ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ကျိုက်ထီးရိုးတောင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ဆိုးဝါးလာ A (H1N1) တုပ်ကွေး တကျော့ပြန် ခေါင်းထောင်၊ ရန်ကုန်မှာ ကလေးငယ်များ အစုအပြုံလိုက်ဖြစ်ပွား အကယ်ဒမီပွဲတွင် ဂျာနယ်သတင်းထောက်များ ဓာတ်ပုံရိုက်ခွင့် တားဆီးခံရ ရှမ်းပြည်မြောက်ပိုင်းတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီး ကချင်ပြည်နယ်သို့ ပြည်တွင်းလုပ်သား ပြောင်းရွှေ့နှုန်းများပြား အကယ်ဒမီပွဲမှာ ၀န်ကြီးက ရွေးကောက်ပွဲအတွက် လှုံ့ဆော် ကြပ်ပြေးသန်းရွှေနဲ့ အဏုမြူဂျုံအီး (ဝေဖန်သုံးသပ်ချက်) အပြောနဲ့အလုပ် ညီဖို့လို (ပေးစာ)
 


quote
 
 

မြန်မာစစ်တပ်က ကေအန်ယူဒေသအတွင်း
တပ်အင်အား သုံးဆတိုးမြှင့်ချထား
NEJ/ ၂၄ ဒီဇင်ဘာ ၂၀၀၇
line

 

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၇) ဘားအံခရိုင်အတွင်း ယခင်လဆန်းမှစတင်ကာ မြန်မာစစ်တပ်မှ ယခင်ထက်တပ်အင်အားသုံးဆခန့် တိုးမြှင့်ချထားလိုက်ပြီး ဒေသတွင်းကျေးရွာ သားများအား အဓမ္မလုပ်အားစေခိုင်းမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်နေသည်ဟု ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအားတိုးက ပြောသည်။

၎င်းက “ကျနော်တို့ဒေသမှာ အရင်က စကခ (၁၂) လက်အောက်ခံ တပ်ရင်း (၅) ရင်းရှိတယ်။ အခုလက်ရှိ စကခ (၁၅) လက်အောက်ခံ တပ်ရင်း (၅) ရင်းနဲ့ ရတခ တပ်ရင်း (၅) ရင်း ထပ်တိုး တယ်။ အားလုံး (၁၅) ရင်း၊ ဒီကေဘီအေ မပါသေးဘူး။ အဓိက နယ်မြေစိုးမိုးရေးပဲ။ အခြားလှုပ် ရှားက (၄) ရင်းရှိတယ်။ ကျနော်တို့ ကေအန်ယူမှာ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး စွဲကိုင်
ထားတဲ့ အခြေခံမူတွေရှိတယ်။ အဲဒါကြောင့် အရင်တော့မတိုက်ဘူး။ ကိုယ့်ကိုလာတိုက်လို့က
တော့ ခုခံစစ်နဲ့ ကာကွယ်သွားဖို့ ကျနော်တို့မှာ အရန်သင့်ရှိတယ်” ဟု ပြောသည်။

ထို့အပြင် မြန်မာစစ်တပ်နှင့် ဒီကေဘီအေ ပူးပေါင်းအဖွဲ့များအတွက် ဘားအံခရိုင်အတွင်းတွင် ဒေသခံရွာသားများမှာ လုပ်အားအဓမ္မစေခိုင်းခံနေရကြောင်း၊  အထူးသဖြင့် ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်မှ ရွာသားများသည် နအဖထံ လက်နက်ချသွားသည့် ကေအန်ယူမှ ဗိုလ်ဌေးမောင် တို့အဖွဲ့အတွက် လမ်းပြင်ခြင်း၊ ရော်ဘာနှင့် ကြက်ဆူစိုက်ခြင်းတို့ကို ကိုယ့်ထမင်းကိုယ်စား၍  လုပ်အားပေးနေရကြောင်း ၎င်းက ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်မူ  ကေအန်ယူသည် ပြည်ပထောက်ပံ့ငွေများဖြင့်
လက်နက်ခဲယမ်းများဝယ်ယူပြီး အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း စွပ်စွဲ
ထားသည်။

ယင်းစွပ်စွဲချက်နှင့်ပတ်သက်၍ ကေအန်ယူသည် ကရင်အမျိုးသားများအတွက် တော်လှန်တိုက်ပွဲ
ဝင်လာခဲ့သည်မှာ (၅၉) နှစ်ရှိပြီး ကရင့်တော်လှန်ရေးအား ကရင်လူထု၏ထောက်ခံမှုဖြင့် ဆက် လက်တိုက်ပွဲဝင်နေကြောင်း၊ နိုင်ငံတကာအထောက်အပံ့နှင့် တိုက်ပွဲဝင်နေခြင်း မဟုတ်သည်မှာ တကမ္ဘာလုံးအသိပင်ဖြစ်ကြောင်း ဘားအံခရိုင်ဥက္ကဋ္ဌက ပြောကြားသည်။

တပ်မဟာ (၇) ဒေသအခြေအနေနှင့်ပတ်သက်၍ တပ်မဟာမှူး ဗိုလ်မှူးချုပ်ဂျော်နီအား ဆက်သွယ် ခဲ့သော်လည်း ခရီးလွန်နေသဖြင့် ဆက်သွယ်၍မရရှိပေ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo