ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ရှမ်းငြိမ်းအဖွဲ့ ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး အင်တာနက်ဆိုင် လိုင်စင်ကြေး ကွက်ကြားလျှော့ လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ ငါးထပ်ကြီးရပ်ကွက် မီးဘေးအန္တရာယ် စိုးရိမ်ရဟု ရန်ကုန်တိုင်းမီးသတ်မှ ပြောကြား သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည့်သတင်းထွက်ပေါ် ရန်ကုန်တွင် ကားဈေးများကျဆင်းကာ ဈေးကွက်ပျက်
 


quote
 
 

အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာ ဂမ်ဘာရီတို့
ယနေ့ ညနေပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေ

NEJ/ ၂၂ သြဂုတ် ၂၀၀၈
line

 

ရန်ကုန်မြို့တွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီ၏ မေတ္တာရပ်ခံချက်အရ အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်းနှင့် မစ္စတာဂမ်ဘာရီတို့ ယနေ့ညနေပိုင်းတွင် ဒုတိယအကြိမ် ထပ်မံတွေ့ဆုံနေသည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က အတည်ပြု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီတို့ ယခုအထိ တွေ့ဆုံနိုင်ခြင်း မရှိသည်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကြောင့် မဟုတ်ဘဲ တွေ့ဆုံရမည့် အနေအထားကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်မခံနိုင်သဖြင့် မတွေ့ဆုံသေးခြင်း ဖြစ်နိုင်ကြောင်း အန်အယ်လ်ဒီက ပြောသည်။ မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည် မတွေ့ဆုံမည်ကို ယခုအထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။        ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo