ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 
 

ဂမ်ဘာရီနှင့် တွေ့ခွင့်မတောင်းဘဲ တွေ့ခွင့်ရခြင်းဖြစ်သည်ဟု
ဆင်တူရိုးမှား ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဝန်ခံ

ပီတာအောင်/ ၂၂ သြဂုတ် ၂၀၀၈
line

 

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် တောင်းဆိုခြင်းမရှိဘဲ တွေ့ခွင့်ရခဲ့ခြင်းဖြစ်ကြောင်း နအဖ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသည့် ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ) အဖွဲ့ခေါင်းဆာင် ကိုအေးလွင်က ခေတ်ပြိုင်သို့ ၀န်ခံပြောကြားသည်။

ကိုအေးလွင်အဖွဲ့၊ ၀ံသာနုအန်အယ်လ်ဒီအဖွဲ့၊ ငြိမ်းချမ်းရေးယူထားသည့် ကရင်တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်စသည့် အဖွဲ့များအား မြန်မာနိုင်ငံရောက်ရှိနေသည့် မစ္စတာ ဂမ်ဘာရီနှင့် အစိုးရဧည့် ဂေဟာ၌ တွေ့ဆုံနိုင်ရန်  သြဂုတ်လ (၂၀) ရက်က နအဖ အစိုးရက စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

ကိုအေးလွင်က “အရင်တုန်းက နိုင်ငံတကာဧည့်သည်တွေလာရင် ကျနော်တို့ တွေ့ချင်တာပေါ့ဗျာ။ တွေ့ချင်တော့ ကျနော်တို့သဘောထားတွေ ထုတ်ပြန်တာပေါ့။ နောက်ပိုင်း မဖြစ်နိုင်တဲ့အခါကျ တော့ အဲဒါတွေသိပ်မပြောတော့ဘူးပေါ့ဗျာ။ မပြောတော့ပဲ လုပ်ရိုးလုပ်စဉ် နိုင်ငံရေးအသိုင်းအ၀န်း သံတမန် အသိုင်းအ၀န်းမှာပဲ ပြောတာပါ့။ ခုတခေါက်ကျတော့ ထူးခြားလာတာပေါ့။ တွေ့ခွင့်ရ သွားတာပေါ့။ ကျနော်တို့က တောင်းဆိုတာတော့ မဟုတ်ပါဘူး” ဟု ပြောကြားသည်။

ယင်းသို့ တွေ့ဆုံရာ၌ မစ္စတာဂမ်ဘာရီက ရုဒ်မက်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေး ကောက်ပွဲတို့ အပေါ်သဘောထားများအားမေးမြန်းခဲ့ပြီး  ကိုအေးလွင်နှင့် အဖွဲ့က စီးပွားရေးပိတ် ဆို့မှုကိုဆန့်ကျင်ကြောင်း၊ ဒီမိုကရေစီအစိုးရပေါ်လာရန်  ဖွဲ့စည်းပုံအခြေခံ ဥပဒေပေါ်ပေါက်ရန် လိုအပ်ကြောင်းနှင့် ၂၀၀၈ခု ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူများကိုယ်တိုင်မဲပေးပြီး ဆုံးဖြတ် သည့်ကိစ္စဖြစ်ကြောင်း ပြန်ဖြေကြားခဲ့သည်ဟု ကိုအေးလွင်က ပြောသည်။

ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားခေါင်းဆောင် အများအပြားရှိပါလျှက်နှင့် ရွေးကောက်ပွဲတွင်
ဝင်ရောက် အရွေးခံခဲ့ပြီး ရှုံးနိမ့်ခဲ့သည့် ကိုအေးလွင်နှင့် မစ္စတာဂမ်ဘာရီက တွေ့ဆုံခဲ့ခြင်းသည် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို သရော်ရာရောက်ကြောင်းနှင့် မစ္စတာဂမ်ဘာရီ၏ ဆောင်ရွက်ချက် သည် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များနှင့် လမ်းကြောင်း သွေဖီနေကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ သဘာပတိအဖွဲ့ဝင် ခွန်မြင့်ထွန်း က ပြောကြားသည်။

၎င်းက “ကုလသမဂ္ဂရဲ့ဖြေရှင်းမှုဟာ ကျနော်တို့ရဲ့တိုင်းပြည်ပြဿနာတွေကို မှန်မှန်ကန်ကန်ရှုမြင်နိုင်ခြင်း မရှိသေးဘူးလို့ ပြောရမှာဖြစ်ပါတယ်။ နအဖပြောထားတဲ့ ရုဒ်မက်အတိုင်းကို ဆက် သွားစေချင်တဲ့သဘော ကုလသမဂ္ဂက ရှိထားပုံရပါတယ်။ ရုဒ်မက်ကို မရပ်ဆိုင်းပဲနဲ့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတာ၊  ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်မပြုဖို့ ဆိုတဲ့ဟာကို ကျနော်တို့က ပြင်းပြင်းထန်ထန် ပြောရမှာဖြစ်ပါတယ်။ ခုနေ ဂမ်ဘာရီက လာတွေ့ တဲ့အခါမှာ ၂၀၁၀ ရွေးကောက်ပွဲစကားကို လာပြောခြင်းဟာ ၂၀၀၈ ဖွဲ့စည်းပုံကို မသိမသာ အ တည်ပြုတာပဲ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ၊ ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသား များစသည့် ပြည်တွင်း နိုင်ငံရေးလှုပ်ရှားသူများအား ပြန်လည်ပုတ်ခတ်ဝေဖန်တိုက်ခိုက်ရန် နိုင်ငံရေးသမားကို နိုင်ငံရေးသမားနှင့် ပြန်တိုက်ပေးသည့်အစီအစဉ်များကို နအဖစစ်အစိုးရက ၂၀၀၅ ခုနှစ်ဝန်းကျင်မှ စ၍ သိသိသာသာ ဆောင်ရွက်လုပ်ကိုင်ခဲ့သည်။

၈၈မျိုးဆက်ကျောင်းသားများ (ပြည်ထောင်စုမြန်မာနိုင်ငံ)၊ ၀ံသာနု အန်အယ်လ်ဒီ၊ ခေတ်သစ် သိပ္ပံနိုင်ငံရေး ဘောဂဗေဒလေ့လာရေးကျောင်းတော်သားများအဖွဲ့ စသဖြင့် အမျိုးသားရေးအင် အားစုအမည်ခံနာမည် ဆင်တူရိုးမှား အဖွဲ့များဖွဲ့စည်းကာ ၎င်းတို့၏ ထုတ်ပြန်ကြေညာချက်များကို သတင်းစာ၌ ထည့်ပေးခြင်း၊ သတင်းစာရှင်းလင်းပွဲနှင့် နယ်လှည့်ဟောပြောပွဲများ လုပ်ခြင်းတို့ ခွင့်ပြုခဲ့ပြီး ယခုနောက်ဆုံး ကုလသမဂ္ဂ ကိုယ်စားလှယ်များဖြစ်သည့် မစ္စတာ ကွမ်တားနား၊ မစ္စတာ ဂမ်ဘာရီတို့ထိ နေရာပေးကာတွေ့ခွင့် ပေးလာခြင်းဖြစ်သည်။ ထိုအချက်သည် မြန်မာစစ်အစိုးရ ဘက်က အတိုက်အခံကို တန်ပြန်ရန်အတွက် ခါးပိုက်ဆောင်အဖွဲ့များ မွေးထားသည်ကို ထုတ်ဖော်ဝန်ခံရာရောက်နေသည်ဟု ရန်ကုန်နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။
 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo