ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

နအဖနှင့်တွေ့ဆုံဆွေးနွေးသည့် KNLA တပ်ရင်းမှူး ကျဆုံး
NEJ  / ၁၇  သြဂုတ် ၂၀၀၇
line

 

နအဖစစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သွားရောက်ဆွေးနွေးခဲ့သူ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော် (KNLA) တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်း (၁၈) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကြည်လင်းသည် ယမန်နေ့ညနေက ၎င်း၏ဒေသအတွင်း ဖြစ်ပွားသည့် ပစ်ခတ်မှုတွင် ကျဆုံးသွား သည်။

“မနေ့က ညနေပိုင်း (၆) နာရီလောက်မှာ သူ့ဒေသအတွင်းက သုံးဆယ်သုံးဆူကျေးရွာအနီးမှာ အမည်မသိတဲ့အဖွဲ့တခုနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီး ကျဆုံးသွားတယ်” ဟု တပ်မဟာ (၆) မှ စစ်သည် တဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းက ယခုသတင်းနှင့်ပတ်သက်၍ ကြားသိရသော်လည်း ၎င်းတို့ထံ အစီရင်ခံစာ ရောက်မလာသေး သည့်အတွက် အတည်မပြုနိုင်သေးကြောင်း ပြောသည်။

ဒု-ဗိုလ်မှူးကြီးကြည်လင်း ခေါင်းဆောင်သည့်အဖွဲ့သည် အရှေ့တောင်တိုင်းဌာနချုပ် စစ်ဦးစီးမှူး ပထမတန်း ဗိုလ်မှူးကြီးမင်းချစ်ဦးနှင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့၌ ယခုလ (၁၁) ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဒု-ဗိုလ်မှူးကြီးကြည်လင်းသည် ၁၉၉၈ ခု ၀န်းကျင်မှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ
တော်တွင် တပ်ရင်းမှူးတာဝန်ကို စတင်ထမ်းဆောင်ခဲ့သည်။     ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook