ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 
 

အန်အယ်လ်ဒီရဲ့ အတိုက်အခံအဆင့်အတန်း
သတင်းသုံးသပ်ချက်
ပီတာအောင်/ ၇ သြဂုတ် ၂၀၀၈

line

 

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာတောမတ်အို ကွင်တန်နာကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံခွင့်ပေးရာတွင် စစ်အစိုးရကိုထောက်ခံသည့် အဖွဲ့အစည်းများနှင့် အတူတွေ့ရန် စစ်အစိုးရက စီစဉ်ဆောင်ရွက်ခဲ့ခြင်းသည် အန်အယ်လ်ဒီပါတီကို ရည်ရွယ်ချက်ရှိရှိ တမင်ချိုးနှိမ်လိုက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီပါတီက ယူဆသည်။

ုမြန်မာနိုင်ငံရောက်ရှိနေသည့် ကွင်တန်နာနှင့် တွေ့ဆုံရန် အန်အယ်လ်ဒီပါတီခေါင်းဆောင်များကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ အန်အယ်လ်ဒီပါတီဝင်ဟောင်း ဒေါက်တာစိုးလင်းဦး
ဆောင်သည့် ၀ံသာနုအန်အယ်လ်ဒီအဖွဲ့၊ ကိုအေးလွင်ခေါင်းဆောင်သည့် ၈၈ မျိုးဆက်ကျောင်း သားအဖွဲ့တို့နှင့်အတူ ယမန်နေ့က မြရိပ်ညိုဟိုတယ်၌ တွေ့ဆုံရန် စစ်အစိုးရက စီစဉ်ခဲ့သည်။

တွေ့ဆုံရာတွင်လည်း  (၁၀) မိနစ်ခန့်သာ တွေ့ခွင့်ရရှိခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စများကို အကျဉ်းချုံးသာ တင်ပြနိုင်ခဲ့ကြောင်း၊ အပြန်အလှန် ဆွေးနွေးစကားပြောခွင့် မရရှိခဲ့ကြောင်း အန်အယ်လ်ဒီက ပြောသည်။ 

အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက “လုံးဝမလုပ်သင့်တာကို လုပ်တာပဲ။ တမင်တ ကာကို လုပ်တယ်လို့ပဲ ကျနော်တို့ ဒီလိုပဲ သဘောပေါက်ပါတယ်။ နိုင်ငံရေးပါတီက အန်အယ်လ်ဒီနဲ့ တစညပဲရှိပါတယ်။ ကျန်တဲ့ (၄) စု အစုအဖွဲ့ဆိုတာ ဘာအစုအဖွဲ့မှန်းကို မသိဘူး။ တရားဝင်ပါတီ တွေ မဟုတ်ဘူးပေါ့ဗျာ။ ကျနော်တို့ကတော့ မကျေနပ်ဘူး။ ဒါဟာ တမင်သက်သက်လုပ်နေတာ။ တမင်သက်သက် ချိုးနှိမ်ပြီးလုပ်နေတာလို့ ဒီလိုပဲ သဘောပေါက်တယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် အန်အယ်လ်ဒီပါတီကို အရေးစိုက်စရာ မလိုတော့ဟု ထင်မြင်သဖြင့် ထိုသို့စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်ဟု အန်အယ်လ်ဒီက မယူဆသော်လည်း အန်အယ်လ်ဒီကို စစ်အစိုးရက အရေးမပါတော့သည့် အခန်းကဏ္ဍမှ ထားလိုသည့်သဘောရှိကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး ဦးအုန်းမောင်က ယူဆသည်။

“အရေးမပါတဲ့ အခန်းကဏ္ဍကနေ ထားဖို့များမယ်ထင်တယ်။ သူ့တို့ဘာသူတို့ ရုပ်မက် (၇) ချက်တို့၊ လူထုဆန္ဒခံယူပွဲတို့ ဒါတွေပြီးသွားတဲ့အခါကျတော့ သူတို့ကတော့ သူတို့နည်းနဲ့ ဆက်သွားမယ်လို့ မြင်တယ်။ အန်အယ်လ်ဒီအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ မလုပ်ဘဲနဲ့ အားနည်းတယ်လို့ ယူဆတယ်။ အားမရဘူး။ အဲဒါကြောင့် တဖက်က ပိုပြီးတော့ လက်ရဲဇက်ရဲ လုပ်လာတယ်လို့ထင် တယ်။ တကယ်လို့များ ၉၀ ရွေးကောက်ပွဲအပြီးမှာ မေတ္တာရပ်ခံနေတာ မဟုတ်ဘဲနဲ့ လွှတ်တော် ခေါ်မယ် ပြတ်ပြတ်သားသား ရပ်တည်လိုက်မယ်ဆိုရင် ဒီလောက်ဖြစ်မှာ မဟုတ်ဘူး” ဟု ပြောသည်။

အစိုးရကောင်းကြောင်း ပြောမည့်သူများကို စစ်အစိုးရက ရွေးချယ်၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်နှင့် ပေးတွေ့ခြင်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမူ မလွှဲမရှောင်သာသည့် အတွက် တွေ့ခွင့်ပေးခြင်းဖြစ်သည်ဟုလည်း ၀ါရင့်နိုင်ငံရေးသမားကြီးက ပြောသည်။

အန်အယ်လ်ဒီအပေါ် လူထုနှင့် အဆက်ပြတ်စေရန်နှင့် အင်အားနည်းသွားစေရန် စစ်အစိုးရက
တလျှောက်လုံး ကြိုးစားခဲ့သော်လည်း အတိုက်အခံရှိနေသည်ဆိုသည့် ပြယုဂ် နိုင်ငံတကာသို့ ပြသလိုသည့်အတွက် အန်အယ်လ်ဒီပါတီကို လုံးဝပပျောက်သွားစေရန် မတရားသင်း ပယ်ဖျက် ပစ်ရန်ထိ စစ်အစိုးရက လုပ်မည်မဟုတ်ဟု ယူဆသူတို့လည်းရှိသည်။

အန်အယ်လ်ဒီပါတီတွင် ဒေါ်အောင်ဆန်းစုကြည်ရှိနေသရွေ့ နအဖစစ်အစိုးရက မမှန်မကန် ဆောင်ရွက်နေသရွေ့ အန်အယ်လ်ဒီပါတီအနေဖြင့် အင်အားရှိနေဦးမည်ဖြစ်သည်ဟု စာရေး ဆရာတင်မောင်သန်းက ထင်မြင်ချက်ပေးသည်။

၎င်းက “နအဖက မဟုတ်တာတွေ လုပ်နေသရွေ့ အန်အယ်လ်ဒီသည် အင်အားရှိနေလိမ့်မယ်။ အန်အယ်လ်ဒီက လုပ်တဲ့အတွက်ကြောင့် အန်အယ်လ်ဒီက အင်အားရှိနေတာ မဟုတ်ဘူး။ အဓိက အားဖြင့် လူထုက အန်အယ်လ်ဒီကို ထောက်ခံတယ်၊ စိတ်ကိုင်းညွတ်မှုရှိတယ်ဆိုတာက အကြောင်း တချက် (၂) ခုကြောင့် နအဖ မဟုတ်တာ လုပ်တာရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ကြောင့်၊ အဲဒီ (၂) ချက် ရှိနေသရွေ့ အန်အယ်လ်ဒီသည် အင်အားရှိနေဆဲပဲလို့မြင်တယ်” ဟု ပြောသည်။

မည်သို့ပင်ဆိုစေကာမှု နအဖ စစ်အစိုးရ၏ ယခုလုပ်ရပ်သည် ဆန္ဒခံယူပွဲအလွန်ကာလ၌  အန် အယ်လ်ဒီပါတီကို အလေးမထားကြောင်း ပြသသည့် ဒုတိယမြောက် ဖြစ်ရပ်တခုဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အခမ်းအနား၌ စွမ်းအားရှင်နှင့်ကြံ့ဖွံ့အဖွဲ့များက အန်အယ်လ်ဒီပါတီရုံးချုပ်ရှေ့သို့ လာရောက်၍ ပါတီဝင်များကို ရိုက်နှက်ဖမ်းဆီးသွားခဲ့ဖူးသည်။

ကုလသမဂ္ဂမှ စေလွှတ်သည့် ကိုယ်စားလှယ်များအနေဖြင့် နအဖကပေးတွေ့ရန် စီစဉ်ထားသူများ ကို သံတမန်နည်းအရ တွေ့ဆုံသည်မှန်သော်လည်း တိုင်းရင်းသားခေါင်းဆောင်များ အပါအ၀င် တွေ့သင့်တွေ့ထိုက်သူများကိုလည်း တွေ့ဆုံ၍ ကုလသမဂ္ဂအနေဖြင့် ပြတ်ပြတ်သားသား ရပ်တည်ဆောင်ရွက်သင့်သည်ဟု ယူဆသူတို့ရှိသည်။

ထိုသို့မဟုတ်ဘဲ နအဖအလိုကျ လုပ်ဆောင်နေမည်ဆိုပါက လာမည့် မစ္စတာဂမ်ဘာရီ၏ မြန်မာ နိုင်ငံခရီးစဉ်သည်လည်း ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များ အကောင် အထည်မဖော်နိုင်ဘဲ ရေစုန်မျောဘွယ်ရှိသည်ဟု ၀ါရင့်နိုင်ငံရေးသမားကြီး ဦးအုန်းမောင်က သုံးသပ်ပြောကြားသည်။          ။
 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo