ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ရှမ်းငြိမ်းအဖွဲ့ ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး အင်တာနက်ဆိုင် လိုင်စင်ကြေး ကွက်ကြားလျှော့ လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ ငါးထပ်ကြီးရပ်ကွက် မီးဘေးအန္တရာယ် စိုးရိမ်ရဟု ရန်ကုန်တိုင်းမီးသတ်မှ ပြောကြား သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည့်သတင်းထွက်ပေါ် ရန်ကုန်တွင် ကားဈေးများကျဆင်းကာ ဈေးကွက်ပျက်
 


quote
 
 

မြန်မာစစ်တပ် နယ်စပ်စစ်အင်အား တိုးမြှင့်
Bangkok Post/ ၇ သြဂုတ် ၂၀၀၈
line

 

လာမည့် မြန်မာနိုင်ငံ ဒီမိုကရေစီရေး လှုပ်ရှားမှု နှစ် (၂၀) ပြည့်နေ့အတွက် လုံခြုံရေးကို ပိုမိုအား ဖြည့်ရန် ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ မြန်မာစစ်တပ်များကို မြန်မာစစ်အစိုးရက ထပ်မံ အင်အားတိုးမြှင့်ထားသည်ဟု နယ်စပ်သတင်းရပ်ကွက်တခုမှ သိရှိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်း တပ်၊ ချင်းရိုင်၊ ချင်းမိုင်၊ မဲဟောင်ဆောင်ပြည်နယ်များနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနယ်စပ်တပ်များ၏ အင်အားတိုးချဲ့မှုများကို လွန်ခဲ့သည့် (၄) ရက်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ထိုဒေသများသို့ ပို့ဆောင်လိုက်သည့် စစ်အင်အားမှာ တပ်ရင်း (၁၀) ခုစာ ကျော်သည်ဟုလည်း ခန့်မှန်းထားသည်။

ချင်းရိုင်ပြည်နယ် မယ်ဆိုင်မြို့နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် မြန်မာနယ်စပ်မြို့ တာချီ
လိတ်မြို့ရှိ အဓိကကျသော အစိုးရဌာနများတွင်လည်း တပ်ဖြန့်နေရာယူထားသည်။

နယ်စပ်အရေး အချင်းများခဲ့ရသည့် ချင်းမိုင်ပြည်နယ် မယ်အိမြို့နှင့် မျက်နှာချင်းဆိုင် ဒွိုင်လန် တောင်တန်းပေါ်ရှိ (၃၂) မီတာပတ်လည်ရှိသော နေရာသို့လည်း မြန်မာတပ်များနှင့် အမြောက် တပ်များ စေလွှတ်ထားသည်ဟု သတင်းရရှိသည်။

ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် ထိုင်း-မြန်မာနယ်စပ်တွင် အကြမ်းဖက်ဆူပူလှုပ်ရှားမှုများ ဖြစ်လာနိုင်သည်ဆိုသည့် သတင်းကြောင့် နယ်စပ်လုံခြုံရေး ပိုမို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်လှုပ်ရှားမှု၏ မျှော်လင့်ချက်မှာ ထိုင်းနိုင်ငံသို့ အမေရိကန်သမ္မတဘုရှ်၏ အလည်အပတ် ခရီးကြောင့် ပိုမိုပေါ်လွင်လာရသည်ဟု ဆိုသည်။

“အမေရိကန်သမ္မတက မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို မိန့်ခွန်းပြောဖို့ စီစဉ်ထားတယ်။ ဒီတော့ မြန်မာအာဏာပိုင်တွေ ဒေါသထွက်စရာ ဖြစ်နိုင်တာပေါ့” ဟုလည်း နယ်စပ်သတင်းရပ်ကွက်က ပြောသည်။

သို့ရာတွင် ဖမောင်းအထူးတပ်ဖွဲ့မှ တပ်မှူးဖြစ်သူ ချောင်ဝါလစ် သီရိကစ်ဂ်ျက ထိုင်း-မြန်မာနယ်စပ် တွင် အကြမ်းဖက် ဆူပူလှုပ်ရှားမှုများ ဖြစ်နိုင်သည်ဆိုသည့် သတင်းမျိုးကို ထိုင်းအာဏာပိုင်များက သတိမပြုမိကြပါဟု ပြောသည်။ နယ်စပ်တွင် စစ်အင်အားတိုးမြှင့်ခြင်းသည် မြန်မာနိုင်ငံ၏ ပြည်တွင်း ရေးသာ ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

၎င်းကပင် ထိုင်း-မြန်မာနယ်စပ်ဒေသ ကော်မတီအစည်းအဝေးကို ချင်းရိုင်ပြည်နယ်၌ ယနေ့နှင့် မနက်ဖြန် ပြုလုပ်မည်ဟု ပြောသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ ကော်မတီအစည်းအဝေး ပြုလုပ် သည့်ကာလအတွင်း အငြင်းပွားနေရသော နယ်စပ်ဧရိယာနှင့် ပတ်သက်ပြီး ဆန္ဒပြမှုဖြစ်နိုင်သည် ဟုလည်း လုံခြုံရေးသတင်းတရပ်က ဆိုသည်။        ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo