ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 
 

မစ္စတာဂမ်ဘာရီ ဧရာဝတီခရီးစဉ် ဖျက်သိမ်း
ပီတာအောင်/ ၁၉ သြဂုတ် ၂၀၀၈
line

 

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာ ရီသည် ယနေ့ နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီဒေသသို့ ရဟတ်ယာဉ်ဖြင့် သွားရန်စီစဉ်ထား သော်လည်း ရာသီဥတုအခြေအနေကြောင့် ခရီးစဉ်ကို ပယ်ဖျက်လိုက်ရကြောင်း ရန်ကုန်မြို့ရှိ ကုလ သမဂ္ဂပြန်ကြားရေးဌာနက ပြောသည်။

မစ္စတာဂမ်ဘာရီသည် ရန်ကုန်တိုင်း ကွမ်းခြံကုန်းရှိ မုန်တိုင်းဘေးဒဏ်မှ ပြန်လည်ထူထောင်နေ သည့် အခြေအနေကို သွားရောက်ကြည့်ရှုပြီး  နောက်ပိုင်းတွင် နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ဦးဆောင်သည့် နအဖပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း
ကုလသမဂ္ဂပြန်ကြားရေးဌာန ရန်ကုန်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက ပြောသည်။

၎င်းက “ကွမ်းခြံကုန်းဘက်ကို ကားနဲ့သွားတယ် ။ ဧရာဝတီဘက်ကို မသွားဖြစ်ဘူး။ ဟိုဘက်က ရာသီဥတုက အခြေအနေမပေးလို့ မသွားဖြစ်တာ။ ဆိုင်ကလုံးထိတဲ့ဒေသတွေ သွားဖို့ဟာ။ သွား လို့ရတဲ့နေရာကို သွားလိုက်တာပါဘဲ။ မနက်ဖြန်အစီစဉ်က ဘာမှမသိသေးဘူး” ဟု ပြောသည်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ်သည် ယမန်နေ့ကလည်း နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်း၊ သံတမန်များ၊ နိုင်ငံတကာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)၊ ကုလသမဂ္ဂ၊ အာဆီယံနှင့် မြန်မာအစိုးရတို့ ပူးပေါင်းထားသည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့ (တီစီဂျီ) တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီအနေဖြင့် ၎င်း၏လုပ်ပိုင်ခွင့်အတွင်းမှ ပြီးခဲ့သည့်ခရီးစဉ်၌ တွေ့ဆုံခဲ့သူများ အပါ
အ၀င် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သက်ဆိုင်သူများအားလုံးနှင့် တွေ့ဆုံမည်ဟု ကုလသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတာ ဖာဟန်ဟတ်က ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်၌ ပြော သည်။

၎င်းက “ဒီအလည်အပတ်ခရီးဟာ လွန်ခဲ့တဲ့ (၂) နှစ်ခွဲလောက်ကတည်းက မစ္စတာဂမ်ဘာရီ ဦးဆောင်ပြီးလုပ်နေတဲ့ အတွင်းရေးမှူးချုပ်ရုံးရဲ့လုပ်ငန်းစဉ်ကို ဆက်ပြီးလုပ်တာပါ။ နောက်ပြီးတော့ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မကြာသေးခင်က မြန်မာနိုင်ငံ သွားရောက်ခဲ့တဲ့ နောက်ဆက်တွဲကိစ္စ တွေကို ဆက်လုပ်ဖို့ပါ” ဟု မစ္စတာဟတ်က ပြောသည်။

မစ္စတာဂမ်ဘာရီသည် ပြီးခဲ့သည့် ခရီစဉ်အတွင်း  စစ်အစိုးရ ထိပ်တန်းခေါင်းဆောင်အချို့နှင့်ရော ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များနှင့်ပါ တွေ့ဆုံ ခဲ့သည်။ ယခုခရီးစဉ်သည် စက်တင်ဘာအရေးအခင်းပြီးကတည်းက မြန်မာနိုင်ငံသို့ (၄) ကြိမ် မြောက် လာရောက်သည့် ခရီးစဉ်ဖြစ်ပြီး (၅) ရက် ကြာမည်ဟု သိရသည်။        ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo