ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - သတင်းလွတ်လပ်ခွင့်မဲ့၍ မျှတသည့်ရွေးကောက်ပွဲ မဖြစ်နိုင် နိုင်ငံရေးပါတီ သို့မဟုတ် လူမှုအစည်းအရုံးတခုအဖြစ် ကေအိုင်အို အသွင်ပြောင်းရန်လိုလား ဓာတ်ပုံများ အဓမ္မရိုက်ကာ ကြံ့ဖွံ့ထဲဆွဲသွင်း ဗီဇာမရသဖြင့် လေယာဉ်လက်မှတ် ပြန်ထုတ်သူများ စုပြုံ ဒုက္ခသည်များ အမေရိကန်သို့ ပြန်လည်လက်ခံမည် နအဖအတွက် ဓားမသွေးလောက်တဲ့ ဘင်္ဂလားအရေး (အပိုင်း-၂) (ဆောင်းပါး)
 


quote
 
 

ဂြိုဟ်တုစလောင်းလိုင်စင်ကြေး ကျပ် (၁) သန်းထိ
စစ်အစိုးရ ရုတ်တရက်တိုးမြှင့်

NEJ/ ၂ ဇန်န၀ါရီ ၂၀၀၈
line

 

ဂြိုဟ်တုစလောင်းရုပ်သံဖမ်းယူကြည့်ရှုခွင့် လိုင်စင်ကြေးကို  နအဖစစ်အစိုးရက  ကြိုတင်အသိ ပေးခြင်းမရှိဘဲ တနှစ်လျှင် ကျပ် (၆) ထောင်မှ ကျပ် (၁၀) သိန်းထိ တိုးမြှင့်လိုက်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ငွေစာရင်းဌာနမှ တာဝန်ရှိသူတဦးက “လက်ရှိသုံးနေတဲ့သူတွေ နှစ်စဉ်ကြေး ဆောင်မယ်ဆိုရင် ဒီလကစပြီး (၁၀) သိန်းဆောင်ရမယ်။ ဒီလကုန်လို့မှ နှစ်စဉ်ကြေး မဆောင်ရင် (၃) သောင်း ထပ်ပြီးတော့ဒဏ်ကြေးထိမယ်” ဟု ပြောသည်။

ဂြိုဟ်တုစလောင်း ရုပ်သံဖမ်းယူကြည့်ရှုခွင့် လိုင်စင်အသစ် လျှောက်ထားသူများအနေဖြင့်
ကျပ်သိန်း (၂၀) သွင်းရမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

လိုင်စင်ကြေးတိုးမြှင့်သည့်သတင်းကို နအဖသတင်းစာများတွင် ဖော်ပြခြင်းမရှိဘဲ စလောင်း အသုံးပြုသူများက လိုင်စင်ကြေး သွားရောက်ပေးဆောင်သည့်အချိန်ကျမှ သိရခြင်းဖြစ်သည်။

မည်သည့်အတွက်ကြောင့် တိုးမြှင့်လိုက်သည်ကို မသိရသော်လည်း နိုင်ငံတကာ ရုပ်သံသတင်း များအား ပြည်သူအများ ကြည့်ရှုနေသည်ကို ကန့်သတ်ရန် ကြိုးပမ်းသည့်အနေဖြင့် တိုးမြှင့်ခြင်း ဖြစ်နိုင်သည်ဟု ယူဆသူများရှိသည်။

စစ်အစိုးရ၏ တရားဝင်စာရင်းအရ မြန်မာနိုင်ငံတွင် ၂၀၀၂ ခု၌ ဂြိုဟ်တု စလောင်းရုပ်သံကြည့်ရှုခွင့် တရားဝင် မှတ်ပုံတင်ထားသူ (၆) သောင်းရှိသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။

လတ်တလော ရန်ကုန်မြို့၌ အစိုးရကရောင်းချပေးနေသည့်  ဒီဇယ်နှင့်ဓာတ်ဆီ နေ့စဉ်ခွဲတမ်း
များကို တ၀က်ဖြတ်တောက်မည်ဟု ကောလဟလသတင်းများ ထွက်ပေါ်နေချိန်တွင် စလောင်း နှစ်စဉ်ကြေး တိုးမြှင့်သည့်သတင်း ရုတ်တရက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရကမူ လောင်စာဆီခွဲတမ်းများကို ယခင်အတိုင်း ပြောင်းလဲမှုမရှိဘဲ ဆက်လက် ထုတ်ပေးမည်ဟု ယမန်နေ့ မြန်မာ့အလင်းသတင်းစာ၌ သတင်းထုတ်ပြန်သည်။     ။

 

Sport
Sport
Sport
Sport
job
job
job
News Photo
job
sayartinmoe
nejbook
News Photo