ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံသည့်ကိစ္စ အန်အယ်လ်ဒီခေါင်းဆောင်များ ကျေနပ်မှုမရှိ
မတ်လခရီးစဉ်မှ အချက်အများစုကို စစ်အစိုးရထံ ဂမ်ဘာရီ ပြန်တင်ပြမည်

ပီတာအောင်/ ၂၀ သြဂုတ် ၂၀၀၈
line

 

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်
ဂမ်ဘာရီသည် ယနေ့မွန်းလွဲပိုင်း (၃) နာရီ က ရန်ကုန်ရှိ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာ၌
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၅) ဦးနှင့် တွေ့ ဆုံခွင့်ရခဲ့သော်လည်း ပြန်လည်ဆွေးနွေးခွင့် မရသည့်အတွက် ကျေနပ်မှုမရှိဟု အန်အယ်လ်ဒီက ပြောသည်။

မစ္စတာဂမ်ဘာရီနှင့် တွေ့ဆုံရာ၌ ၁၉၉၀ ရွေးကောက်ပွဲအပေါ် ကုသလမဂ္ဂ၏သဘောထား၊
နအဖ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့် လာမည့်ရွေးကောက်ပွဲတို့ကို အန်အယ်လ်ဒီက
လက်မခံကြောင်း ပြောကြားခဲ့သည်ဟု အန်အယ်လ်ဒီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာ
ဝင်းနိုင်က ပြောသည်။

၎င်းက “လာမည့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတရမယ်လို့ ဂမ်ဘာရီက စကားစတဲ့ အခါမှာ အန်ကယ်  ဦးလွင်က ၁၉၉၀ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားသလဲ။ ဒီကိစ္စကို ဘယ်လိုရှင်းမလဲလို့ ပြောတဲ့အခါမှာ သူဘာမှပြန်မဖြေနိုင်ဘူး။ ကျနော်တို့ဆီက စီအီးစီ တယောက်က ရွေးကောက်ပွဲဖြစ်လို့ရှိရင်လည်း မတရားတဲ့ ရွေးကောက်ပွဲပဲဖြစ်မှာဘဲ။ ဒီ
အခြေခံဥပဒေကို အမျိုးသားဒီမိုကရေစီအဖွဲချုပ်က လက်မခံဘူး။  လူထုဆန္ဒခံယူပွဲကလည်း
လူထု ဆန္ဒကို လိမ်လည်လှည့်ဖျား ရယူထားတာဖြစ်တဲ့အတွက် ရလဒ်ကို လက်မခံဘူးလို့ ပြောခဲ့ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အောင်မြင်တိုးတက်မှု မရှိသေးဘူးလို့ ပြောခဲ့ပါတယ်” ဟု ပြောသည်။

မစ္စတာဂမ်ဘာရီက နအဖ စစ်အစိုးရထံ တင်ပြတောင်းဆိုမည့် အချက် (၅) ချက်ပါ အစီအစဉ်ကို အန်အယ်လ်ဒီခေါင်းဆောင်များအား ပြန်လည်ချပြခဲ့သည်ဟု သိရသည်။

ထို အချက် (၅) ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်နိုင်ငံရေးအကျဉ်းသားများအားလုံး ပြန်လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့အကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေး နိုင်ရေး၊ တိုင်းပြည် ဆုတ်ယုတ်နေသည့် စီးပွားရေးအခြေအနေ အကူအညီပေးဖို့။  မစ္စတာဂမ်ဘာ ရီ၏ ကိုယ်စားလှယ် ရန်ကုန်၌ ထားရှိပေးရေးနှင့် လာမည့်ဒီဇင်ဘာ၌ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ကိုယ် တိုင်မြန်မာနိုင်ငံ လာရောက်၍ မြန်မာနိုင်ငံရေးပြဿနာ အဖြေရှာရေးကိစ္စ ဆောင်ရွက် နိုင်ရန်တို့ဖြစ်ကြောင်း သိရသည်။

မစ္စတာဂမ်ဘာရီ နှင့် မိနစ် (၂၀) သာ တွေ့ဆုံစကားပြောခွင့်ရခဲ့ပြီး အပြန်အလှန် ဆွေးနွေးနိုင်ခဲ့ခြင်း မရှိသည့်အတွက် ယခု တွေ့ဆုံမှုအပေါ် အားရကျေနပ်မှုမရှိကြောင်း အန်အယ်လ်ဒီက ပြောသည်။

မစ္စတာဂမ်ဘာရီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ခြင်းမရှိသေးဘဲ၊ တွေ့ရန်ကြိုးစားနေ ဆဲဖြစ်ကြောင်း မစ္စတာ ဂမ်ဘာရီက ပြောကြားသည်ဟု သိရသည်။

ကုလသမဂ္ဂကိုယ်စားလှယ်နှင့် ယနေ့ တွေ့ဆုံဆွေးနွေးသည့် အန်အယ်လ်ဒီ ခေါင်းဆောင်များ အနက် ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်
ဦးညွှန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်တို့ ပါဝင်ကြောင်းသိရသည်။        ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook