ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

မြန်မာပြည်သားများကို ဖျော်ဖြေရန်
သီးလေးသီးအငြိမ့်အဖွဲ့ ဘန်ကောက်ရောက်
ပီတာအောင်/ ၁၀ ဇန်န၀ါရီ ၂၀၀၈ line

 


ဘန်ကောက်ရောက် သီးလေးသီး အဖွဲ့သားများ

 

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဖျော်ဖြေရန်အတွက် သီးလေးသီးဆေးရောင်စုံအငြိမ့် အဖွဲ့သည် မလေးရှား- ထိုင်းနယ်စပ်မှတဆင့် ကားဖြင့်ဘန်ကောက်မြို့သို့ ယမန်နေ့ညက ရောက် ရှိသည်။

အငြိမ့်အဖွဲ့ခေါင်းဆောင် လူရွှင်တော် ဂေါ်ဇီလာက “ကားနဲ့လာတာ။ မလာစဖူး အလာထူးတယ်။ တညအိပ်နှစ်ရက် စီးလိုက်ရတယ်။ တော်တော်ဒုက္ခရောက်သွားတယ်။ ကားက ပျက်လိုက်သေး တယ်” ဟု ပြောသည်။

သီးလေးသီးအငြိမ့်အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် ပီနန်မြို့တို့၌ လှည့်လည် ဖျော်ဖြေအပြီး ထိုင်းနိုင်ငံသို့ ရောက်လာခြင်းဖြစ်ပြီး လာမည့် စနေနေ့ ဇန်န၀ါရီ (၁၂) ရက်
ညနေ (၅) နာရီမှ (၈) နာရီထိ ဘန်ကောက်မြို့ Ratchathewi BTS မိုးပျံဘူတာရုံအနီး (SCC ) ၀င်းအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်း အဆောက်အဦ၌ ကပြရန်စီစဉ်ထားသည်။

ဘန်ကောက်အငြိမ့်ပွဲနှင့်ပတ်သက်၍ ကိုဂေါ်ဇီလာက “ရှေ့ပိုင်းမှာ ပဒေသာအငြိမ့်လေးပါမယ်၊ သီချင်းလေး ထွက်ဆိုမယ်၊ ပြီးတော့ သံချပ်တိုက်မယ်။ ကျနော်တို့ ပျက်မဲ့ပျက်လုံးကတော့ အရင်တုန်းက ဗမာပြည်ကိုထူထောင်ခဲ့တာက အနော်ရထာပေါ့၊ အ နဲ့စတယ်။ ဗမာပြည်တပါးကျွန် ဘ၀ကို ရောက်ခဲ့တာက သီပေါပေါ့၊ သီပေါဆိုတော့ သ နဲ့ဆုံးတယ်။ ဗမာပြည်ထူထောင်ခဲ့တာက
အ နဲ့စတယ် လွတ်လပ်ရေးဆုံးရှုံးတာက သ နဲ့ဆုံးတယ်။ ခုကျနော်တို့ဒီခေတ်မှာကျတော့ လွတ်လပ်ရေးကို နယ်ချဲ့လက်ကနေ ပြန်တိုက်ခဲ့တာက အောင်ဆန်း၊ အ နဲ့စတာပေါ့။ ဟော အခုဆိုရင်တော့ သနဲ့ဆုံးပါလိမ့်မယ်” ဟု ကြိုတင် ပျက်လုံးထုတ်ပြောကြားသည်။

ဘန်ကောက်အငြိမ့်ပွဲတွက် ၀င်ကြေး တဦးလျှင် ဘတ်ငွေ (၂၅၀) သတ်မှတ်ထားပြီး အငြိမ့်ပွဲမှ ရရှိသည့် ၀င်ငွေတစိတ်တပိုင်းဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံး စာအုပ်ဖိုးနှင့် စာအုပ်ခဲတံများ ၀ယ်ယူလှူဒါန်းသွားမည်ဟု အငြိမ့်ပွဲ စီစဉ်သည့် Spirit Media Production မှ ကိုကျော်လင်းဦးက ပြောသည်။

ဘန်ကောက်အငြိမ့်ပွဲအပြီး သီးလေးသီးအဖွဲ့သည် စင်ကာပူနိုင်ငံသို့ ဆက်လက်သွားရောက်၍ ဇန်န၀ါရီ (၁၉) ရက်ည၌ ဖျော်ဖြေရန်စီစဉ်ထားပြီး ပြည်ဝင်ခွင့်ဗီဇာရသည့် အခြေအနေပေါ်မူတည်
၍ တခြားနိုင်ငံများသို့ သွားရောက်ဖျော်ဖြေရန်ရှိကြောင်း သိရသည်။

 “ဒါပြီးရင် နိုင်ငံတကာကိုလှည့်ကဖို့ အစီအစဉ်ရှိတယ်။ ခရီးစဉ်ပြီးမှပဲ ကျနော်တို့က မြန်မာပြည် ပြန်ဝင်လို့ရမလား မရမလား မသိဘူးပေါ့နော်။ လောလောဆယ်တော့ အဲ့ဒီအကြောင်းတွေခေါင်း
ထဲ သိပ်မတွက်ပါဘူး။ ကျနော်တို့ပွဲကမယ့် ခရီးစဉ်တလျှောက် အကောင်းဆုံးဖြစ်အောင်ကြိုးစား မယ်လို့ စိတ်တွေပဲမွေးထားတယ်” ဟု ဂေါ်ဇီလာက ပြောသည်။

သီးလေးသီးအငြိမ့်အဖွဲ့သည် လူရွှင်တော် ဇာဂနာ၊ အရိုင်း၊ ကင်းကောင်၊ ပိုးဖြူ၊ ငှက်ပျောကြော်၊ ညောင်ညောင် နှင့် ဂေါ်ဇီလာတို့၏ မြပုဏ္ဏမာအငြိမ့်မှ လက်ဆင့်ကမ်း အမွေဆက်ခံခြင်းဖြစ်ပြီး လူရွှင်တော် စိန်သီး၊ ကြယ်သီး၊ ပန်းသီး၊ ဆီးသီး၊ ဂေါ်ဇီလာ၊ မင်းသမီး ချောစုမျိုးနှင့် မြစပါယ်ငုံ
တို့ ပါဝင်သည်။

စက်တင်ဘာအရေးအခင်းအပြီး ကန်တော်ကြီး မျှော်စင်ကျွန်း၌ ကပြခဲ့သည့်၎င်းတို့အဖွဲ့၏ ပျက်လုံး များသည် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို ထိထိမိမိ သရော်ထားသည့်အတွက် လူထုအကြား ရေပန်းစားနေပြီး ထိုအငြိမ့်ဗီစီဒီမှာ ထုတ်ဝေခွင့်မရသည့်ကြားမှ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူ တို့အကြား ပျံ့နှံ့လျက်ရှိသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook