ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

မတိုးမဆုတ်ဖြစ်နေသည့် မြန်မာနိုင်ငံအခြေအနေကို 
ကူညီရန် အီးယူတောင်းဆို
NEJ/ ၃၀ ဇန်န၀ါရီ ၂၀၀၈
line

 
မစ္စတာ ပီယာရိုဖက်စီနို (၀ဲ) နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး နစ်တယာ ဖိဘွန်ဆွန်ဂရမ် (ယာ)

လာမည့်ဇူလိုင်တွင် အာဆီယံအဖွဲ့ကြီး၏ ဥက္ကဋ္ဌဖြစ်လာမည့် ထိုင်းအစိုးရသစ်အား ဥရောပသမဂ္ဂ (အီးယူ) က အိမ်နီးချင်း မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ ဒီမို ကရေစီရေးနှင့် ငြိမ်းချမ်းရေးရရှိရန် အတွက် နိုင်ငံတကာအသိုင်းအ၀န်းနှင့် အတူ  ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းလိုက်သည်။

 “အီးယူအနေနဲ့ မြန်မာနိုင်ငံမှာ အကောင်းဘက်ကိုဦးတည်တဲ့ အဖြေ
တွေရှာဖို့အတွက် ထိုင်းအစိုးရနဲ့
ပူးပေါင်းဆောင်ရွက်ချင်ပါတယ်” ဟု

 

အီးယူဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ပီယာရိုဖက်စီနိုက ပြောကြောင်း
The Nation သတင်းတွင် ဖော်ပြသည်။  

ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မစ္စတာဖက်စီနိုက  ထိုင်းနိုင်ငံခြားရေးဝန်ကြီး နစ်တယာ ဖိဘွန်ဆွန် ဂရမ်နှင့် ယမန်နေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောခြင်းဖြစ်သည်။

မစ္စတာဖက်စီနိုက အီးယူဥရောပသမဂ္ဂအနေဖြင့် ဒေသတွင်းအာရှနိုင်ငံများနှင့် တူညီသည့် ဆောင်
ရွက်ချက်များ၊ တူညီသည့်မဟာဗျူဟာများကို ပူးပေါင်းလိုကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

အာဆီယံအဖွဲ့၏ဥက္ကဋ္ဌဖြစ်လာမည့် ထိုင်းနိုင်ငံသည် ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးကိစ္စများကို မြန်မာစစ်အစိုးရ လိုက်နာဆောင်ရွက်လာစေရန်အတွက် မြန်မာနိုင်ငံအား တွန်းအားပေးနိုင်သည့် အဓိက အခန်းကဏ္ဍတွင်ရှိသည်။

အီးယူဥရောပသမဂ္ဂ၏ မဟာဗျူဟာသည် စစ်အစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အဖွဲ့ကိုယ်စားလှယ်များစသည့် အရေးပါသည့်နိုင်ငံရေးခေါင်းဆောင်များကြား တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာရေးအတွက် တိုးမြှင့်ကြိုးစားဆောင်ရွက်ရန်ဖြစ်ကြောင်း မစ္စတာဖက်စီနိုက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်ဗိုလ်ချုပ်ကိုယ်စားလှယ်တွေ တွေ့ဆုံတာဟာ သိပ်ကိုအရေး
ကြီးပါတယ်။ ဒါပေမယ့် ပိုပြီးလက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ပြောင်းလဲတိုးတက်မှုအသစ်တခု လိုအပ် ပါတယ်။  စစ်ခေါင်းဆောင်တွေရယ်၊ အတိုက်အခံတွေရယ်နဲ့ မြန်မာ့လူ့အဖွဲ့အစည်းအားလုံးတွေ
ကြားမှာ တကယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးရေးတရပ် လိုအပ်တယ်လို့ ကျနော်ထင်ပါတယ်” ဟု ပြောသည်။

ထို့ပြင် ၎င်းအနေဖြင့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီနှင့် မြန်မာနိုင်ငံအရေးကို လုပ်ဆောင်ရာတွင် ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း မစ္စတာဖက်စီနိုက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာတွင် အီးယူဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခံရသည့် အီတလီတရားရေးဝန်ကြီးဟောင်း ပီယာရိုဖက်စီနိုက မြန်မာစစ်အစိုးရကို ဖိအားပေးရေးအတွက် ထောက်ခံအားပေးမှုရရှိစေရန် အာရှဒေသသို့ခရီးလှည့်လည်လျက်ရှိရာ တရုတ်နိုင်ငံသို့လည်း သွားရောက်ခဲ့ပြီးဖြစ်သည်။

၎င်းအနေဖြင့် ဖေဖော်ဝါရီနှင့် မတ်လအတွင်း အင်ဒိုနီးရှား၊ အိန္ဒိယ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘော ဒီယားနှင့် ဂျပန်နိုင်ငံတို့သို့ သွားရောက်မည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်  ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံတကာနှင့် အာရှဒေသတွင်းမှ ထောက်ခံမှုများရရှိရန် ကြိုးစားနေသည့် ကုလသမဂ္ဂအထူးကိုယ်စားလှယ် အီဘရာဟင်ဂမ်ဘာရီသည်လည်း အိန္ဒိယနိုင်ငံသို့ ရောက်ရှိဆွေးနွေးနေသည်။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook