ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - ရှမ်းငြိမ်းအဖွဲ့ ခေါင်းဆောင်များအား ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ထပ်မံ ဖိအားပေး အင်တာနက်ဆိုင် လိုင်စင်ကြေး ကွက်ကြားလျှော့ လှိုင်သာယာ စက်မှုဇုန်လုပ်သားများ တတိယအကြိမ် ဆန္ဒပြ ငါးထပ်ကြီးရပ်ကွက် မီးဘေးအန္တရာယ် စိုးရိမ်ရဟု ရန်ကုန်တိုင်းမီးသတ်မှ ပြောကြား သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည့်သတင်းထွက်ပေါ် ရန်ကုန်တွင် ကားဈေးများကျဆင်းကာ ဈေးကွက်ပျက်
 


quote
 
 

စက်လှေမှောက်သေဆုံးသူ မြန်မာ (၂၂) ဦး အလောင်းကို
ထိုင်းအာဏာပိုင်များသင်္ဂြိုဟ်
ကျော်ထင်/ ၂၄ ဒီဇင်ဘာ ၂၀၀၇
line

 

ယခုလ (၂၀) ရက်တွင် ထိုင်းရေပိုင်နက်အတွင်း ငါးဖမ်းစက်လှေတစီးနှင့်တိုက်မိကာ နစ်မြုပ်သွား သော စက်လှေပေါ်တွင်ပါရှိသည့် သေဆုံးသူမြန်မာနိုင်ငံသားအလောင်းများကို ပြီးခဲ့သည့် စနေ နေ့ညပိုင်းတွင် ထိုင်းအာဏာပိုင်များက ရနောင်းမြို့၊ ၀ပ်ပါချမ်းဘုန်းကြီးကျောင်းတွင် မီးသင်္ဂြိုဟ် လိုက်သည်။

ကလေး (၄) ဦး၊ အမျိုးသမီး (၇) ဦးအပါအ၀င် မြန်မာနိုင်ငံသားအလောင်း (၂၂) လောင်းကို ပြီးခဲ့ သည့် စနေနေ့၊ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့အနီးရှိ ကော့စင်ဟိုင်းကျွန်းနှင့် ကော့ချမ်းကျွန်းအနီးတွင် ထိုင်းကမ်းခြေစောင့်တပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မီးသင်္ဂြိုဟ်သည့်နေရာသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသားတဦးက ရနောင်းခရိုင်ဝန် အပါ
အ၀င် ရဲနှင့်စစ်တပ်မှ တာဝန်ရရှိသူများ၊ ပြည်သူ့စစ်များနှင့် လူမှုအဖွဲ့အစည်းများက အလှူငွေ
ဝိုင်းဝန်းထည့်ပြီး ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ မီးသင်္ဂြိုဟ်ခြင်းဖြစ်ကြောင်း ပြောသည်။

၎င်းက “ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအရ သရဏဂုံတင်တယ်၊ တင်ပြီးတာနဲ့ သူတို့ကို အမိန့်စာ ပြန်တယ်၊ အခုသေဆုံးခဲ့ပေမယ့် ထိုင်းနိုင်ငံအနေနဲ့ ဥပဒေကြောင်းအရ အရေးမယူဘူး၊ မင်းတို့ ထိုင်းနိုင်ငံထဲရောက်ပေမယ့် ဥပဒေနဲ့မသက်ဆိုင်ဘူး၊ ဒို့နိုင်ငံနဲ့လည်းမဆိုင်ဘူး၊ အဲဒီတော့ မင်းတို့ကိုကောင်းရာသုဂတိလားဖို့၊ နောက်ဘ၀ဆက်တိုင်းဆက်တိုင်း ဒီလိုမျိုးအဖြစ်တွေ
မကြုံပါစေနဲ့ ဒီလိုပေါ့နော် ဆုတောင်းမေတ္တာပို့ပြီးတော့ ထိုင်းလို၊ ဗမာလိုပေါ့နော်” ဟု ပြောသည်။

တိမ်းမှောက်သွားသောစက်လှေပေါ်မှ ခရီးသည် (၅၀) နီးပါးသေဆုံးမည်ဟု ခန့်မှန်းကြပြီး သေဆုံး သူအရေအတွက် အတိကျသိရှိရန်မလွယ်ကူဟုလည်း ရနောင်းအခြေစိုက် လူမှုရေးအဖွဲ့အစည်း တခုဖြစ်သည့် World Vision အဖွဲ့၏ လူကုန်ကူးမှုဆိုင်ရာဌာနခွဲမှ ကိုအောင်ချမ်းမင်းက ပြောသည်။

“အကုန်လုံးသေတာက (၄၇) ယောက်လို့ ကျနော်တို့ကြားတယ်။ အယောက် (၂၀) ကျော်လောက်
ပဲ အလောင်းရတယ်။ ပြဿနာက အလောင်းတချို့တ၀က်ဟာ ကျနော်တို့မြန်မာရေဘက်ထဲကို မြောသွားတဲ့အခါကျတော့ ပြန်လိုက်ဆယ်ဖို့ အရမ်းခက်ခဲတယ်” ဟု ပြောသည်။

အလောင်းအချို့ မြန်မာရေပိုင်နက်အတွင်းမြောနေသေးကြောင်း ကော့သောင်း-ရနောင်း ကူးတို့ ပြေးဆွဲနေသော စက်လှေသမားတဦးက ပြောသည်။

ပါဝင်ပတ်သက်သည်ဟု ယူဆရသော လူပွဲစားများသည် တိမ်းရှောင်နေပြီး စက်လှေနစ်မြုပ်ရာမှ လွတ်မြောက်လာသော်လည်း အာဏာပိုင်များ စစ်ဆေးမည်ကို စိုးရိမ်သဖြင့် ရေငုံနှုတ်ပိတ်နေသူ များလည်း ရှိနိုင်သည်ဟု ကိုအောင်ချမ်းမင်းက ပြောသည်။

ချင်းလူမျိုးအများစုပါဝင်သည်ဟု ယုံကြည်ရသော စက်လှေစီးခရီးသည်များသည် ထိုင်းနိုင်ငံ တောင်ဘက်စွန်း ကမ်းခြေဘက်မှတဆင့် မလေးရှားနိုင်ငံထဲသို့ တရားမ၀င် ၀င်ရောက်မည့် သူများဖြစ်ကြောင်း သိရသည်။

“ဒီပွဲစားတွေက ဘယ်အထိ ပို့ပေးလဲဆိုတော့ ဒီတောင်ပိုင်းဒေသဘက်ဆိုရင် ယလာ၊ ပတ္တာနီ အဲဒီဘက်က၀င်တယ်၊ အဲဒီဘက်ကနေတဆင့် မလေးဝင်တာရှိတယ်၊ အဲဒီပုံစံတွေပေါ့။ အပေါ်ပိုင်းကျတော့ ဘန်ကောက်၊ မဟာချိုင်တို့ကတဆင့်ပေါ့” ဟု ကိုအောင်ချမ်းမင်းက ဆက်လက်ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာစစ်အစိုးရမှ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

 

Sport
job
job
job
News Photo
job
sayartinmoe
sayartinmoe
News Photo