ဒီနေ့ဖတ်စရာ ခေတ်ပြိုင်မှာ- - - - - - - - မလေးရှိ နိုင်ငံခြားသား အလုပ်သမားများအား သက်တမ်း တိုးပေးတော့မည်မဟုတ် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အချို့ နိုင်ငံရေးပါတီသစ်ဖွဲ့ရန် စီစဉ်ပြီ ကျောင်းအချို့ကို အဆင့်မြှင့် အသွင်ပြောင်းမည့် သတင်း ထွက်ပေါ် ကြံ့ဖွံ့အသင်းဝင်စာရင်းနှင့် ပါတီကြေးကောက်တော့မည် အိမ်ထောင်စု စာရင်းများ ဒုတိယအကြိမ် ကောက်ခံ ကြံ့ဖွံ့မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့ ပါတီစည်းရုံးရေး တာဝန်ယူ သတင်းစာရှင်းပွဲအပြီး ရန်ကုန်တွင် လုံခြုံရေးတင်းကျပ် ကျော်တော့ လှေသူကြီးပါကွယ် … ညားတော့လည်း လှေထိုးသားနဲ့ရယ် (လေအိုးနဲ့ ရွှေဂျိုး ဆွေးနွေးခန်း) ရဲချုပ်ခင်ရီ၏ သတင်းစာရှင်းလင်းပွဲအပေါ် ပြည်ပအတိုက်အခံအဖွဲ့အစည်းတို့၏ တုံ့ပြန်မှုများ (တွေ့ဆုံမေးမြန်းခန်း)
 
quote


 
 

ငွေဆောင်ကမ်းခြေ လူအ၀င်နည်း
NEJ/ ၉ ဇန်န၀ါရီ ၂၀၀၈
line

  ngwesaung

ယခုအချိန်သည် ပွင့်လင်း ရာသီ ရောက်လာပြီဖြစ် သော်လည်း ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေကို လာရောက်လည်ပတ်သူ အလွန်နည်းနေကြောင်း သိရသည်။

ယမန်နှစ် နိုဝင်ဘာတွင် ငွေ ဆောင်ကမ်းခြေသို့ ခရီး သည် (၄,၀၀၀) ခန့် လာ ရောက်ခဲ့ပြီး ယခုနှစ် နိုဝင်

 

ဘာတွင် ခရီးသည် စုစုပေါင်း (၁,၀၀၀) ပင် မပြည့်ကြောင်း ဟိုတယ်မန်နေဂျာတဦးက ပြောသည်။

၎င်းက “ဒီအထဲမှာ နိုင်ငံခြားသားတွေရော၊ မြန်မာနိုင်ငံသားတွေပါ ပါတယ်။ ဟိုတယ် (၂၁) လုံး
ရှိပြီး မြန်မာနိုင်ငံမှာ အကောင်းဆုံးကမ်းခြေလို့ ခေါ်နေတဲ့ ဒီငွေဆောင်ကို နိုင်ငံခြားသားရော၊ မြန်မာတွေရော ပေါင်းမှ တနေ့ကို လူ (၃၀) ကျော်လောက်ပဲ လာတယ်ဆိုတော့ စဉ်းစားသာ ကြည့်ပေတော့” ဟု ပြောသည်။

ခရီးသည်များ  အ၀င်နည်းနေသဖြင့် ၀န်ထမ်းစရိတ်အပါအ၀င် အထွေထွေကုန်ကျစရိတ်
များကြောင့် လုပ်ငန်းအရှုံးပေါ်နေသည်ဟုလည်း ၎င်းက ပြောသည်။

ငွေဆောင်ကမ်းခြေသည် သာယာလှပပြီး ဟိုတယ်များမှာ ကောင်းမွန်သော်လည်း တည်းခိုခနှုန်း ဈေးကြီးသဖြင့် မြန်မာနိုင်ငံသားများမှာ သွားရောက်သူနည်းပါးကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေမှ ဟိုတယ်တွင် အခန်းခ တရက်လျှင် ဒေါ်လာ (၇၀) ကျော်မှ (၃၀၀) အထိ ရှိကြောင်း၊ အခန်းခဈေးကြီးရခြင်းမှာ လျှပ်စစ်မီးမရခြင်း ရေ၀ယ်ယူရခြင်း စသည့် အခက်အခဲ များကြောင့်ဖြစ်ကြောင်း အဆိုပါမန်နေဂျာက ရှင်းပြသည်။

“လျှပ်စစ်မီးအတွက် ဒီဇယ်သုံးမီးစက်ကို (၂၄) နာရီ မောင်းရတဲ့အတွက် ကုန်ကျစရိတ် သိပ်ကြီး တယ်။ ရတဲ့အခန်းခရဲ့ (၃၀) ရာခိုင်နှုန်းလောက်ကို ဒီဇယ်ဖိုးမှာပဲ သုံးနေရတယ်။ ဒါကြောင့် တချို့ ဟိုတယ်တွေဆိုရင် ညဘက်မှ မီးစက်မောင်းပြီး မီးပေးရတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ရေပြဿနာမှာ အ၀ီစိတွင်း အနက် မည်မျှတူးတူး ရေချိုမရသည့်အတွက် ပွင့်လင်းရာသီ ရောက်သည်နှင့် ရေထွက်သည့်အတွင်းပိုင်းမှ တင်လာသည့် ရေကားများမှရေကို ၀ယ်ယူ အသုံး
ပြုရကြောင်း ၎င်းက ရှင်းပြသည်။

ရေ၊ မီး အခက်အခဲများကြောင့် ငွေဆောင်ဟိုတယ်ခများ ဈေးကြီးရသကဲ့သို့ နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည်များရော၊ ပြည်တွင်း အပန်းဖြေသူများပါ ငွေဆောင်ကမ်းခြေသို့ လာရောက်မှုနည်းပါး
သဖြင့် ဟိုတယ်လုပ်ငန်းအတွက် ရင်းနှီးလုပ်ကိုင်ထားသူများ အရှုံးပေါ်နေကြကြောင်း
သိရသည်။     ။

 

Sport
Sport
Sport
Sport
Sport
dawsu6notes
job
job
job
News Photo
sayartinmoe
nejbook