ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 
 

ကိုရဘာနီအစ်ဒ်ပွဲတော်တွင် အမဲသား လှူဒါန်းသဖြင့်
လာရောက်သူ မြန်မာနိုင်ငံသားများပြား
NEJ / ၂၀ ဒီဇင်ဘာ ၂၀၀၇
line

 

မဲဆောက် ကိုရဘာနီအစ်ဒ်ပွဲတော်တွင် အမဲသား လာရောက်အလှူခံကြသော မြန်မာနိုင်ငံသားများ

ယနေ့ကျရောက်သည့် အစ္စလမ်ဘာသာဝင်များ
၏ ကိုရဘာနီအစ်ဒ်ပွဲတော်အား မဲဆောက်မြို့တွင် ကျင်းပရာ မြ၀တီနှင့် ဒေသတွင်းမှ ဘာသာဝင် များနှင့် ဘာသာဝင်မဟုတ်သူ မြန်မာနိုင်ငံသား များ (၂,၀၀၀) ခန့် အစ်ဒ်ပွဲတော်သို့ လာရောက် ကြသည်။

ဒေသခံအလှူရှင်များက အမဲသားများပေးကမ်း လှူဒါန်းသဖြင့် မြ၀တီမြို့မှလာရောက်သူများက နှစ်စဉ်လာရကျိုးနပ်သည်ဟု ပြောကြသည်။

မြ၀တီမြို့မှလာရောက်သည့် မပါထမာက “မြ၀တီမှာ အမဲသားတပိဿာကို ကျပ် (၅) ထောင် အနည်းဆုံးပဲ။ လက်လုပ်လက်စားတွေ ၀ယ်စားနိုင်ဖို့ မလွယ်ဘူး။ ဒီမှာ မိသားစုလိုက်လာကြ
တော့ တချို့လည်း (၅) ပိဿာ၊ တချို့လည်း (၁၀) ပိဿာလောက် ရကြတယ်။ အခုရတာတွေ
ကိုအခြောက်လှမ်းလိုက်ရင် တလလောက်တော့ကောင်းကောင်းစားရတယ်။ ကျမတို့ဆီမှာက တနေ့လုပ်အားခ ၁၅၀၀ ကျပ်ထက်ပိုမရဘူး” ဟု ပြောကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်အစည်းအရုံး (ABMU) အဖွဲ့၏ အထွေထွေအတွင်းရေးမှူး
ဦးဟာမစ်က “ဒီနေ့မှာ ကိုရဘာနီအစ်ဒ်ပွဲလုပ်တယ်ဆိုတာက အလ္လာအရှင်မြတ်ရဲ့အမိန့်တော်
ကို တသွေမတိမ်း ယုံကြည်စွာနာခံတာဖြစ်တယ်။ မရှိဆင်းရဲသားတွေကို ပေးကမ်းလှူဒါန်းရ
မယ်ဆိုတာကတော့ အစ္စလမ်ဘာသာဝင်တွေရဲ့ တာဝန်ဖြစ်တယ်” ဟု ပြောသည်။

မဲဆောက်မြို့မှ အလှူရှင်တဦးဖြစ်သူ ဦးကဘီရာမတ်က ဆင်းရဲချို့တဲ့သူများအား ပေးကမ်း
လှူဒါန်းနိုင်သည့်အတွက် ၀မ်းသာပီတိဖြစ်ရကြောင်း၊ မြ၀တီမှ လာရောက်သူများကိုလည်း နှစ်စဉ်လှူဒါန်းကြောင်း ပြောသည်။

အစ္စလမ်ဘာသာဝင်များ၏ ကိုရဘာနီအစ်ဒ်ပွဲတော်မှာ ထိုင်းနိုင်ငံတွင် ယနေ့ကျရောက်ပြီး မြန်မာနိုင်ငံ၌ မနက်ဖြန်တွင် ကျရောက်မည်ဖြစ်သည်။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo