ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ယုံကြည်စိတ်ချရသည့် ရွေးကောက်ပွဲဖြစ်ရမည်ဟု
စစ်အစိုးရကို အာဆီယံပြောကြား

Reuters/ ၂၁ ဖေဖော်ဝါရီ ၂၀၀၈
line

 

မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းတို့ပြုလုပ်မည့် ရွေးကောက်ပွဲကို အများက ယုံကြည်မှုရှိစေရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့က ယမန်နေ့၌ ပြောကြားခဲ့ပြီး ယုံကြည်စိတ်ချ ဖွယ်မရှိပါက ရလဒ်သည် အာဆီယံ (၁၀) နိုင်ငံကိုပါ ထိခိုက်နိုင်သည်ဟု ပြောဆိုလိုက်သည်။
စစ်အစိုးရက မေလအတွင်း ဆန္ဒခံယူပွဲကျင်းပမည်ဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ယခုလဆန်းပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အကယ်၍ ကျင်းပဖြစ်ပါက ထိုရွေးကောက်ပွဲသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရက လျစ်လျူရှုခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပြုလုပ်မည့် ရွေးကောက်ပွဲဖြစ်သည်။

“ကျနော်တို့တွေ စိုးရိမ်ပူပန်နေကြတာက ဒီဖြစ်စဉ်ကို အများက ယုံကြည်လက်ခံနိုင်မှုပဲ။ လွတ် လပ်ပြီး အမှန်အကန်ဖြစ်ဖို့အတွက် စည်းကမ်းချက်တွေရှိသင့်သလို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံ
တကာ ရှုထောင့်ကို လျစ်လျူရှုလို့မရကြောင်း ပြောပြထားပါတယ်” ဟု စင်ကာပူနိုင်ငံခြားရေး
ဝန်ကြီး ဂျော့ခ်ျယိုက စင်ကာပူနိုင်ငံတွင်ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ ဆွေးနွေးပွဲနောက်ပိုင်းတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားသားတယောက်နှင့် လက်ထပ်ထားသူ ဖြစ်သောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် စစ်အစိုးရက ခွင့်ပြုမည်မဟုတ်ဟု စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးကို ကိုးကားပြီး ယမန်နေ့ထုတ် စင်ကာပူ စထရိတ်တိုင်းမ်သတင်းစာတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၉ ခုတွင် ကွယ်လွန်ခဲ့သည့် ဗြိတိန်နိုင်ငံသား မိုက်ကယ်
အဲရစ်ကို အိမ်ထောင်ပြုထားသူဖြစ်ပြီး သားသမီးများမှာလည်း နိုင်ငံခြားသား နိုင်ငံကူး လက်မှတ်များကို ကိုင်ဆောင်ထားသောကြောင့် ယခုဖွဲ့စည်းပုံအခြေခံ ဥပဒေအသစ်အရ ရွေးကောက်ပွဲ မ၀င်နိုင်ကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးက အင်္ဂါနေ့တွင် ပြုလုပ်သည့် ဒေသတွင်း အစည်းအဝေးတခု၌  ပြောကြားခဲ့ကြောင်း ဂျော့ခ်ျယိုက ထပ်လောင်းပြောကြား
ခဲ့သည်။

အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂေါ်ဒွန် ဂျွန်ဒရိုးကလည်း လွတ်လပ်ပြီးတရားမျှတသည့်  ရွေးကောက်ပွဲဖြစ်ရန်မလွယ်ကူကြောင်း  စစ် အစိုးရအနေနှင့် တကယ်စစ်မှန်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို  ရေးဆွဲရန်လိုအပ်
ကြောင်း ပြောကြားသည်။

နယူးယော့ခ်ရှိ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာရီအိုကဘီကမူ  “မြန်မာနိုင်ငံမှာရှိနေတဲ့ နိုင်ငံရေးဖြစ်စဉ်ကို ယုံကြည်လက်ခံနိုင်မှုဆိုတာကတော့ အားလုံးပါဝင်နိုင်မယ့် ပါဝင်ခွင့် ရှိ မရှိဆိုတဲ့အပေါ်မှာပဲ မူတည်တယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

လူ့အခွင့်အရေး စောင့်ကြည့်ရေးအတွက် မြန်မာ့အရေး အတိုင်ပင်ခံဖြစ်သည့် ဒေးဗစ်စကော့ ကလည်း မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးတွင် ဒေါ်အောင်ဆန်းစုကြည်အတွက် တနေရာမှ မပေးနိုင်ကြောင်း စစ်အစိုးရက ပြသလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီတော့ ပြောရမယ်ဆိုရင် ပြည်တွင်းနိုင်ငံရေး လုပ်ရပ်အားလုံးမှာ ဒေါ်အောင်ဆန်းစုကြည်
မပါဝင်ရေးအတွက် စစ်အစိုးရဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လုံးလုံး နည်းလမ်းတွေ ရှာဖွေ နေခဲ့တာဖြစ်တယ်။ ဒီတော့ ဒီ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးက လံကြုတ်ကြီးပေါ့” ဟု ဒေးဗစ်စကော့က ထိုင်းနိုင်ငံရှိ ရိုက်တာရုပ်သံတွင် ပြောကြားသွားခဲ့သည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook