ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းစာဆရာကြီး ဦးဝင်းတင်၏ ဘာလဲဟဲ့လူ့ငရဲ စာအုပ် ဖြန့်ချိ မွန်ပြည်သစ် ဗဟိုအလုပ်မှုဆောင် (၉) ဦးနှင့် တွေ့ခွင့်ရရန် ရတခတိုင်းမှူး အကြောင်းကြား နအဖ၏စစ်ရာဇ၀တ်မှု ဖော်ထုတ်ရေး ကင်တားနား တောင်းဆို နယ်ခြားစောင့်တပ်အသွင်ပြောင်းရေး အဖြေပေးရန် ကေအိုင်အိုနှင့် နအဖ ယနေ့တွေ့ဆုံ ဦးတင်ဦးနှင့် ဦးဝင်းတင် မွေးနေ့တွင် လူထုသို့ အမှာစကားပါး တရုတ်သို့ သစ်ခိုးထုတ်မှု ပိုများလာ ကိုဖုန်းမော် ကျဆုံးခြင်း (၂၂) ပြည့် လိုင်စင်အတုများကြောင့် လေဆာသုံး ကတ်သစ်ထုတ် ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း … ဟေ့ … ပြန်ရှုပ်ပြီးမှ ဒို့ပြန်ရှင်း (လေအိုးနှင့် ရွှေဂျိုး ဆွေးနွေးခန်း)
 


quote
 
 

မြန်မာနိုင်ငံကို ဖိအားဆက်ပေးသွားမည်ဟု ကွန်ဒိုလီဇာရိုက်စ်ပြော
Reuters/AFP  ၂၄ ဒီဇင်ဘာ ၂၀၀၇
line

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
ကွန်ဒိုလီဇာရိုက်စ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်
က မြန်မာစစ်အစိုးရအနေဖြင့် ဒီမိုကရေစီအတိုက် အခံများနှင့် တွေ့ဆုံဆွေးနွေးလာစေရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂ၊ တရုတ်နိုင်ငံတို့နှင့် အမေရိကန်
က ဆက်လက် ကြိုးစားအားထုတ်သွားမည်ဟု ပြောသည်။

သံဃာတော်များဦးဆောင်သည့် စက်တင်ဘာ ဆန္ဒပြမှုကို နှိမ်နင်းသည့် နအဖစစ်အစိုးရအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှု လျော့နည်းလာသည်ကို  စိုးရိမ်ပူပန်ကြောင်း မစ္စရိုက်စ်က ပြီးခဲ့သည့် သောကြာနေ့၌ ထုတ်ဖော်ပြောကြားခဲ့သည်။

 

အမေရိကန်နိုင်ငံ၏တာဝန်သည် မြန်မာနိုင်ငံအရေးကိစ္စကို နိုင်ငံတကာနှင့်လက်တွဲ၍ အာရုံစိုက် ဆက်လက်ကြိုးစားသွားရန်ဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် အာရှဒေသတွင်း သြဇာလွှမ်းမိုးမှုရှိသည့် တရုတ်နိုင်ငံတို့နှင့် ထပ်ခါထပ်ခါ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာစစ်အစိုးရအား ဒေါ်အောင်ဆန်းစုကြည်၏ အမြင်နှင့်ဆွေးနွေး
ချက်များကို နားထောင်စေလိုကြောင်း၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီအား ပမာမခန့်လုပ်နေမှုကိုလည်း အဆုံးသတ်စေလိုကြောင်း မစ္စရိုက်စ်က ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရှောင်မက်ကောမက်ကလည်း နအဖစ်အစိုးရ၏ မကြာသေးမီက ဒီမိုကရေစီလှုပ်ရှားသူများအား ဖမ်းဆီးခဲ့မှုအပေါ် ကန့်ကွက်လိုက်သည်။

နအဖစစ်အစိုးရသည် စစ်မှန်ပြီး ငြိမ်းချမ်းသည့် ဒီမိုကရေစီကူးပြောင်းရေးကို ကြိုစားလုပ်ဆောင် နေသည်ဟု ပြောနေသော်လည်း ဆန္ဒပြလှုပ်ရှားသူများကို ဆက်လက်ဖမ်းဆီးနေကြောင်း၊ ယင်းသို့ လုပ်ဆောင်နေခြင်းသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မျှော်မှန်းချက်ကို ဖြည့်စွမ်းခြင်းမရှိ
ကြောင်း ၎င်းက ပြောသည်။

စက်တင်ဘာဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းခဲ့သည့် နအဖစစ်အစိုးရအား အပြစ်ပေး အရေး
ယူသည့်အနေဖြင့် မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာနှင့် သစ်တင်ပို့မှု တားဆီးပိတ်ပင်အရေးယူ သည့်ဥပဒေမူကြမ်းကို အမေရိကန်လွှတ်တော်နှစ်ရပ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ထောက်ခံ အတည်ပြုခဲ့သည်။

ထို့ပြင် သမ္မတဘုရှ်ကလည်း မြန်မာစစ်အစိုးရအနေဖြင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး တောင်း ဆိုမှုများကို ဆက်လက်လျစ်လျူရှုနေမည်ဆိုပါက မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများပြုလုပ်
မည့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုတရပ်ကို အမေရိကန်နိုင်ငံက ဦးဆောင်ပြုလုပ်မည်ဖြစ်ကြောင်း သတိပေးပြောဆိုခဲ့သည်။

စက်တင်ဘာဆန္ဒပြမှုတွင် နအဖစစ်အစိုးရ၏ အကြမ်းဖက်နှိမ်နှင်းမှုကြောင့် လူ (၃၁) ဦး သေဆုံး
ခဲ့ပြီး (၇၄) ဦးပျောက်ဆုံးနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်သည်။     ။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo