ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - -ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ တွေ့ခွင့်ပေးရန် မြန်မာစစ်အစိုးရ ငြင်းဆို မော်လမြိုင်ဈေးသစ် မပြီးသေး၍ ဈေးသည်များ ရောင်းချမှုကျဆင်း လွှတ်တော်အမတ် ခန့်အပ်ပေးရန် ကချင်ပြည် ဒီမိုကရေစီသစ်တပ်မတော် တောင်းဆို အင်းစိန်ထောင်ပတ်ဝန်းကျင် လုံခြုံရေးထူထပ်စွာချထား စစ်အုပ်စု တူးနေသည့် မိုက်တွင်းများ (သတင်းသုံးသပ်ချက်) ဒေါ်အောင်ဆန်းစုကြည်အမှု ထပ်မံရုံးချိန်း
 


quote
 
 

ကိုရီးယား ရေဒီယိုကမ်ပိန်းအဖွဲ့က
မြန်မာပြည်သူများအတွက် ရေဒီယိုများထောက်ပံ

NEJ/ ၁၁ ဖေဖော်ဝါရီ ၂၀၀၈
line

 

kr
Citizen Action Network - KOREA အဖွဲ့၏ ကိုယ်စားလှယ် မစ္စတာ အိုဂွမ်ယောင်မှ ရှင်းလင်းပြောကြားစဉ်။

ကိုရီးယားငြိမ်းချမ်းရေး ရေဒီယိုကမ်ပိန်းအဖွဲ့မှ မြန်မာပြည်သူများ မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိနိုင်ရေးအတွက် ပြည်ပ မြန်မာအသံလွှင့်ဌာနများမှ ထုတ်လွှင့်မှုများကို နားထောင်နိုင်ရန်
ကိုရီးယားပြည်သူများ၏ ရေဒီယိုထောက်ပံ့ရေးကမ်ပိန်းကို ယမန် နေ့ညက ထိုင်း-မြန်မာနယ်စပ်တွင် စတင်လိုက်သည်။

အဆိုပါ ရေဒီယိုကမ်ပိန်းဖြစ်မြောက်ရေးအတွက် ကမကထပြု ဆောင်ရွက်ခဲ့သည့် ကိုရီးယားအခြေစိုက် Citizen Action Network- KOREA အဖွဲ့၏ ကိုယ်စားလှယ်တဦးဖြစ်သူ မစ္စတာ အိုဂွမ်ယောင်က “မြန်မာစစ်အစိုးရကနေပြီးတော့ ပြည်သူတွေ ဘာမှမသိအောင် ဘာမှလုပ်မပေးနိုင်တဲ့ အရာအားလုံးကို ကိုရီးယားပြည်သူတွေ ပူးပေါင်းပြီး ဒီရေဒီယိုကို ပြည်သူတွေ နားထောင်လို့ရအောင် ဒီကမ် ပိန်းကို လာလုပ်ပေးရတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာပြည်သူတွေအတွက် အများကြီးအထောက်အပံ့ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

 


ယင်းအဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအပါအ၀င် အဖွဲ့ အစည်းအချို့နှင့်ဆက်သွယ်ထားပြီး အဆိုပါ အဖွဲ့အစည်းများမှတဆင့် ရေဒီယိုများကို မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၊ IDP  ဧရိယာရှိ မြန်မာဒုက္ခသည်များ၊ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းရှိ မြန်မာပြည်သူများနှင့် လွတ်မြောက်နယ်မြေများရှိ မြန်မာပြည်သူများထံ ပေးပို့သွားမည်ဖြစ်သည်။

ယမန်နေ့ညက စတင်ပြုလုပ်ခဲ့သည့် ကမ်ပိန်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများမှတဆင့် ပထမ အဆင့်အနေဖြင့် တလုံးလျှင် (၁၀) ဒေါ်လာခန့်တန်ဖိုးရှိသော အိတ်ဆောင်ရေဒီယိုအလုံး (၇၀၀) အား လွှဲပြောင်းဖြန့်ဝေပေးခဲ့သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုငွေလင်းက “ကိုရီး ယားပြည်သူတွေ စဉ်းစားထားတာက စက်တင်ဘာလှုပ်ရှားမှု ဖြစ်သွားတဲ့အချိန်မှာ ဘုန်းကြီး
တွေပါ အသေခံပြီး စွန့်လွှတ်တိုက်ကြတဲ့အချိန်ကျတော့ သူတို့နိုင်ငံက ကွမ်ဂျိုးဆန္ဒပြပွဲနဲ့ အင်မ တန်တူတယ်လို့မြင်တယ်။ သူတို့ ကွမ်ဂျိုးမှာ တော်လှန်ရေးအောင်သွားသလို စစ်အာဏာရှင် ဖြုတ်ချနိုင်ခဲ့သလို မြန်မာပြည်သူတွေလည်း စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ရမယ်ဆိုတဲ့စိတ်မျိုး သူတို့မှာဖြစ်ပြီး ဒီရေဒီယိုကမ်ပိန်းကို ဆောင်ရွက်ပေးပြီး ကျနော်တို့မြန်မာပြည်သူတွေကို
အားပေးလိုက်တာဖြစ်တယ်” ဟု ပြောသည်။

Citizen Action Network - KOREA အဖွဲ့သည် မြန်မာပြည်သူများအား ရေဒီယို လှူဒါန်းနိုင်ရေး အတွက် ကိုရီးယားနိုင်ငံတွင် လှည့်လည်စည်းရုံးမှုများကို ၂၀၀၇ ခုမှ စတင်ခဲ့သည်။

မယ်လဒုက္ခသည်စခန်းမှ လူငယ်တဦးက “ကျနော်တို့စခန်းမှာ နေ့စဉ် မြန်မာနဲ့ နိုင်ငံတကာ
သတင်းတွေကို သိရှိဖို့အတွက် ရေဒီယိုဟာ မရှိမဖြစ်လိုအပ်တယ်။ အခုလို အလှူရှင်တွေ ပေါ်လာတော့ အနည်းနဲ့အများတော့ အကျိုးသက်ရောက်မှုရှိတာပဲ။ အထူးသဖြင့် အတွင်းပိုင်း
IDP ဒေသမှာရှိတဲ့ လူထုတွေဆီကို အဓိကထား ပို့စေချင်တယ်” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်၏ အခြေအနေများအား လေ့လာပြီး ပြည်တွင်းမြန်မာလူထု လိုအပ်မည့် ရေဒီယိုများကို ဆက်လက်လှူဒါန်းသွားမည်ဟု အိုဂွမ်ယောင်က ဒေသခံသတင်းထောက်များအား ပြောသည်။

အဆိုပါ ကိုရီးယားရေဒီယိုကမ်ပိန်းအဖွဲ့၏လှုပ်ရှားမှုများကို သိရှိလိုပါက www.peaceradio.kr
ဝက်ဆိုဒ်တွင် ၀င်ရောက်ကြည့်ရှုနိုင်သည်ဟု အဖွဲ့၏လက်ကမ်းစာဆောင်တွင် ဖော်ပြပါရှိသည်။

 

job
job
job
job
job
job
News Photo
sayartinmoe
KPP_ads