ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 
 

ပါရမီတက္ကစီများ အိမ်သုံးကားအဖြစ်ရောက်ကုန်
NEJ/ ၂၄ ဒီဇင်ဘာ ၂၀၀၇
line

 

ရန်ကုန်မြို့တွင်ရှားရှားပါးပါး တွေ့ရသည့် ပါရမီတက္ကစီကား

စစ်အစိုးရ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်မှ တည်ထောင်ထားသည့် ပါရမီ တက္ကစီယာဉ်
လိုင်းမှ ကားအများစုသည် အိမ်သုံးကားများ
အဖြစ် ရောက်ကုန်ကြောင်းသိရသည်။

တက္ကစီကားပြေးဆွဲခွင့်ရရှိသည့် ဦးပိုင်လိမိတက် နှင့်နီးစပ်သူတို့ကတဆင့် ပြန်ငှားစားပြီး အဆိုပါ ထပ်ဆင့်ငှားသည့်သူများက တက္ကစီမဆွဲဘဲ
အိမ်သုံးအနေဖြင့် သုံးကြသဖြင့် လိုင်းထဲတွင် ကားမရှိသလောက် နည်းသွားကြောင်း အဆိုပါ လိုင်းမှ တက္ကစီမောင်းသူတဦးက ပြောသည်။

 

၎င်းက “ပါရမီ တက္ကစီယာဉ်လိုင်းက ကားတွေကို စပေါ်ငွေ ကျပ် (၃) သိန်းနဲ့ တရက် ကျပ် (၁) သောင်းသွင်းဖို့ သတ်မှတ်ထားပေမယ့် ကားငှားခွင့်ရှိသူတွေက ဈေးနှုန်းမြင့်ပြီး စဘော်
ကျပ် (၁၀) သိန်းနဲ့ တနေ့ ကျပ် (၁၂,၀၀၀) စသဖြင့် လက်လွှဲယူငှားစားနေကြတယ်။ အဲဒီ
ထပ်ဆင့်ငှားသူတွေက တက္ကစီဆွဲတဲ့သူတွေမဟုတ်ဘူး” ဟု ပြောသည်။  

ပြည်ပမှ ကားတင်သွင်းခွင့်ပါမစ် ရရှိသည့် နအဖ စီးပွားရေးဦးပိုင်လိမိတက်မှ ပါရမီတက္ကစီ ယာဉ်လိုင်းကို ပိုင်ဆိုင်ခြင်းဖြစ်ပြီး တပတ်ရစ် ကိုရီးယားနှင့်ဂျပန် ကားအစီး (၁၀၀) ခန့်ကို တင်သွင်းပြီး လုပ်ငန်းလုပ်ကိုင်နေခြင်းဖြစ်သည်။

တင်သွင်းလာသည့်ကားများသည် ရန်ကုန်ဆိပ်ကမ်းအရောက် ကျပ်ငွေ သိန်း (၃၀ မှ ၄၀) ခန့်သာ ကုန်ကျသော်လည်း လိုင်စင်ရပြီးနောက် သိန်း (၈၀၀ မှ ၁,၀၀၀) တန်ကားများ ဖြစ်လာသည့်
အတွက် အလွန်တွက်ခြေကိုက်သော စီးပွားရေးလုပ်ငန်းဖြစ်ကြောင်း သိရသည်။  

ယာဉ်စီးရေ (၁၀၀) ကျော်ရှိသည့် အဆိုပါ ကားလိုင်းမှာ ယခုအခါ ကားအလွန်နည်းပါးသွား သောကြောင့် လမ်းများပေါ်တွင် တွေ့ရန်ခဲယဉ်းခြင်း၊ တက္ကစီကား တားပါက ရပ်မပေးခြင်း၊ ကြုံကြိုက်၍ငှားရမ်းပါကလည်း သတ်မှတ်ထားသည့်အတိုင်း မီတာနှင့်ငွေမကောက်ခံဘဲ ကြိုက်ဈေးတောင်းယူခြင်း စသည့်အခြေအနေများနှင့် ကြုံကြိုက်နေရကြောင်း ရန်ကုန်မြို့ခံ
များက ပြောသည်။

“စစ်အစိုးရက သာမန်ပြည်သူတွေကိုတော့ ကားတင်သွင်းခွင့် ပိတ်ပင်ထားတယ်။ အခု လက်ရှိ ရန်ကုန်မှာ ဆွဲနေတဲ့တက္ကစီကား (၂) သောင်းနီးပါးကလည်း  ဟောင်းနွမ်းဆွေးမြည့်နေပြီ။ ကားအများစုက မပြင်ဘဲ မောင်းဖြစ်ရုံထားပြီး ဆွဲနေကြတော့ တက္ကစီစီးသူအများစု အဆင်မပြေ ဖြစ်ကြရတယ်” ဟု မြို့ခံတဦးက ပြောသည်။

လာမည့်နှစ်ကုန်ပိုင်းတွင် နောက်ထပ် ကားအစီး (၃၀) ကျော် တင်သွင်းပြီး ၎င်းတို့ယာဉ်လိုင်းကို  တိုးချဲ့ပြေးဆွဲမည်ဟု ပါရမီယာဉ်လိုင်း အုပ်ချုပ်မှုဒါရိုက်တာ ဗိုလ်မှူးကြီးမျိုးမြင့် (အငြိမ်းစား) က မီဒီယာများကို ပြောဆိုထားသည်။     ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo