ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ထိုင်းဝန်ကြီးချုပ်သစ်ရာထူးလက်ခံရန် အသင့်ရှိနေဟု
ပြည်သူ့စွမ်အားပါတီခေါင်းဆောင်က ကြေညာ
Agencies / ၂၄ ဒီဇင်ဘာ ၂၀၀၇ 
line

 

ပြည်သူ့စွမ်းအားပါတီ (PPP) ခေါင်းဆောင် မစ္စတာစမတ်ဆန်ဒါရာဗတ်

ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်
မစ္စတာအဘီစစ်
 

ထိုင်းနိုင်ငံ၏ ၀န်ကြီးချုပ်အသစ်အဖြစ် တာဝန်ထမ်းဆောင်ရန် အဆင်သင့်ရှိနေကြောင်း ပြည်သူ့စွမ်းအားပါတီ (PPP) ခေါင်းဆောင် မစ္စတာစမတ်ဆန်ဒါရာဗတ်က ယမန်နေ့ညတွင် ကြေညာလိုက်သည်။

ယမန်နေ့ကပြုလုပ်သော ရွေးကောက်ပွဲရလဒ်အဖြစ် မဲရေတွက်မှု (၉၀) ရာခိုင်နှုန်းကျော်အပြီး ပါလီမန်အမတ်နေရာ (၄၈၀) အနက် ၎င်း၏ပါတီက (၂၂၈) နေရာရရှိနေပြီး အဓိကပြိုင်ဘက် ဒီမိုကရက်တစ်ပါတီက (၁၆၆) နေရာသာရရှိသဖြင့် ယင်းသို့ ပြောလိုက်ခြင်းဖြစ်သည်။ မဲရေတွက်မှု အပြည့်အ၀ပြီးစီးရန် ယနေ့ညနေပိုင်းအထိ စောင့်ရမည်ဖြစ်သည်။

“ပါတီအားလုံး ကျနော်တို့နဲ့အတူတွဲပြီး အလုပ်လုပ်ကြဖို့ ဖိတ်ခေါ်ပါတယ်။ ရွေးကောက်ပွဲရလဒ်
တွေက ထိုင်းနိုင်ငံသားတွေအနေနဲ့ ကျနော်တို့ပါတီအပေါ် ဘယ်လိုသဘောထားတယ်ဆိုတာ ကမ္ဘာ့တ၀န်းကပြည်သူတွေကို ပြသလိုက်ပါပြီ” ဟု မစ္စတာစမတ်က ပြောသည်။

ရွေးကောက်ပွဲအကြို ရလဒ်များအရ PPP က မဲအသာရနေသည်ကိုလက်ခံသည့် အဓိကပြိုင်ဘက် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် မစ္စတာအဘီစစ်က “PPP အနေနဲ့သူတို့မျှော်မှန်းထားသလို မဲအများစုကိုတော့မရပါဘူး။ PPP က ညွန့်ပေါင်းအစိုးရကို ဦးဆောင်ဖွဲ့နိုင်ခဲ့ရင် ဒီမိုကရက်တစ်ပါတီ
အနေနဲ့ အတိုက်အခံအနေနဲ့ ရပ်တည်ဖို့ အဆင်သင့်ရှိပါတယ်။ တကယ်လို့ PPP က မဖွဲ့နိုင်ဘူး ဆိုရင်တော့ ကျနော်တို့ကဦးဆောင်ပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အဆင်သင့်ရှိပါတယ်” ဟု ယမန်နေ့ သတင်းစာရှင်းပွဲတွင် ပြောသည်။

ရလဒ်အပြည့်အစုံထွက်ပေါ်လာပြီးနောက် PPP ကအနိုင်ရပါက ထပ်မံအာဏာသိမ်းမည်မဟုတ် ကြောင်း ယမန်နှစ် စက်တင်ဘာ အာဏာသိမ်းစစ်ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသော
နိုင်ငံတော်လုံခြုံရေးကောင်စီ ယာယီတာဝန်ခံ ချာလစ်က ပြောသည်။

ထွက်ပေါ်လာသော အကြိုရွေးကောက်ပွဲရလဒ်နှင့်ပတ်သက်၍ အမေရိကန်အစိုးရက “ရွေးကောက်
ခံ အစိုးရတရပ် ဖွဲ့စည်းရန် အရေးကြီးသည့်ခြေလှမ်းတရပ်” အဖြစ် ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ရွေးကောက်ပွဲတွင် ထိုင်းနိုင်ငံ၏ မဲပေးနိုင်သူအရေအတွက် (၄၅) သန်းကျော်မှ သန်း
(၃၀) ကျော် မဲပေးခဲ့သည်ဟု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြောသည်။     ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook