်သည့် နအဖ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် (၂) ကြိမ်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် (၂) ကြိမ်၊ ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်၊ အန်အယ်လ်ဒီ၊ တစည၊ ကြံ့ဖွံ့၊ အိုင်စီ အာစီ စသည်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ယင်းခရီးစဉ်ကို မျှော်လင့်ထားသလောက် အောင်မြင်မှုမရခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ထုတ်ဖော်ပြော ကြားခဲ့သည်။     ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo